NUG အစိုးရကို ဖျက်သိမ်း ခဲ့တယ်ဆိုပြီး ဗွီဒီယိုတခု “ Khit Thit Media”အမည်နဲ့ ယူကျူ့ချန်နယ်က မျှဝေထားရာ ပျံ့နှံ့မှု အားကောင်းလျက်ရှိတယ်။ သတင်းတု တခုဖြစ်တာတွေ့ရတယ်။
ပျံ့နှံ့မှုအားကောင်းနေတဲ့ ဗွီဒီယိုပို့စ်က ရယူထားတဲ့ စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကို အောက်မှာကြည့်ပါ။ ဒီဗွီဒီယိုဟာ ၄ ရက်အတွင်း ကြည့်ရှု့မှုပေါင်း တသိန်းဝန်းကျင်ရရှိထားတယ်။
“NUG အစိုးရ ဖျက်သိမ်း
ကြားဖြတ်အစိုးရ အသစ်ကြေညာ
ခေါင်းဆောင်ကြီးတွေ စတင်ဦးဆောင်ပြီ
နောက်ဆုံးထိုးစစ်ကြီး အမိန့်လာပြီ”
အချက်အလက်စိစစ်ချက်
အခုလို ဗွီဒီယိုကိုဖော်ပြထားတဲ့ “Mandalay Khithit”အမည်နဲ့ ယူကျူ့ချန်နယ်ဟာ မီဒီယာတချို့မှာ ဖော်ပြခဲ့ပြီးတဲ့ အကြောင်းအရာတွေကို ခေါင်းစဉ်တုတပ်ဖြန့်ဝေမှုတာ၊ ဖေ့စ်ဘွတ်အသုံးပြုသူတွေရေးသားတဲ့ အတွေးအမြင် တွေကို သတင်းခေါင်းစဉ်တုတပ်ပြီး ဖြန့်ချိတဲ့ နေရာဖြစ်တာတွေ့နိုင်တယ်။ ဒီချန်နယ်နဲ့ ပတ်သက်တဲ့ အချက်အလက်စိစစ်ချက်တွေကို Fact Crescendo Myanmar ရဲ့ ဒီလင့်ခ်မှာ ကြည့်ပါ။
၉ မိနစ်ကျော်ရှည်လျားတဲ့ ဒီဗွီဒီယိုထဲမှာပါတဲ့အကြောင်းအရာဟာ တကယ်တော့ ဒေါက်တာတေဇာဆန်း “မဖြစ်မနေ ပြင်ဆင်ပြောင်းလဲဖို့ လိုအပ်နေပြီဖြစ်တဲ့ NUG အစိုးရ”စတဲ့ အတွေးအမြင်ကို ပြန်လည် မျှဝေထားတယ်။ အောက်ကတော့ ဒေါက်တာတေဇာဆန်းရေးသားတဲ့ အတွေးအမြင်ပို့စ်ရဲ အစိတ်အပိုင်းကို စခရင်ရှော့ဓာတ်ပုံအဖြစ်ဖော်ပြထားခြင်းဖြစ်တယ်။ အပြည့်အစုံကို ဒီလင့်ခ်မှာ ကြည့်ပါ။
သုံးသပ်ချက်
ဒေါက်တာတေဇာဆန်းရေးသားတဲ့ NUG အစိုးရ အပြောင်းအလဲလုပ်ဖို့ လိုပြီဆိုတဲ့ အတွေးအမြင်ကို ခေါင်းစဉ်တုတပ် မျှဝေထားခြင်းဖြစ်တယ်။ “Mandalay Khithit” ယူကျူ့ချန်နယ်ဟာ မီဒီယာတချို့မှာဖော်ပြခဲ့တဲ့ သတင်းတွေကို ပြန်လည်ကူးယူဖော်ပြပြီး အခုလိုပဲ သတင်းခေါင်းစဉ်တုတပ် ဖြန့်ချိတဲ့လေ့လည်းရှိပါတယ်။
ပြောဆိုချက်- NUG ကိုဖျက်သိမ်းပြီး ကြားဖြတ်အစိုးရဖွဲ့အသစ်ဖွဲ့

Title:Fact Check: NUG ကိုဖျက်သိမ်းပြီး ကြားဖြတ်အစိုးရဖွဲ့အသစ်ဖွဲ့တဲ့ သတင်းတု
Fact Check By: နေရာမောင်Result: False