Fact Check: PDF တွေ အမြန်လမ်းကို သိမ်းပိုက်လိုက်ပြီဆိုတဲ့ သတင်းတု

False နိုင်ငံရေး | Politics

ရန်ကုန်-မန္တလေး အမြန်လမ်းကို PDF သိမ်းလိုက်ပြီလို့ဆိုထားတဲ့ ဗွီဒီယို ယူကျူ့ချန်နယ် တခုက ဖြန့်ဝေထားရာ ပျံ့နှံ့မှု အားကောင်းနေတာတွေ့ ရပါတယ်။ သတင်းတုဖြန့်ချိနေခြင်း သာဖြစ်တယ်။

အောက်ပါစခရင်ရှော့ကတော့ ဒီလိုပြောဆိုဖြန့်ဝေထားပြီး ပျံ့နှံ့မှုအားကောင်းနေတဲ့ ယူကျူ့ဗွီဒီယိုက ရယူထား ခြင်းဖြစ်တယ်။ စာသားကောက်နုတ်ချက်ကိုလည်း ကြည့်ပါ။

“ရန်ကုန် ၊ မန္တလေး အမြန်လမ်းကို

PDF သိမ်းလိုက်ပြီ

စစ်သားတွေ အကုန်ထွက်ပြေးပြီ”

မူရင်းလင်ခ့် – Youtube link | Archive link

အချက်အလက်စိစစ်ချက်

ဗွီဒီယိုကို ဖြန့်ဝေထားတဲ့ “AK CHANNEL NEW”အမည်နဲ့ ယူကျူ့ချန်နယ်ဟာ သတင်းမီဒီယာတချို့က သတင်းတွေကို ကူးယူပြီး သတင်းခေါင်းစဉ်တုတပ်ဖြန့်ချိတာလုပ်ပါတယ်။ 

အခုလည်း တကယ်တမ်း ဗွီဒီယိုထဲမှာပါတဲ့ အကြောင်းအရာဟာ မြန်မာနောင်းသတင်းဌာနက ဖော်ပြခဲ့တဲ့ “ရန်ကုန်-မန္တလေးလမ်းဟောင်းပေါ်ရှိ စစ်ကောင်စီ  လုံခြုံရေးဂိတ် စခန်းများ တိုက်ခိုက်ခံရ”၊ “နေပြည်တော်ရှိ ဘုန်းကြီးကျောင်းများကို ခံကတုတ်အဖြစ် စစ်တပ်အသုံးချလာ”၊ “လိုင်ဇာအပါအဝင် KIA ထိန်းချုပ်နယ်မြေများကို စစ်တပ်က ဒရုန်း၊ လေယာဉ်များဖြင့်တိုက်ခိုက်”စတဲ့သတင်းတွေကို ပြန်လည်ဖော်ပြ နေခြင်းဖြစ်တယ်။ 

သုံးသပ်ချက်

“AK CHANNEL NEW”အမည်နဲ့ ယူကျူ့ချန်နယ်ဟာ သတင်းခေါင်းစဉ်တုတပ်ဖြန့်ချိတာတွေ လုပ်ပါတယ်။ အခုလည်း မြန်မာနောင်းသတင်းဌာနက ဖော်ပြခဲ့တဲ့ ဖေဖော်ဝါရီ ၂၇ ရက်က ရန်ကုန်-မန္တလေးလမ်းဟောင်းပေါ်ရှိ စစ်ကောင်စီ  လုံခြုံရေးဂိတ် စခန်းများ တိုက်ခိုက်ခံရတဲ့သတင်းကို ပြန်လည်‌ဖော်ပြပြီး ရန်ကုန်-မန္တလေး အမြန်လမ်းကို PDF တွေ သိမ်းပိုက်လိုက်ပြီလို့ ချဲ့ကားရေးသားထားခြင်းဖြစ်တယ်။

ပြောဆိုချက်- PDF တွေ ရန်ကုန်-မန္တလေး အမြန်လမ်းကို သိမ်းပိုက်လိုက်ပြီ

Avatar

Title:Fact Check: PDF တွေ အမြန်လမ်းကို သိမ်းပိုက်လိုက်ပြီဆိုတဲ့ သတင်းတု

Fact Check By: နေရာမောင် 

Result: False


Leave a Reply

Your email address will not be published. Required fields are marked *