Fact Check: ငလျင်ကြောင့် ပြိုကျပျက်စီးသွားတဲ့ အဆောက်အဦးအောက်မှာ ပိတ်မိနေတဲ့ ကလေးငယ်လား-မဟုတ်ပါ

Misleading လူမှုရေး

ရစ်ချ်တာစကေး ၇.၇ စစ်ကိုင်းငလျင်လှုပ်အပြီး ကလေးငယ်တဦး ပြိုကျပျက်စီးသွားတဲ့ အဆောက်အဦးတခု အောက်မှာ ပိမိနေတဲ့ ကလေးငယ်လေးအဖြစ် ဓာတ်ပုံတပုံ လူမှုကွန်ယက်အသုံးပြုသူတွေအကြားမှာ ပျံ့နှံ့မှုအားကောင်းနေတာ တွေ့ရပါတယ်။  နားလည်မှုလွဲစေနိုင်တဲ့ ပြောဆိုရေးသားချက်ဖြစ်ပြီး ဓာတ်ပုံဟာ ငလျင်နဲ့ သက်ဆိုင်ခြင်းမရှိပါဘူး။

 မတ် ၂၈ ရက်မှာ မြန်မာနိုင်ငံလှုပ်ခတ်ခဲ့တဲ့စစ်ကိုင်းငလျင်ကြောင့် စစ်ကိုင်း၊ မန္တလေး၊ နေပြည်တော်အပါအဝင် မြို့အတော်များများ ထိခိုက်ပျက်စီးခဲ့ပြီး လူထောင်ပေါင်းများစွာ သေဆုံးမှုရှိခဲ့ပါတယ်။ 

ပျံ့နှံ့နေတဲ့ ဓာတ်ပုံနဲ့ ပို့စ်စာသားကောက်နုတ်ချက်ကို အောက်မှာကြည့်ပါ။ တူညီတဲ့ မျှဝေမှုတွေကို ဒီနေရာဒီနေရာနဲ့ ဒီနေရာမှာလည်းတွေ့ရပါတယ်။

“အသက်လုနေတဲ့ ကလေးလေး မိဘတွေတော့ ရင်ကွဲပါပြီ အားတင်ထားကလေး💔😢 ဘေးကင်းစွာ ထုတ်နိုင်ကြပါစေ 🙏🏻 #myanmar #myanmarearthquake #ငလျင် #မြန်မာ #crdphoto”

မူရင်းလင်ခ့် – Original link | Archive link

အချက်အလက်စိစစ်ချက်

ဓာတ်ပုံကို Google မှာပုံရှာနည်းအသုံးပြုပြီး ဓာတ်ပုံ ပျံ့နှံ့ခဲ့ပုံကို ရှာဖွေကြည့်ရာမှာ ၂၀၂၄ ခုနှစ် အောက်တိုဘာလ အတွင်းမှာ တစ်တော့အသုံးပြုသူတဦးက  ကလေးငယ် အုတ်နံရံ အပေါက်ကနေ ချောင်းမြောင်းကြည့်ပြီး ဆော့ကစားနေတာကို ရိုက်ကူးထားတဲ့ ဗွီဒီယိုက ဓာတ်ပုံဖြစ်တာတွေ့ရပါတယ်။  တကယ်တမ်းမှာ ဓာတ်ပုံဟာ စစ်ကိုင်းငလျင်မတိုင်ခင်ကတည်းက အွန်လိုင်းမှာ ပျံ့နှံ့ခဲ့ပြီးဖြစ်တယ်။

၂၀၂၄ ခုနှစ် အောက်တိုဘာ ၂၆ ရက်က “abuhudhaifaabsi2 “အမည်နဲ့ တစ်တော့ အသုံးပြု မူလဖော်ပြထားတဲ့ ဗွီဒီယိုကို ဒီလင့်ခ်မှာ ကြည့်ပါ။ 

အောက်မှာကတော့ မြန်မာဖေ့စ်ဘွတ်အသုံးပြုသူတွေအကြားပျံ့နှံ့ခဲ့တဲ့ ဗွီဒီယိုအစိတ်အပိုင်းက မြင်ကွင်းကို မူလဗွီဒီယိုကနေ ရယူဖော်ပြထားခြင်းဖြစ်တယ်။

C:\Users\User\Downloads\Screenshot 2025-04-03 122507.jpg

ဒီတစ်တော့အသုံးပြုသူကပဲ ၂၀၂၄ ခုနှစ် အောက်တိုဘာ ၂၇ ရက်မှာတော့ ဒီလိုပဲ အလားတူ ကစားနေတဲ့ ကလေးမျက်နှာနဲ့ ဒီအုတ်နံရံအပေါက်နဲ့ ကစားနေတဲ့ ကလေးငယ်ရဲ့ ဗွီဒီယိုကို ထပ်တင်ခဲ့ပါသေးတယ်။ ဒီတကြိမ်မှာတော့ ကလေးငယ်ဟာ အုတ်နံရံအပေါက်ကတခုကနေ ချောင်းမြောင်းကြည့်ပြီး ဆော့ကစားနေတယ်ဆိုတာ ကို ပြန်လည်ရှင်းလင်း ထားပါတယ်။ အောက်ပါကတော့ မူလဆီရီးယား ဘာသာစကားနဲ့ ရေးသားဖော်ပြချက်ကို Google Translate အသုံးပြုပြီး မြန်မာဘာသာကို ပြန်ဆိုထားခြင်းဖြစ်တယ်။

“ဘုရားသခင်ကို ကျေးဇူးတင်ပါတယ်၊ မိန်းကလေးအတွက် ဘာမှ မဖြစ်ပါဘူး။ သူမဟာ အိမ်ထဲ ရေဆင်းပေါက်မှာ ဆော့ကစားနေတာပါ။ သူမဟာ ဂါဇာကမဟုတ်ပါ။ ဆီးရီးယားကပါ။ ကျေးဇူးပြုပြီး အပျက်အစီးများအောက်က သူမအဖြစ် ဗွီဒီယိုကို မဖြန့်သင့်ပါ။ သူမ ဘာမှမဖြစ်ပါဘူး။ ဘုရားသခင်ကို ကျေးဇူးတင်ပါတယ်။”

သုံးသပ်ချက်

မြန်မာနိုင်ငံမှာ ငလျင်လှုပ်အပြီး အပျက်အစီးတွေကြားမှာ ပိတ်မိနေတဲ့ ကလေးငယ်တဦးအဖြစ် ပြောဆိုမျှဝေချက်ဟာ မှားယွင်းပါတယ်။ ၂၀၂၄ ခုနှစ် အောက်တိုဘာလထဲမှာ တစ်တော့အသုံးပြုသူတဦးက ‌မျှဝေထားတဲ့ ဆီရီးယားက ကလေးငယ်တဦး အုတ်နံရံပေါက်က ချောင်းမြောင်းကြည့်ရှု့ပြီး ဆော့ကစားနေတဲ့ ပုံသာဖြစ်တယ်။ 

ပြောဆိုချက်- မြန်မာနိုင်ငံမှာ ငလျင်လှုပ်အပြီး အပျက်အစီးတွေကြားမှာ ပိတ်မိနေတဲ့ ကလေးငယ်တဦးဓာတ်ပုံ

Avatar

Title:Fact Check: ငလျင်ကြောင့် ပြိုကျပျက်စီးသွားတဲ့ အဆောက်အဦးအောက်မှာ ပိတ်မိနေတဲ့ ကလေးငယ်လား-မဟုတ်ပါ

Fact Check By: နေရာမောင် 

Result: Misleading


Leave a Reply

Your email address will not be published. Required fields are marked *