Fact Check: ကနီမြို့နယ် စဖိုကြီးရွာမီးလောင်မှုဓာတ်ပုံတွေလား-မဟုတ်ပါ

Misleading လူမှုရေး

စစ်တပ်က ကနီ စဖိုကြီးရွာကို မီးရှို့မှုအဖြစ် အိမ်တွေမီးလောင်နေတဲ့ ဓာတ်ပုံ၊ အထုပ်အပိုးနဲ့ လူတွေပါဝင်တဲ့ ဓာတ်ပုံ ၄ ပုံကို ဖေ့စ်ဘွတ် အသုံးပြုသူအများအပြားက မျှဝေလျက်ရှိပါတယ်။ သို့သော်လည် ဒီဓာတ်ပုံတွေဟာ ၂၀၁၇ ခုနှစ်ကတည်း အင်တာနက်မှာပျံ့နှံ့လျက်ရှိပြီး ရိုဟင်ဂျာရွာတွေ မီးရှိုးခံရမှုထိုအချိန်က မီဒီယာတွေမှာ ဖော်ပြထား တာတွေ့ရပါတယ်။

“ကနီ ကို

သူတို့လောင်တိုက်သွင်းပြီ

ဒီလောက်ရက်စက်ယုတ်မာနေတာ

ခင်ဗျားတို့

speakoutလုပ်ပေးဖို့ ပြောနေရတုန်းလားဗျာ

ကိုယ်ချင်းစာ နာတက်ခဲ့့ပီလေ ဆိုတာ

စိုးလွင်လွင်သီချင်းဘဲဆိုလိုကောင်းတာနော်

တနေ့ခင်ဗျားတိုအိမ်တွေ့ရွာတွေ ရပ်ကွက်တွေ 

မြို့တွေ  အလှည့်ရောက်လာလိမ့်မယ်။

ကျေးဇူးပြု့ပြီး

ကနီဘေးကင်းဖို့ဆု့တောင်းပေးကြရအောင်။

#waitharlill

18.08.2021 ညက  ကနီမြို့နယ် စဖိုကြီးကျေးရွာတွင်

စစ်ကောင်စီတပ်များဝင်ရောက်လုယက်ကာ ရွာမီးရှို့သွားပါတယ်❗

ဖုန်းနဲ့ပိုက်ဆံတွေလည်း လုယူသွား

ဗိုက်ကြီးသည်တယောက်ခြေထောက် သေနတ်ထိမှန်

18.08.2021

Aung Bo Htet

#crd

🥲🥲🥲”လို့ရေးသားပြီး “Sarah ManPi”အမည်နဲ့ ဖေ့စ်ဘွတ် အသုံးပြု သူက အဆိုပါဓာတ်ပုံတွေနဲ့အတူ မျှဝေထားရာမှာ ဒီပို့စ်ကို ပြန်လည်မျှဝေတဲ့ အကြိမ်ပေါင်း ၂ သောင်း ၃ ထောင်ရှိပါတယ်။ အလားတူ ရေးသားမျှဝေထားပြီး ပျံ့နှံ့မှုအားကောင်းခဲ့တဲ့ပို့စ်တွေကို ဒီနေရာဒီနေရာဒီနေရာနဲ့ ဒီနေရာမှာလည်း တွေ့ရပါ တယ်။

မူရင်းလင်ခ့် – Fb linkArchive link

ထို့အပြင် “မုန် တိုင်း” အမည်နဲ့ ဖေ့စ်ဘွတ်အသုံးပြုသူကလည်း “ဒီပုံကိုသေချာကြည့်…သူတို့အသိုက်မြုံ.. မိဘညီအစ်ကိုမောင်ဘွားတွေကိုပြန်ပြီးရွေးလုပ်ကြရမယ်မဟုတ်လားတုန့်ပြန်ကြရမယ်မဟုတ်လား?

ကနီကရွာတစ်ရွာလုံး လုယူခိုးဆိုးနှိုက်ပြီးမီးရှို့အောင်ပွဲခံနေကြပုံပါဗျာ။😭😭😭

စဖိုကြီးကျေးရွာ။

၁၈.၉.၂၀၂၁ 

#copyphoto”လို့ ရေးသားပြီး အဝေးမှာမီးလောင်နေတဲ့မြင်ကွင်းနောက်ခံနဲ့ ရဲတွေ သေနတ်ကိုင်ထားတဲ့ ဓာတ်ပုံကို မျှဝေထားပါတယ်။

မူရင်းလင်ခ့် – Fb linkArchive link

အချက်အလက်စိစစ်ချက်

စဖိုကြီးရွာမှာ ပြီးခဲ့တဲ့လတွေအတွင်းမှာ စစ်တပ်က ထိုးစစ်ဆင်ပြီး ဝင်ရောက်မွှေနှောက်နေတာကြောင့် ရပ်ရွာလူထုပိုင်ပစ္စည်းတွေ ဖျက်ဆီးခံရမှုနဲ့ မီးလောင်မှုတွေဖြစ်ပေါ်ခဲ့ပြီး ရပ်ရွာလူထု ထွက်ပြေးတိမ်းရှောင်ရတဲ့  အကြောင်း Fact Crescendo အနေနဲ့ သတိပြုမိပါတယ်။ စဖိုကြီးရွာမှာ ယခုလအတွင်း ထပ်မံပြီး စစ်တပ်က ဝင်ရောက်မွှေနှောက်မှုရှိမရှိကို Fact Crescendo အနေနဲ့သီးခြားအတည်ပြုနိုင်ခြင်းမရှိပါဘူး။

သို့သော်လည်း ပျံ့နှံ့မှုအားကောင်းလျှက်ရှိတဲ့ပို့စ်ပါဓာတ်ပုံတွေကို Google မှာဓာတ်ပုံပျံ့နှံ့ခဲ့မှုမှတ်တမ်းတွေကို ပြန်လည်ရှာဖွေရာမှာ ဒီဓာတ်ပုံဟာ ရခိုင်ပြည်နယ်ဖြစ်စဉ်အတွင်းက ဓာတ်ပုံတွေဖြစ်တာတွေ့ရပါတယ်။

ပထမဓာတ်ပုံ

အိမ်တွေမီးလောင်နေတဲ့ ဓာတ်ပုံကို ၂၀၁၇ ခုနှစ် စက်တင်ဘာလထဲမှာ မီဒီယာအများအပြားက အသုံးပြုထား တာတွေ့ရပါတယ်။ “ရိုဟင်ဂျာရွာတွေကို မီးရှို့ခံရတဲ့ ဂြိုလ်တု ဓာတ်ပုံများ”လို့ရေးသားထားတဲ့ သတင်းတစ်ပုဒ်မှာ ဒီဓာတ်ပုံကို အသုံးပြုထားတာအောက်ပါအတိုင်းတွေ့ရပါတယ်။

မူရင်းလင်ခ့် – The Independent BDArchive link

စဖိုကြီးမီးလောင်မှုအဖြစ်ဖော်ပြထားတဲ့ဖေ့စ်ဘွတ်ပို့စ်ပါပုံနဲ့ ၂၀၁၇ ခုနှစ်ကဓာတ်ပုံကို အောက်ပါအတိုင်း ယှဉ်ကြည့်နိုင်ပါတယ်။

ဒုတိယဓာတ်ပုံ

မီးလောင်ပြီး ကြွင်းကျန်ရစ်တဲ့ တိုင်တွေပုံကိုတော့ ကနီက စဖိုကြီးရွာမီးရှို့ခံရမှုဆိုပြီးတော့ မီဒီယာတွေမှာ ပြီးခဲ့တဲ့ ဇူလိုင်လကုန်ပိုင်းမှာ ပျံ့နှံ့ခဲ့ဖူးတာတွေ့ရပါတယ်။

မူရင်းလင်ခ့် – DmyayArchive link

လက်ရှိစဖိုကြီးမီးလောင်မှုပုံအဖြစ်ဖော်ပြနေတဲ့ပုံနဲ့ ပြီးခဲ့တဲ့ ၂ လကဓာတ်ပုံကို အောက်ပါအတိုင်း ယှဉ်ကြည့်နိုင်ပါ တယ်။

တတိယဓာတ်ပုံ

အဝေးမှာ အိမ်တွေမီးလောင်နေတဲ့မြင်ကွင်းနောက်ခံနဲ့ ရဲတွေ သေနတ်ကိုင်ရပ်ကြည့်နေတဲ့ ဓာတ်ပုံကို ၂၀၁၇ ခုနှစ် စက်တင်ဘာ ၁၄ ရက်က Hispanatolia သတင်းဌာနကအသုံးပြုထားတာတွေ့ရပါတယ်။ 

မူရင်းလင်ခ့် – HispanatoliaArchive link

စဖိုကြီးမီးလောင်မှုကရဲအဖွဲ့နဲ့ Hispanatolia သတင်းဌာနဓာတ်ပုံကို အောက်ပါအတိုင်းယှဉ်ကြည့်နိုင် ပါတယ်။

စတုတ္ထဓာတ်ပုံ

လူအများထွက်ပြေးတိမ်းရှောင်နေရတဲ့ ဓာတ်ပုံဟာ ၂၀၁၈ ခုနှစ် ဩဂုတ် ၁၅ ရက်မှာ ရေးသားတဲ့ “ မြန်မာနိုင်ငံ အမုန်းစကား စစ်ပွဲမှာ ဖေ့စ်ဘွတ်ဘာကြောင့် ရှုံးရသလဲ”ဆိုတဲ့ခေါင်းစဉ်နဲ့ ရိုက်တာသတင်းတစ်ပုဒ်မှာ ဒီဓာတ်ပုံကို အသုံးပြုထားပြီး ဓာတ်ပုံစာသားအဖြစ် “ထွက်ပြေးတိမ်းရှောင်ရမှု။ ပြီးခဲ့တဲ့နှစ်က စစ်တပ်ရဲ့ ဖြိုခွင်ခြင်းခံရတဲ့ မြန်မာနိုင်ငံ အနောက်ပိုင်းက ရိုဟင်ဂျာတွေဟာ ဘင်္ဂလားဒေ့ရှ်ဘက်ခြမ်းက အခု ဒီနေရာမှာ ရောက်ရှိလာတာကို အောက်တိုဘာလအတွင်းမြင်တွေ့ရပုံ။ Reuters/Jorge Silva”လို့ရေးသားထားပါတယ်။

မူရင်းလင်ခ့် – ReutersArchive link

စဖိုကြီးရွာကမြင်ကွင်းပုံနဲ့ ၂၀၁၇ ခုနှစ်အတွင်းက ရိုဟင်ဂျာတွေထွက်ပြေးရပုံကို အောက်ပါအတိုင်း ယှဉ်ကြည့် နိုင်ပါတယ်။

သုံးသပ်ချက်

အထက်ပါအချက်အလက်တွေအရ  ကနီမြို့နယ် စဖိုကြီးကျေးရွာမှာ စစ်တပ်က မီးရှို့မှုအဖြစ်ဖော်ပြနေတဲ့ ဓာတ်ပုံအချို့ဟာ ၂၀၁၇ ခုနှစ်အတွင်းက ပျံ့နှံ့ခဲ့ပြီးဖြစ်တဲ့ ဓာတ်ပုံတွေဖြစ်တာတွေ့ရပါတယ်။

Avatar

Title:ကနီမြို့နယ် စဖိုကြီးရွာမီးလောင်မှုဓာတ်ပုံတွေလား-မဟုတ်ပါ

Fact Check By: Nayar Maung 

Result: Misleading


Leave a Reply

Your email address will not be published. Required fields are marked *