သမိုင်းကြောင်းတဲ့ပါတီကို ရွေးချယ်ဖို့ ကာ/ချုပ်ပြောခဲ့သလား- မဟုတ်ပါ

False နိုင်ငံရေး | Politics

လာမဲ့ရွေးကောက်ပွဲမှာ သမိုင်းကြောင်းကောင်းတဲ့ပါတီကို ရွေးချယ်ဖို့ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကပြောကြားခဲ့ပြီး အဲ့ဒီပြောကြားချက်အပေါ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိးရေးပါတီက သဘောမတွေ့ဖြစ်နေတယ်ဆိုတဲ့ ပို့စ်တစ်ခုဟာ လူမှုကွန်ယက်အသုံးပြုသူတွေကြား ပြန့်နံ့လျက်ရှိပါတယ်။

Red Zawဆိုတဲ့ ဖေ့စ်ဘွတ်အကောက်ကနေ “ကာချုပ်၏သမိုင်းကြောင်းကောင်းတဲ့ပါတီကို ရွှေးချယ်ရန် ပြောကြားချက်အပေါ် ပြည်ခိုင်ဖြိုးပြောရေးဆိုခွင့်ရပုဂ္ဂိုလ်များ သဘောမတွေ့ဖြစ်နေ”ဆိုတဲ့ ခေါင်းစဥ်နဲ့ ဒီပြောြကားချက်အပေါ် ကြံ့ခိုင်ရေးပါတီပြောရေးဆိုခွင့်ရှိသူဒေါက်တာနန္ဒာလှမြင့်က ပြန်လည်တုံ့ပြန်ထားတဲ့ပုံစံ ရေးသားထားကို အောက်ပါအတိုင်း တွေ့ရမှာဖြစ်ပါတယ်။

FB LinkArchive Link

အချက်အလက်စိစစ်ချက်

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ရဲ့ မိန့်ခွန်းတွေကို ပြန်ကြည့်မယ်ဆိုရင် ရွေးကောက်ပွဲမှာ ဘယ်လိုလူကို မဲပေးသင့် တယ်ဆိုတဲ့ မိန့်ခွန်းမျိုးကို ချင်းပြည်နယ်၊ နာဂဒေသက ဆေးရုံဆေးခန်းတွေမှာ တာဝန်ထမ်းဆောင်ပြီးပြန်လာတဲ့ တပ်မတော်သားဆရာဝန်တွေကို ဂုဏ်ပြုကျင်းပတဲ့အခမ်းအနားတစ်ခုမှာသာ ပြောကြားခဲ့တာ တွေ့ရပါ တယ်။အဲဒီအခမ်းအနားမှာလည်း အထက်ပါအတိုင်းပြောဆိုခဲ့တာမတွေ့ရပဲ တိုင်းပြည်အတွက်ကောင်းရာ ကောင်းကျိုးကို လုပ်နိုင်မဲ့ ကိုယ်စားလှယ်တွေကို ရွေးချယ်ရမယ်…”စသဖြင့်သာ ပြောကြားခဲ့ တာတွေ့ရ ပါတယ်။အောက်ပါလင့်မှာ ကြည့်ရှူနိုင်ပါတယ်။

https://www.facebook.com/TatmadawInformationTeam/videos/741335586599914/

ကြံ့ခိုင်ရေးပါတီပြောရေးဆိုရှိသူ ဒေါက်တာနန္ဒာလှမြင့်နဲ့ ဦးသိန်းထွန်းဦးတို့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာလည်း အထက်ပါကိစ္စရပ်ဟာ သတင်းအမှာသာဖြစ်ကြောင်းပို့စ်တင်ထားတာတွေ့ရပါတယ်။

FB LinkArchive Link

သုံးသပ်ချက်

အထက်ပါ အချက်အလက်တွေအရ သမိုင်းကြောင်းကောင်းတဲ့ ပါတီကိုရွေးချယ်ဖို့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ပြောတယ်ဆိုတာမဟုတ်ပဲ သတင်းအမှားသာဖြစ်ကြောင်းတွေ့ရပါတယ်။

Avatar

Title:သမိုင်းကြောင်းတဲ့ပါတီကို ရွေးချယ်ဖို့ ကာ/ချုပ်ပြောခဲ့သလား- မဟုတ်ပါ

Fact Check By: Lynn Yu 

Result: False


Leave a Reply

Your email address will not be published. Required fields are marked *