
ဗီးနပ်စ်ဂြိုဟ်က မြင်ရတဲ့ ကောင်းကင်ဘုံ ဓာတ်ပုံလို့ ဆိုတဲ့ ပို့စ်တွေ ဖေ့စ်ဘွတ် အသုံးပြုသူတွေအကြား ပျံ့နှံ့မှုအားကောင်းလျှက်ရှိပါတယ်။ နှင်းခဲတွေ လွှမ်းနေပြီး ရွှေရောင်အဆင်းဝင်းပြီး တောက်ပဲ အဆောက်အဦးကြီးတွေ တည်ရှိနေဟန်နဲ့ ကောင်းကင်ဘုံလို့ဆိုထားတဲ့ ဒီဓာတ်ပုံဟာ ဇန်နဝါရီ လလယ်ပိုင်းလောင်က စပြီး မြန်မာဘာသာအသုံးပြုသူတွေအကြားမှာ စတင်ပျံ့နှံ့ခဲ့ပြီး လက်ရှိအချိန်အထိလည်း ပျံ့နှံ့မှုအားကောင်းနေပါတယ်။
အောက်ပါစာသားတွေကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ဓာတ်ပုံနဲ့ ဖေ့စ်ဘွတ်ပို့စ်ပါစာသားကောက်နုတ်ချက်ဖြစ် တယ်။ တူညီတဲ့ရေးသားမျှဝေမှုကို ဒီနေရာ၊ ဒီနေရာနဲ့ ဒီနေရာတွေမှာလည်း တွေ့ရပါတယ်။
“ဗီးနပ်စ်ကနေ မြင်ရတဲ့ ကောင်းကင်ဘုံရဲ့ ပထမဆုံး ဓာတ်ပုံ။
First picture of heaven seen from venus”
မူရင်းလင်ခ့် – Fb link | Archive link
အချက်အလက်စိစစ်ချက်
တကယ်တော့ ဓာတ်ပုံဟာ AnglsAI အမည်နဲ့ X လူမှုကွန်ယက်အသုံးပြုသူက ဉာဏ်ရည်တုနည်းပညာနဲ့ ထုတ်လုပ်ဖန်တီးဖြန့်ဝေခဲ့တဲ့ ဓာတ်ပုံတပုံဖြစ်တာတွေ့ရပါတယ်။ သူ့ကိုယ်သူ အကြောင်းအရာတွေကို မြင်ကွင်းသရုပ်ဖော်အနုပညာရှင်အဖြစ်ဖော်ပြပြီး Invention Jungle မှာ AI အနုပညာရှင်လို့လည်း ရေးသားထားပါတယ်။
“ကြယ်တံခွန်များနှင့် နက္ခတ်တာရာများကြားတွင် အဖြူရောင်မြို့သည် လင်းလက်နေသည်။”လို့ မူလဓာတ်ပုံမှာ ရေးသားထားပြီး ၂၀၂၄ ခုနှစ် ဒီဇင်ဘာ ၁၉ ရက်မှာ စတင်ဖော်ပြထားတဲ့ မူလဓာတ်ပုံကို အောက်မှာကြည့်ပါ။
သူကောင့်မှာ ဒီဓာတ်ပုံနဲ့ အလားသဏ္ဏာန်တူတဲ့ ဓာတ်ပုံတွေကို ဆက်တိုက်မျှဝေထားတာတွေ့နိုင်ပါတယ်။ အားလုံးကို ကောင်းကင်ဘုံဆိုတဲ့ အသုံးနှုန်း သုံးစွဲဖော်ပြခဲ့ခြင်းမရှိပါဘူး။
သုံးသပ်ချက်
AI နည်းပညာအသုံးပြုပြီး ဖန်တီးထုတ်လုပ်ထားတဲ့ ဓာတ်ပုံတပုံသာဖြစ်တယ်။ ဒီဓာတ်ပုံဟာ ဗီးနပ်စ်ဂြိုဟ်ကနေ လှမ်းမြင်ရတဲ့ ကောင်းကင်ဘုံအဖြစ် မူလဖန်တီးသူ အနုပညာရှင် ဖော်ပြထားတဲ့ အထောက်အထားလည်း မရှိပါဘူး။
ပြောဆိုချက်- ဗီးနပ်စ်ဂြိုဟ်က မြင်ရတဲ့ ကောင်းကင်ဘုံ ဓာတ်ပုံ

Title:Fact Check: ဗီးနပ်စ်ဂြိုဟ်က မြင်ရတဲ့ ကောင်းကင်ဘုံ ဓာတ်ပုံလား – မဟုတ်ပါ
Fact Check By: နေရာမောင်Result: Missing Context