Fact Check: ဒေါ်အောင်ဆန်းစုကြည်နဲ့ ဒေါ်နယ်ထရမ့်တွေ့ဆုံမည်ဆိုတဲ့ သတင်းတု

Misleading နိုင်ငံရေး | Politics

ဒေါ်အောင်ဆန်းစုကြည်နဲ့ ဒေါ်နယ်ထရမ့်တွေ့ဆုံမယ်ဆိုပြီး ဗွီဒီယိုတခု ယူကျူ့မှာ  ဖြန့်ဝေထားရာ ပျံ့နှံ့မှုအားကောင်းနေတာ တွေ့ရပါတယ်။ သတင်းတု ဖြန့်ချိမှုဖြစ်တယ်။

ပျံ့နှံ့မှုအားကောင်းနေတဲ့ ဗွီဒီယိုပို့စ်က ရယူထားတဲ့  စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကို အောက်မှာကြည့်ပါ။ 

 “ဒေါ်နယ်ထရမ့်နဲ့ အမေစု တွေ့ဆုံမည်

အာဆီယံ အစည်းအဝေး ဒေါ်စု တက်ရမည်၊ မင်းအောင်လှိုင်ကို 

ဖုန်းဆက်ပြီး ဒေါ်နယ်ထရမ့် ဖိအားပေး” 

Original link | Archive link

အချက်အလက်စိစစ်ချက်

“Khit Thit Media”အမည်နဲ့ ယူကျူ့ချန်နယ်ဟာ သတင်းမီဒီယာတချို့မှာဖော်ပြခဲ့တဲ့အကြောင်းအရာတွေကို ခေါင်းစဉ်တုတပ်ဖြန့်ချိတဲ့ နေရာဖြစ်တာတွေ့ရတယ်။ ဒီချန်နယ်နဲ့ ပတ်သက်တဲ့ အချက်အလက်စိစစ်ချက်တွေကို ဒီလင့်ခ်မှာ ကြည့်ပါ။ 

အခုလည်း ဗွီဒီယိုအစမှာပြသတဲ့ “thumbnail”ဓာတ်ပုံမှာ အာဆီယံအစည်းအဝေးကို ဒေါ်အောင်ဆန်းစုကြည် တက်မယ်၊ ဒေါ်နယ်ထရမ့်နဲ့ ဒေါ်အောင်ဆန်းစုကြည်တွေ့ဆုံမယ်စသည်ဖြင့် ရေးသားထားပေမဲ့ ဗွီဒီယိုထဲမှာ ဖတ်ကြားနေတဲ့အကြောင်းအရာဟာ ဧရာဝတီမြန်မာပိုင်းက ဖော်ပြခဲ့တဲ့ “အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ အောက်တိုဘာလ နောက်ဆုံးအပတ်အတွင်း ဂျပန်နိုင်ငံသို့ လာရောက်မည့် ခရီးစဉ်တွင် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေးတောင်းဆိုမှုကို ဂျပန်နိုင်ငံရှိ NUG Support Team – Japan က ဦးဆောင် ပြုလုပ်သွားမည်”ဆိုတဲ့ သတင်းကို ပြန်လည်ဖော်ပြ ထားတယ်။

ဒီလိုပဲ ၉ မိနစ်ကျော်ရှည်လျားတဲ့ ဗွီဒီယိုထဲမှာ “အခြေအနေ ပိုမိုဆိုးရွားစေမယ့် စစ်တပ်ရွေးကောက်ပွဲကို နိုင်ငံတကာအသိအမှတ်မပြုဖို့ ထိုင်းလွှတ်တော်အမတ်ပြော”၊ “ဩစတေးလျရောက် မြန်မာများနှင့် ဒေါက်တာမီမီဝင်းဘတ် တွေ့ဆုံပွဲ တော်လှန်ရေးခေါင်းဆောင်များ အွန်လိုင်းမှတက်ရောက်”စတဲ့ သတင်းတွေကို ပြန်လည်ဖော်ပြထားတယ်။

သုံးသပ်ချက်

အောက်တိုဘာနောက်ဆုံးပတ်မှာ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ရဲ့  ဂျပန်နိုင်ငံ လာရောက်မယ် ခရီးစဉ်မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဉ်းသားတွေလွတ်မြောက်ရေးအတွက် တောင်းဆိုမှုတွေ ဂျပန်‌ရောက် မြန်မာတွေက လုပ်သွားမယ့် သတင်းကို လိုအပ်သလို ခေါင်းစဉ်တုတပ်ထားတယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဒေါ်နယ်ထရမ့်တွေ့ဆုံမယ်ဆိုတာ မဟုတ်ပါ။

ပြောဆိုချက်- ဒေါ်အောင်ဆန်းစုကြည်နဲ့ ဒေါ်နယ်ထရမ့်တွေ့ဆုံမည်

Avatar

Title:Fact Check: ဒေါ်အောင်ဆန်းစုကြည်နဲ့ ဒေါ်နယ်ထရမ့်တွေ့ဆုံမည်ဆိုတဲ့ သတင်းတု

Fact Check By: နေရာမောင် 

Result: Misleading


Leave a Reply

Your email address will not be published. Required fields are marked *