မြောက်ဦးဆေးရုံးဗုံးကြဲတိုက်ခိုက်မှုကို လက်စားချေတဲ့အနေနဲ့ အာရက္ခတပ်တော်(AA)က — ဗွီဒီယိုကို ယူကျူ့ချန်နယ်တခုက ဖြန့်ဝေထားရာမှာ ပျံ့နှံ့မှု အားကောင်း နေတာ တွေ့ရပါတယ်။ သတင်းတုသာ ဖြစ်တယ်။
အောက်ပါ စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ယူကျူ့ဗွီဒီယိုတခုက ရယူထားခြင်းဖြစ်တယ်။
“ကျောက်ဖြူ ပိုက်လိုင်း ပြာကျ
မင်းအောင်လှိုင် မျက်ဖြူဆိုက်နေပြီ ။ မြောက်ဦးဗုံးကြဲမှု
AA လက်စားချေလိုက်ပြီဟေ့”

အချက်အလက်စိစစ်ချက်
ဗွီဒီယိုဖြန့်ဝေထားတဲ့ “Khit Thit Media” ယူကျူ့ချန်နယ်ဟာ ရန်ကုန်ခေတ်သစ်သတင်းဌာန အမည်နာမကို တုပထားပြီး သတင်းမီဒီယာ တချို့က သတင်းတွေကို သတင်းခေါင်းစဉ်တု တပ်ကာ ဖြန့်ချိလေ့ရှိ ပါတယ်။ ဒီချန်နယ်နဲ့ပတ်သက်ပြီး အချက်အလက်စိစစ်ချက်ထားတာကို ဒီလင့်ခ်မှာ ကြည့်ပါ။
အခုလည်း ကျောက်ဖြူက တရုတ်ပိုက်လိုင်းကို AA ကဖောက်ခွဲလိုက်တယ်ဆိုထားပေမဲ့ ဒီသတင်းကို ရခိုင်ဒေသအကြောင်း အထူးပြုရေးသားနေတဲ့ သတင်းဌာနတွေ (ဒီလင့်ခ်၊ ဒီလင့်ခ်နဲ့ ဒီလင့်ခ်မှာကြည့်ပါ) အပါအဝင် သတင်းလုပ်ငန်းလုပ်ကိုင်နေတဲ့ အဓိက ကျတဲ့ သတင်းဌာနတွေမှာ ဖော်ပြချက်မရှိပါဘူး။
အာရက္ခတပ်တော်( AA)ကတည်း မြောက်ဦးဆေးရုံးကို စစ်တပ်က ဗုံးကြဲတိုက်ခိုက်မှုကြောင့် ထိခိုက်သေဆုံးမှု များပြားခဲ့ကြောင်း ထုတ်ပြန်ချက်များအပြင် ရခိုင်ပြည်နယ်အတွင်း လေယာဉ်နဲ့ ထပ်မံ ဗုံကြဲတိုက်ခိုက်မှုများ အကြောင်း ဖော်ပြထားပေမဲ့ ဒီလို တရုတ်ပိုက်လိုင်းဖောက်ခွဲတိုက်ခိုက်ခံခဲ့ရကြောင်း သတင်းထုတ်ပြန်ချက် မတွေ့ရပါဘူး။ ရခိုင်ပြည်နယ်အတွင်းက တရုတ်အပါအဝင် နိုင်ငံတကာရင်းနှီးမြှုပ်နှံမှုတွေကို အကာအကွယ်ပေးမယ်လို့ AA က ထုတ်ပြန်ထားတယ်။
သုံးသပ်ချက်
သတင်းတုဗွီဒီယိုဖြန့်ချိနေတဲ့ “Khit Thit Media” အမည်နဲ့ ယူကျူ့ချန်နယ်ဟာ သတင်းလုပ်ငန်းလုပ်ကိုင်နေတဲ့ ရန်ကုန်ခေတ်သစ်သတင်းဌာနရဲ့ အမည်နာမကို တုပထားတဲ့ ချန်နယ်တခုဖြစ်တာတွေ့ရပြီး သတင်းမီဒီယာ တချို့က သတင်းတွေကို ကူးယူဖော်ပြပြီး သတင်းခေါင်းစဉ်တု တပ်ကာ ဖြန့်ချိလေ့ရှိတယ်။ ယုံကြည်ရတဲ့ သတင်းအရင်းအမြစ်တွေမှာ ကျောက်ဖြူမှာ တရုတ်ဓာတ်ငွေ့ပိုက်လိုင်းကို AA ကဖောက်ခွဲခဲ့တယ်ဆိုတဲ့ အထောက်အထားလည်း မတွေ့ရှိပါ။
ပြောဆိုချက်- ကျောက်ဖြူမှာ တရုတ်ဓာတ်ငွေ့ပိုက်လိုင်းကို AA ကဖောက်ခွဲ
Title:Fact Check: ကျောက်ဖြူက တရုတ်ပိုက်လိုင်းကို AA ဖောက်ခွဲတဲ့ သတင်းတု
Fact Check By: Zun ZeeResult: False

