ကျောက်ဖြူတိုက်ပွဲမှာ အာရက္ခတပ်တော်(AA)က မြန်မာစစ်တပ် လေယာဉ် ၂ စီးပစ်ချလိုက်တယ်ဆိုပြီး ဗွီဒီယိုကို ယူကျူ့ချန်နယ်တခုက ဖြန့်ဝေထားရာမှာ ပျံ့နှံ့မှု အားကောင်း နေတာ တွေ့ရပါတယ်။ သတင်းတုသာ ဖြစ်တယ်။
အောက်ပါ စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ယူကျူ့ဗွီဒီယိုတခုက ရယူထားခြင်းဖြစ်တယ်။
“လေယာဉ်(၂)စီး အေအေ ထပ်မံ ပစ်ချ
အထိနာနေတဲ့ ကျောက်ဖြူတိုက်ပွဲ စစ်ကူလာတဲ့ လေယာဉ်(၂)စီး
အေအေ ပစ်ချ၊ လေယာဉ်မှူးအလောင်း(၂)ဦးလုံး အလောင်းပျောက်”

အချက်အလက်စိစစ်ချက်
ဗွီဒီယိုဖြန့်ဝေထားတဲ့ “Khit Thit Thadin” ယူကျူ့ချန်နယ်ဟာ သတင်းမီဒီယာ တချို့က သတင်းတွေကို သတင်းခေါင်းစဉ်တု တပ်ကာ ဖြန့်ချိလေ့ရှိ ပါတယ်။ ဒီချန်နယ်နဲ့ပတ်သက်ပြီး Fact Crescendo Myanmar က အချက်အလက်စိစစ်ချက်ထားတယ်။ ဒီလင့်ခ်မှာ ကြည့်ပါ။
အခုလည်း ကျောက်ဖြူတိုက်ပွဲမှာ စစ်ကူလာတဲ့ လေယာဉ် ၂ စီးကို AA ပစ်ချလိုက်ပြီး လေယာဉ်မှူးတောင် ပြန်မရဘူးလို့ ဆိုထားပေမဲ့ ဒီသတင်းကို ရခိုင်ဒေသအကြောင်း အထူးပြုရေးသားနေတဲ့ သတင်းဌာနတွေ (ဒီလင့်ခ်၊ ဒီလင့်ခ်နဲ့ ဒီလင့်ခ်မှာကြည့်ပါ) အပါအဝင် သတင်းလုပ်ငန်းလုပ်ကိုင်နေတဲ့ အဓိက ကျတဲ့ သတင်းဌာနတွေမှာ ဖော်ပြချက်မရှိပါဘူး။
အာရက္ခတပ်တော်( AA)ကတည်း မြောက်ဦးဆေးရုံးကို စစ်တပ်က ဗုံးကြဲတိုက်ခိုက်မှုကြောင့် ထိခိုက်သေဆုံးမှု များပြားခဲ့ကြောင်း ထုတ်ပြန်ချက်များအပြင် ရခိုင်ပြည်နယ်အတွင်း လေယာဉ်နဲ့ ထပ်မံ ဗုံကြဲတိုက်ခိုက်မှုများ အကြောင်း ဖော်ပြထားပေမဲ့ ဒီလို မြန်မာစစ်တပ်လေယာဉ် ၂ စီးကို ပစ်ချခဲ့တယ်ဆိုတဲ့ သတင်းထုတ်ပြန်ချက် မတွေ့ရပါဘူး။
သုံးသပ်ချက်
“Khit Thit Thadin” ယူကျူ့ချန်နယ်ဟာ သတင်းမီဒီယာ တချို့က သတင်းတွေကို သတင်းခေါင်းစဉ်တု တပ်ကာ ဖြန့်ချိလေ့ရှိတယ်။ ယုံကြည်ရတဲ့ သတင်းအရင်းအမြစ်တွေမှာ လတ်တလော သတင်း ဖော်ပြချက်မရှိလို့ ကျောက်ဖြူ တိုက်ပွဲမှာ AA က မြန်မာစစ်တပ် လေယာဉ် ၂ စီးပစ်ချလိုက်တယ်တာ သတင်းတု တခုသာဖြစ်တယ်လို့ သုံးသပ်ပါတယ်။
ပြောဆိုချက်- ကျောက်ဖြူတိုက်ပွဲမှာ လေယာဉ် ၂ စီး AA ပစ်ချ
Title:Fact Check: ကျောက်ဖြူတိုက်ပွဲမှာ လေယာဉ် ၂ စီး AA ပစ်ချဆိုတဲ့ သတင်းတု
Fact Check By: Zun ZeeResult: False

