Fact Check: ဒီဗွီဒီယိုက ဘန်ကောက်ကျောင်းကားမီးလောင်မှုနဲ့ ပတ်သက်ခြင်းမရှိပါ

False နိုင်ငံတကာ၊ | International

ဘန်ကောက်မြို့စွန်မှာ ကျောင်းကားတစီးမီးလောင်မှု အဖြစ်ဆိုးမှာ အသက်ဆုံးရှုံးခဲ့ရတဲ့ ကလေးတွေရဲ့ နောက်ဆုံးအချိန်မတိုင်မီ ပျော်ရွှင်စွာ သီချင်းသီဆိုမှု ဗွီဒီယိုအဖြစ် ဖေ့စ်ဘွတ်မှာပို့စ်တွေ ပျံ့နှံ့မှုအားကောင်း လျှက်ရှိပါတယ်။ တကယ်တော့ ဒီဗွီဒီယိုတွေဟာ  အောက်တိုဘာ ၁ ရက်က ဘန်ကောက်မြို့စွန်မှာ  ကျောင်းကားမီးလောင်မှုဖြစ်စဉ်နဲ့ သက်ဆိုင်ခြင်းမရှိတာတာတွေ့ရတယ်။ 

အောက်ပါစာသားတွေကတော့ ဖေ့စ်ဘွတ်မှာ ပျံ့နှံ့မှုအားကောင်းနေတဲ့ ပို့စ်ပါစာသားကောက်နုတ်ချက်ဖြစ်တယ်။ ဗွီဒီယိုထဲမှာ အပြာနဲ့ ပန်းရောင်စပ်ကြား တူညီဝတ်စုံတွေကို ဝတ်ဆင်ထားတဲ့ မူလတန်းအရွယ်ကလေးတွေဟာ ပျော်ရွှင်စွာ သီဆိုကခုန်နေကြတာတွေ့ရပါတယ်။ တူညီတဲ့ရေးသားမျှဝေမှုကို ဒီနေရာနဲ့ ဒီနေရာမှာလည်းတွေ့ရတယ်။

“သနားလိုက်တာ ခလေးတို့ရယ် ဘယ်လောက်တောင် ပူလိုက်မလဲနော်”

C:\Users\User\Downloads\thai-1.jpg

မူရင်းလင်ခ့် – Fb link | Archive link

နောက်ထပ် ဗွီဒီယိုတခုမှာတော့ နက်ပြာရောင်နဲ့ ကော်လံအဖြူစပ်ထားတဲ့ တူညီဝတ်စုံနဲ့ က‌လေးတွေဟာ အောက်တိုဘာ ၁ ရက်က မီးလောင်မှုဖြစ်စဉ်မှာပါသွားတဲ့ကလေးတွေ အဖြစ်အပျက်အဖြစ်ဖော်ပြထားတယ်။ ဒီနေရာမှာကြည့်ပါ။ 

C:\Users\User\Downloads\thai-၂၃.jpg

အချက်အလက်စိစစ်ချက်

နက်ပြာရောင်နဲ့ ကော်လံအဖြူစပ်ထားတဲ့ တူညီဝတ်စုံနဲ့ က‌လေးတွေဟာ အောက်တိုဘာ ၁ ရက်က မီးလောင်မှု ဖြစ်စဉ်မှာပါသွားတဲ့ကလေးတွေ အဖြစ်အပျက်နဲ့ သက်ဆိုင်ခြင်းမရှိပါဘူး။ ဗွီဒီယိုဟာ “lukmhe2540”အမည်နဲ့ တစ်တော့အသုံးပြုသူတဦးက မျှဝေထားတဲ့ ဗွီဒီယိုဖြစ်ပြီး သူက ဒီကလေးတွေဟာ ထိုင်းတောင်ပိုင်းက နခွန်ဆီသန်မာဆတ်(Nakhon Si Thammarat) ခရိုင်ကဖြစ်ပြီးပါတယ်။ Fact Crescendo အနေနဲ့ အချက်အလက်စိစစ်ဖော်ပြခဲ့ပြီးဖြစ်တယ်။  ဒီလင့်ခ်မှာကြည့်ပါ။ 

အခု ဘက်စ်ကားမီး‌လောင်မှုကြောင့် အသက်ဆုံးရှုံးခဲ့ရတဲ့ ကလေးတွေဟာ ဥထုံသန္နီခရိုင်(Uthai Thani)မှာရှိတဲ့ ကျောင်းတကျောင်းက ကလေးတွေဖြစ်ပါတယ်။

နောက်ထပ် ဖြန့်ဝေထားတဲ့ အပြာနဲ့ ပန်းရောင်စပ်ကြား တူညီဝတ်စုံတွေကို ဝတ်ဆင်ထားတဲ့ မူလတန်း အရွယ်ကလေးတွေဟာလည်း ဘန်ကောက်က ကားမီးလောင်မှုဖြစ်စဉ်နဲ့ သက်ဆိုင်ခြင်းမရှိတာတွေ့ရပါတယ်။ 

ဒီလိုပျံ့နှံ့ခဲ့တဲ့ ဗွီဒီယိုထဲမှာပါတဲ့ ဓာတ်ပုံနဲ့ ဗွီဒီယိုကို တစ်တော့အသုံးပြုသူတဦးဖြစ်တဲ့ “paen_2538”ဆိုတဲ့ အကောင့်က ကနဦးဖော်ပြထားတာတွေ့ရပြီး ဒီဗွီဒီယိုဟာလည်း ထိုင်းနိုင်ငံ ဘန်ကောက်မြို့က ကားမီးလောင်မှုမှာ အသက်ဆုံးရှုံးခဲ့ရတဲ့ ကျောင်းသား ကျောင်သူတွေနဲ့ သက်ဆိုင်ခြင်းမရှိပါဘူး။ ဒီဗွီဒီယိုဟာ လာအိုနယ်စပ်က ခရိုင်တခုဖြစ်တဲ့ နခွန်ဖနွန်းခရိုင်(nakhon phanom)မှာ ကျောင်းတကျောင်းရဲ့ လေ့လာရေးခရီးစဉ်ဖြစ်စဉ်ပါတယ်။ 

အောက်ကဓာတ်ပုံကတော့ Dailymail သတင်းဌာနကဖော်ပြခဲ့တဲ့ မီးလောင်မှုဖြစ်စဉ်ကနေ လွတ်မြောက်လာ ပြီးနောက် အဆောက်အဦးတခုအတွင်းမှာ လွတ်မြောက်လာတဲ့ ကလေးတွေကို ရေတွက်နေစဉ်ဖြစ်တယ်။ ဒီဓာတ်ပုံထဲမှာပါတဲ့ ကလေးတွေရဲ့ ဝတ်စုံဟာ ဖေ့စ်ဘွတ်မှာ ပျံ့နှံ့ခဲ့တဲ့ ဗွီဒီယိုထဲပါ ကလေးတွေရဲ့ ဝတ်စုံ တူညီခြင်းမရှိတာလည်းတွေ့ရတယ်။

C:\Users\User\Downloads\thai-3.jpg

မူရင်းလင်ခ့် – Dailymail | Archive link

သုံးသပ်ချက်

ပျံ့နှံ့မှုအားကောင်းနေတဲ့ ထိုင်းနိုင်ငံ ဘန်ကောက်မြို့စွန်က ကျောင်းကားမီးလောင်မှုမှာ အသက်ဆုံးရှုံးခဲ့ရတဲ့ ကလေးတွေအဖြစ်ဖော်ပြနေတဲ့ ဗွီဒီယိုဟာ မှန်ကန်ခြင်းမရှိပါဘူး။ ဗွီဒီယိုတွေထဲမှာပါတဲ့ ကျောင်းဝတ်စုံတွေနဲ့ ကားမီးလောင်မှုကနေ လွတ်မြောက်လာတဲ့ ကလေးတွေရဲ့ ကျောင်းဝတ်စုံဟာ တူညီခြင်းမရှိတာတွေ့ရပါတယ်။

Avatar

Title:Fact Check: ဒီဗွီဒီယိုက ဘန်ကောက်ကျောင်းကားမီးလောင်မှုနဲ့ ပတ်သက်ခြင်းမရှိပါ

Written By: နေရာမောင်  

Result: False