
တိုင်းရင်းသားလက်နက်ကိုင်တပ်တွေမှာအင်အားအကြီးဆုံးနဲ့ ၂၀၂၁ စစ်အာဏာသိမ်းအဖွဲ့နဲ့လည်း ပနာတင့်တဲ့ ဝပြည်သွေးစည်းညီညွတ်ရေးတပ်မတော်(UWSA)နဲ့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ပူးပေါင်းပြီဆိုတဲ့ ဗွီဒီယိုပို့စ်တစ်ခု ဖေ့စ်ဘွတ်အသုံးပြုသူတွေရဲ့အကြား ပျံ့နှံ့မှု့အားကောင်းခဲ့ပါတယ်။ သတင်းတုဖြန့်ချိ နေခြင်း ဖြစ်ပါတယ်။

မူရင်းလင်ခ့် – Youtube link | Archive link
တူညီတဲ့ရေးသားဖြန့်ဝေမှုကို ဖေ့စ်ဘွတ်ရဲ့ ဒီနေရာမှာလည်း တွေ့ရပါတယ်။ထို့အပြင် နောက်ထပ် ယူကျူ့ ဗွီဒီယိုတစ်ခုမှာတော့ “ဝ” က NUG ကို စစ်လက်နက်များလိုသမျှ ကူညီပေးတော့မယ်ဆိုပြီးတော့လည်း ရေးသားမျှဝေထားပါသေးတယ်။

မူရင်းလင်ခ့် –Youtube link | Archive link
အချက်အလက်စိစစ်ချက်
ဝတပ်(UWSA)နဲ့ NUG ပူးပေါင်းပြီဆိုပြီး အခုလို မကြာခဏဖြန့်ဝေနေတာတွေ့ရပါတယ်။ ဒီလိုမျိုးသတင်း ဖော်ပြချက်ကို သတင်းမီဒီယာလုပ်ငန်းအဓိကလုပ်ကိုင်တဲ့ သတင်းဌာနတွေမှာ ဖော်ပြချက် မတွေ့ရပါဘူး။
တကယ်တော့ ပထမယူကျူ့ဗွီဒီယိုပါအကြောင်းအရာတွေဟာ လွတ်လပ်တဲ့အာရှအသံ သတင်းဌာနကဖော်ပြခဲ့တဲ့ “မြန်မာ့အရေး အင်ဒိုနီးရှား အသံတိတ်နေမှု ဝေဖန်ခံနေရ”ဆိုတဲ့ သတင်းကို ပြန်လည်ဖတ်ကြား နေခြင်းဖြစ် ပါတယ်။ နောက်ထပ်ဖေ့စ်ဘွတ် ဗွီဒီယိုထဲမှာတော့ မဲခေါင်းသတင်းဌာနက ဖော်ပြခဲ့တဲ့ လွိုင်ကော် စစ်ကောင်စီ သင်္ကြန်မဏ္ဍပ် ဒရုန်းနဲ့ဗုံးကြဲခံရပြီးနောက် ဝန်ထမ်းအများအပြား နုတ်ထွက်စာတင်၊ မြန်မာနှစ်ဆန်း ၁ရက်နေ့မှာ စစ်ကောင်စီက အကျဉ်းသားတွေကို အကျဉ်းထောင်အသီးသီးကနေ ခံဝန်နဲ့ လွှတ်ပေးခဲ့တဲ့ သတင်းတွေနဲ့ ဒီလိုလွှတ်ပေးတဲ့အထဲကမှာ နိုင်ငံရေးအကျဉ်းသားတွေ ပါဝင်မှုမရှိတဲ့အကြောင်းနဲ့ အခြားသော PDF နဲ့ပတ်သက်တဲ့ သတင်းတွေကို ဖတ်ကြားနေတာဖြစ်ပါတယ်။
ယူကျူ့ ဗွီဒီယိုအထဲမှာတော့ “ဝ” နဲ့သက်ဆိုင်တဲ့သတင်းအဖြစ် NUG ကာကွယ်ရေးဝန်ကြီးဌာနက “ဝ” ပြည်နယ် ငြိမ်းချမ်းရေးတည်ဆောက်မှု (၃၃) နှစ်ပြည့်သို့ ပေးပို့သည့် သဝဏ်လွှာဆိုတဲ့ သတင်းကို ဖတ်ကြားနေခြင်းဖြစ်ပါ တယ်။ စစ်ရေးမဟာမိတ်အကြောင်းနဲ့ စစ်ရေးအကူအညီအကြောင်းမပါဝင်ပါဘူး။
သုံးသပ်ချက်
စိတ်ဝင်စားဖွယ်ဖန်တီးထားတဲ့ သတင်းခေါင်းစဉ်တုတွေပေးပြီး မီဒီယာအချို့မှာဖော်ပြခဲ့တဲ့သတင်းတွေကို ရုပ်သံဖိုင်အဖြစ်ပြောင်းလဲဖော်ပြနေခြင်းဖြစ်ပါတယ်။ တကယ်တမ်းမှာ NUG နဲ့ UWSA ကြားမှာ စစ်ရေးအရ ဆွေးနွေးမှုရှိတယ်ဆိုတဲ့ အထောက်အထားမျိုးမတွေ့ရပါဘူး။ပြောဆိုချက်- “ဝ”တပ်နဲ့ NUG စစ်ရေးအရပူးပေါင်းပြီး လိုအပ်သမျှလက်နက်ပံ့ပိုးမယ်

Title:Fact Check: “ဝ”နဲ့NUG ပူးပေါင်းပြီ၊ NUG ကို စစ်လက်နက်ကူညီပေးတော့မယ်ဆိုတဲ့ သတင်းတု
Fact Check By: Zun ZeeResult: False