Fact Check: နေပြည်တော်ကို PDF ဝင်စီးပြီး လေဆိပ်နဲ့လေယာဉ်တွေ ဖောက်ခွဲမှု သတင်းတု

False နိုင်ငံရေး | Politics

နေပြည်တော်ကို ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)တွေဝင်စီးပြီး လေဆိပ်နဲ့ လေယာဉ်တွေ ဖောက်ခွဲခံရ တယ်ဆိုပြီး ဗွီဒီယိုတခု ယူကျူ့မှာဖြန့်ဝေထားရာ ပျံ့နှံ့မှုအားကောင်းနေပါတယ်။ သတင်းခေါင်းစဉ်တုတပ် ဗွီဒီယိုတွေသာဖြစ်တယ်။

အောက်ပါစခရင်ရှော့ကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ယူကျူ့ဗွီဒီယိုကို ရယူထားခြင်းဖြစ်ပါတယ်။ 

မူရင်းလင်ခ့် – Youtube | Archive link

အလားတူပဲ နေပြည်တော်ကို PDF တွေဝင်စီးနေပြီဆိုပြီးတော့ ရေးသားမျှဝေထားတာကို ဒီနေရာမှာ တွေ့ရပါတယ်။

အချက်အလက်စိစစ်ချက်

သတင်းလုပ်ငန်းအဓိကလုပ်ကိုင်နေတဲ့ ပြည်တွင်းနဲ့ နိုင်ငံတကာ မီဒီယာတွေမှာ ဒီသတင်းဖော်ပြချက်မျိုးမရှိပါဘူး။ သက်ဆိုင်ရာ တော်လှန်ရေးအင်အားစုတွေဘက်ကလည်း ထုတ်ပြန်ပြောဆိုချက်မရှိပါဘူး။ အခုဖြန့်ဝေနေတဲ့ ယူကျူ့ချန်နယ်ဖြစ်တဲ့ “News In Burmese” ချန်နယ်ဟာ သတင်းမီဒီယာတွေမှာဖော်ပြခဲ့တဲ့သတင်းအကြောင်း အရာတွေ သို့မဟုတ် လူမှုကွန်ယက်မှာ ပျံ့နှံ့မှုအားကောင်းခဲ့တဲ့ တော်လှန်‌ရေးအတွေးအမြင်ဆောင်းပါးတွေကို ပြန်လည်မျှဝေနေတဲ့ ချန်နယ်တခုဖြစ်တာတွေ့ရပါတယ်။ Fact Crescendo Myanmar အနေနဲ့ ဒီချန်နယ်က ခေါင်းစဉ်တုတပ်ပြီး လှည့်စားထားတဲ့ ဗွီဒီယိုတွေနဲ့ပတ်သက်ပြီး အချက်အလက်စိစစ်ထားတာတွေကို ဒီလင့်ခ်မှာ ကြည့်ပါ။ 

အခုလည်း ဗွီဒီယိုအစမှာပြသတဲ့ Thumbnail ဓာတ်ပုံမှာတော့ “ညက နေပြည်တော်က လေဆိပ်တဲ့ လေယာဉ်အ ကုန်ဖောက်ခွဲခံရ လုံးဝ ဒီနေ့ထူးပြီ၊ သေကုန်ပြီတဲ့”စသည်ဖြင့် ရေးသားထားပေမဲ့ ဗွီဒီယိုတခုလုံးမှာ ဒီအကြောင်းအရာမပါဘူး။ ဒီဗွီဒီယိုပါအကြောင်းအရာဟာ တော်လှန်ရေးလုပ်ရင်းနဲ့ အာဏာရှင်စစ်တပ်လို ဖြစ်မသွားဖို့လိုကြောင်း၊ အမျော်အမြင်ရှိဖို့လိုကြောင်း စသည်ဖြင့် အတွေးအမြင်တခုကို ဖတ်ကြားနေခြင်းသာဖြစ်တယ်။

သုံးသပ်ချက်

နေပြည်တော်ကို PDF တွေဝင်စီးပြီး လေဆိပ်နဲ့ လေယာဉ်တွေ ဖောက်ခွဲခံရ တယ်ဆိုတာ သတင်းတခုသာဖြစ် တယ်။ တော်လှန်ရေးအင်အားစုတွေဟာ နေပြည်တော်ကို ထိုးစစ်ဆင်ဖို့အတွက် ကြိုးစားနေတယ်လို့ NUG ခေါင်းဆောင်ပိုင်းတွေက ပြောကြားထားပေမဲ့ လက်ရှိအချိန်အထိ နေပြည်တော်ကို စစ်ကောင်စီက ထိန်းချုပ် ထားပါတယ်။

ပြောဆိုချက်- နေပြည်တော်ကို PDF တွေဝင်စီးပြီး လေဆိပ်နဲ့ လေယာဉ်တွေ ဖောက်ခွဲခံရ

Avatar

Title:Fact Check: နေပြည်တော်ကို PDF ဝင်စီးပြီး လေဆိပ်နဲ့လေယာဉ်တွေ ဖောက်ခွဲမှု သတင်းတု

Written By: Zun Zee 

Result: False


Leave a Reply

Your email address will not be published. Required fields are marked *