Fact Check: စစ်ခေါင်းဆောင် နုတ်ထွက်မယ်ဆိုတဲ့ သတင်းခေါင်းစဉ်တု

False နိုင်ငံရေး | Politics

စစ်ခေါင်း‌‌ဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ အနားယူတော့မယ်လို့ တရားဝင်ကြေညာလိုက် တယ်လို့ဆိုပြီး ဗွီဒီယိုတခု ယူကျူ့မှာ ဖြန့်ဝေထားရာ ကြည့်ရှူ့မှု များပြားလျှက်ရှိပါတယ်။  တကယ်တော့ သတင်းတုဖြန့်ချိနေခြင်းဖြစ်တယ်။ 

၈ မိနစ်ကျော်ရှည်လျားတဲ့ ဒီဗွီဒီယိုအစမှာ “(၃) ရက်နေ့ မင်းအောင်လှိုင်‌ခေါင်းရှောင်ဖို့လုပ်နေပြီ အနားယူတော့မယ်လို့ တရားဝင်ကြေညာ”စသည်ဖြင့်ရေးသားထားပါတယ်။

အောက်ပါစခရင်ရှော့ကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ယူကျူ့ဗွီဒီယိုဖြစ်တယ်။ ဒီနေရာမှာလည်း အလားတူဖြန့်ဝေထားတာတွေ့ရပါတယ်။

မူရင်းလင်ခ့် – Youtube link  | Archive link

အချက်အလက်စိစစ်ချက်

ဒီယူကျူ့ချန်နယ်တွေဟာ သတင်းမီဒီယာအချို့မှာဖော်ပြပြီးနောက် ရေပန်းစားခဲ့တဲ့ သတင်းတွေကို သတင်း ခေါင်းစဉ်တု၊ ဒါမှမဟုတ် နားလည်မှု လွဲစေနိုင်တဲ့ ခေါင်းစဉ်မှားတွေတပ်ပြီး ပြန်လည်ဖြန့်ဝေတဲ့ ယူကျူ့ချန်နယ် တွေဖြစ်တာတွေ့ရပါတယ်။ အခုလည်း ဗွီဒီယိုထဲမှာ “(၃) ရက်နေ့ မင်းအောင်လှိုင်‌ခေါင်းရှောင်ဖို့လုပ်နေပြီ အနားယူတော့မယ်လို့ တရားဝင်ကြေညာ”စသည်ဖြင့်ရေးသားထားပေမဲ့ ဗွီဒီယိုထဲမှာ “လူတစ်စုရဲ့ မိုက်မဲမှုကို ပြည်သူလူထုအများစု ခံနေရတယ်လို့ စစ်ခေါင်းဆောင် ပြော”ဆိုတဲ့ သတင်းကို ခေါင်းစဉ်လွဲတပ်ထား ခြင်းဖြစ် တယ်။ စက်တင်ဘာ ၁ ရက်က နေပြည်တော်မှာလုပ်တဲ့အစည်းအဝေးမှာ အာဏာသိမ်း မှုကြောင့် ပေါ်ပေါက် လာတဲ့ နိုင်ငံအနှံ့ ခုခံတော်လှန်မှုများနဲ့ ပစ်ခတ်တိုက်ခိုက်မှုများကို လူတစ်စုရဲ့ မိုက်မဲမှု ကြောင့်လို့ ခေါင်းစဉ်တပ်ခဲ့ပြီး ဒေသခံပြည်သူလူထုအများစု ခံစားနေရတယ်လို့တော့ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောဆိုပါတယ်။ သံလွင်တိုင်းမ်က သတင်းဖော်ပြချက်အပြည့်အစုံကို အောက်မှာကြည့်ပါ။

နောက်ထပ်သတင်းတွေဟာလည်း ‌တအောင်းတော်လှန်ရေးတပ်ဖွဲ့တွေနဲ့ စစ်ကောင်စီ ရှမ်းမြောက်မှာ တိုက်ပွဲဖြစ်ပွားမှု၊ အာဆီယံ ကာကွယ်ရေးဝန်ကြီးများအစည်းအဝေးကို Justice For Myanmar ကန့်ကွက်မှု စတဲ့ သတင်းတွေသာပါတယ်။

သုံးသပ်ချက်

စစ်ခေါင်း‌‌ဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ အနားယူတော့မယ်လို့ ထုတ်ဖော်ကြေညာချက်မရှိပါဘူး။  အာဏာသိမ်းမှုကြောင့် ပေါ်ပေါက်လာတဲ့ နိုင်ငံအနှံ့ ခုခံတော်လှန်မှုများနဲ့ ပစ်ခတ်တိုက်ခိုက်မှုများကို လူတစ်စုရဲ့ မိုက်မဲမှုကြောင့်လို့ စစ်ခေါင်းဆောင်က အပြစ်တင်မှု သတင်းကို အခုလို စစ်ခေါင်းဆောင် နုတ်ထွက်တော့မယ်လို့ ခေါင်းစဉ်လွဲတပ်ထားခြင်းဖြစ်တယ်။

ပြောဆိုချက်- စစ်ခေါင်း‌‌ဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အနားယူတော့မယ်လို့ ကြေညာ

Avatar

Title:Fact Check: စစ်ခေါင်းဆောင် နုတ်ထွက်မယ်ဆိုတဲ့ သတင်းခေါင်းစဉ်တု

Written By: Zun Zee 

Result: False


Leave a Reply

Your email address will not be published. Required fields are marked *