Fact Check: KNU ဥက္ကဋ္ဌ နဲ့ စစ်ဦးစီးချုပ် ကားတန်းမိုင်းဆွဲခံရပြီး ပွဲချင်းပြီးသေဆုံးဆိုတဲ့ သတင်းမှား

False နိုင်ငံရေး | Politics

KNU ဥက္ကဋ္ဌ နဲ့ စစ်ဦးစီးချုပ် ကားတန်းမိုင်းဆွဲခံရပြီး ပွဲချင်းပြီးသေဆုံးသွားတယ်ဆိုတဲ့ ဗွီဒီယိုပို့စ်တစ်ခု ဖေ့စ်ဘွတ် အသုံးပြုသူတွေရဲ့အကြားပျံ့နှံ့ခဲ့ပါတယ်။ နားလည်မှုလွဲစေနိုင်တဲ့ သတင်းခေါင်းစဉ်တုနဲ့ သတင်းတုဖြန့်ချိနေခြင်း ဖြစ်ပါတယ်။ 

ပျံ့နှံ့နေတဲ့ ဒီဗွီဒီယိုပို့စ်မှာ “KNU ဥက္ကဋ္ဌ နဲ့ စစ်ဦးစီးချုပ် ကားတန်းမိုင်းဆွဲခံရ၊ပွဲချင်းပြီး မသာပေါ်” စသည်ဖြင့်ရေးသားပြီး “Appreciate news”အမည်နဲ့ ဖေ့စ်ဘွတ်စာမျက်နှာက အောက်ပါအတိုင်း မျှဝေထားပါတယ်။ 

မူရင်းလင်ခ့် – Fb linkArchive link

အလားတူ တူညီတဲ့ရေးသားဖြန့်ဝေမှုကို ယူကျူ့ရဲ့ဒီနေရာမှာလည်း တွေ့ရပါတယ်။

အချက်အလက်စိစစ်ချက်

KNU ဥက္ကဌနဲ့ စစ်ဦးစီးချုပ်တို့ စီးနင်းလိုက်ပါလာတဲ့ ကားမိုင်းဆွဲခံရတယ်ဆိုတဲ့ သတင်းမှားဟာ ဖေ့စ်ဘွတ်မှာ ပျံံနှံ့မှုအားကောင်းခဲ့ပြီးနောက် အခုလို KNU ဥက္ကဌနဲ့ စစ်ဦးစီးချုပ်တို့မိုင်းဆွဲခံရပြီးသေဆုံးဆိုပြီးထပ်မံဖြန့် ဝေလာတာပါ။ ဧရာဝတီသတင်းဌာနက KNU ဥက္ကဌနဲ့ စစ်ဦးစီးချုပ်လိုက်ပါလာတဲ့ ယာဉ်တန်း မိုင်းဆွဲခံရတယ်လို့ ကနဦး သတင်းဖော်ပြခဲ့ပါ။ သေဆုံးမှုအကြောင်းမပါဝင်ပါဘူး။ 

သို့သော်လည်း တကယ်တမ်းမိုင်းဆွဲခံရတဲ့ကားဟာ BGF တွေရဲ့ ယာဉ်တန်းဖြစ်ပြီး တစ်ဦးထိခိုက် ဒဏ်ရာရတယ် လို့ KNU ဗဟိုက အတည်ပြုထားတာတွေ့ရပါတယ်။ 

လက်ရှိ သတင်းခေါင်းစဉ်တုနဲ့ ဖြန့်ဝေနေတဲ့ ဗွီဒီယိုပါအကြောင်းအရာဟာလည်း “KNU ဥက္ကဋ္ဌ နှင့် စစ်ဦးစီးချုပ် ကားတန်း မိုင်းဆွဲခံရသည့် သတင်း မဟုတ်မှန်ဘဲ စစ်ကောင်စီ လက်အောက်ခံ BGF  ဗိုလ်ချုပ် ဖားနွီး ၏ သား လိုက်ပါသော ကားတန်း မိုင်းဆွဲခံရခြင်းဖြစ်”ဆိုတဲ့ Khit Thit Media ကဖော်ပြခဲ့တဲ့သတင်းကို ပြန်လည် ဖော်ပြနေခြင်းဖြစ်ပါတယ်။

သုံးသပ်ချက်

ဗွီဒီယိုထဲပါ အကြောင်းအရာဟာ KNU ဥက္ကဌနဲ့ စစ်ဦးစီးချုပ်လိုက်ပါ စီးနင်းလိုက်ပါလာတဲ့ယာဉ်တန်း မိုင်းဆွဲ တိုက်ခိုက်ခံရတယ်ဆိုတာဟာ မဟုတ်ကြောင်း မီဒီယာတစ်ခုကဖော်ပြချက်သတင်းကို ပြန်လည်ကူးယူ‌ ဖော်ပြရာမှာ သတင်းခေါင်းစဉ်တုအသုံးပြု ဖြန့်ချိနေခြင်းဖြစ်ပါတယ်။ KNU ဥက္ကဌနဲ့ စစ်ဦးစီးချုပ် လိုက်ပါ စီးနင်းလိုက်ပါလာတဲ့ယာဉ်တန်း မိုင်းဆွဲတိုက်ခိုက်ခံရခြင်းမရှိသလို ပွဲချင်းပြီးသေဆုံးသွားတယ်ဆိုတာလည်း မဟုတ်ပါဘူး။ 

ပြောဆိုချက်- KNU ဥက္ကဋ္ဌ နဲ့ စစ်ဦးစီးချုပ် ကားတန်းမိုင်းဆွဲခံရပြီး ပွဲချင်းပြီးသေဆုံး

Avatar

Title:Fact Check: KNU ဥက္ကဋ္ဌ နဲ့ စစ်ဦးစီးချုပ် ကားတန်းမိုင်းဆွဲခံရပြီး ပွဲချင်းပြီးသေဆုံးဆိုတဲ့ သတင်းမှား

Fact Check By: နေရာမောင် 

Result: False


Leave a Reply

Your email address will not be published. Required fields are marked *