
ဖေဖော်ဝါရီ ၂၂ရက်နေ့မှာ အာဏာလွှဲဖို့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် သဘောတူလက်မှတ်ထိုးလိုက်ကြောင်း MRTV ထုတ်ပြန်ဆိုတဲ့ ဗွီဒီယိုပုံစံနဲ့ ပို့စ်တစ်ခုဖေ့စ်ဘွတ်အသုံးပြုသူတွေအကြားပျံ့နှံ့ခဲ့တာဟာ သတင်းမှားသာဖြစ်ပါတယ်။
“MRTVခုပဲထုတ်ပြန်။၂၂ရက်နေ့အာဏာလွှဲဖို့သဘောတူလက်မှတ်ထိုးလိုက်ပြီ။ပင်စင်ပါတစ်ခါတည်းယူမယ်တဲ့”လို့ ရေးသားပြီး အောက်ပါအတိုင်းမျှဝေထားတာတွေ့ရပါတယ်။

မူရင်းလင်ခ့် – FB link | Archive link
တူညီတဲ့ရေးသားမျှဝေမှုတွေကို ဒီနေရာမှာ လည်းတွေ့ရပါတယ်။
အချက်အလက်စိစစ်ချက်
ဖြန့်ဝေနေတဲ့ ဖေ့စ်ဘွတ်အကောင့်ဟာ ယုံကြည်ရလောက်တဲ့ သတင်းအရင်းမြစ်တစ်ခုမဟုတ်ဘဲ သတင်းတု သတင်းမှားဖြန့်ချိလေ့ရှိတဲ့ စာမျက်နှာတစ်ခုဖြစ်တာတွေ့ရပါတယ်။ အခြားသော ယုံကြည်ရတဲ့ သတင်းဌာနတွေမှာလည်း ဒီသတင်း ဖော်ပြချက်မရှိပါဘူး။ အာဏာပြန်လွှဲမယ်လို့ ရေးဖြန့်ဝေထားတဲ့ ဗွီဒီယိုထဲမှာ Non-CDM တွေအနေနဲ့ ကိုယ့်လုံခြုံရေးကိုယ်ယူဖို့ စစ်တပ်က ပြောဆိုတဲ့ သတင်းကိုပြောကြားနေတာဖြစ်ပါတယ်။ တကယ်တော့ ဗွီဒီယိုထဲမှာပြောကြားနေတဲ့ သတင်းဟာ ” Non CDM ဝန်ထမ်းတွေ ကိုယ့်လုံခြုံရေးကိုယ် တာဝန်ယူဖို့ စစ်ကောင်စီပြော”ဆိုတဲ့ Delta News Agency က ဖေဖော်ဝါရီ ၁၃ ရက်မှာဖော်ပြခဲ့တဲ့ သတင်းကို သက်ဆိုင်ခြင်းလုံးဝမရှိတဲ့ သတင်းခေါင်းစဉ်အတုနဲ့ ဖြန့်ချိနေခြင်းဖြစ်ပါတယ်။ သတင်းအပြည့်အစုံကို အောက်မှာကြည့်ပါ။

မူရင်းလင်ခ့် – Delta News Agency | Archive link
သုံးသပ်ချက်
ဖေဖော်ဝါရီ ၂၂ရက်နေ့မှာ အာဏာလွှဲဖို့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် သဘောတူလက်မှတ်ထိုးလိုက်ကြောင်း MRTV ထုတ်ပြန်ဆိုတဲ့ ပျံ့နှံ့လျှက်ရှိတဲ့ ပို့စ်ဟာ သတင်းတုဖြစ်တယ်။ ဗွီဒီယိုထဲမှာပြောကြားနေတဲ့ သတင်းဟာ Delta News Agency က ဖေဖော်ဝါရီ ၁၃ ရက်မှာဖော်ပြခဲ့တဲ့ Non-CDM ဝန်ထမ်းတွေအနေနဲ့ ကိုယ့်လုံခြုံရေး ကိုယ်တာဝန်ယူဖို့ စစ်တပ်ကပြောတဲ့ သတင်းသာဖြစ်ပါတယ်။

Title:Fact Check: ဖေဖော်ဝါရီ ၂၂ရက်နေ့မှာ အာဏာလွှဲဖို့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် သဘောတူလက်မှတ်ထိုးဆိုတဲ့ သတင်းမှား
Fact Check By: နေရာမောင်Result: False