Fact Check: ရန်ကုန်၊မန္တလေး၊နေပြည်တော် မြို့ပေါ်တွေမှာ တိုက်ပွဲပြင်းထန်နေ တယ်ဆိုတဲ့ သတင်းမှားများ

နိုင်ငံ‌ရေး

ရန်ကုန်၊မန္တလေးနဲ့ နေပြည်တော်မှာ တိုက်ပွဲတွေပြင်းထန်နေပြီလို့ဆိုထားတဲ့ ပို့စ်တွေ ယူကျူ့မှာ ဆက်တိုက်ဖြန့် ဝေနေပြီး ပျံ့နှံ့မှုအားကောင်းလျှက်ရှိပါတယ်။

အောက်ပါစခရင်ရှော့ကတော့ ဒီလိုဆိုထားတဲ့ ယူကျူ့ဗွီဒီယိုတခုဖြစ်တယ်။ 

“မနက် ၅ နာရီ မှာ နေပြည်တော် ဝင်စီးခံရ စစ်တပ်ထိပ်ပိုင်း ၆ ဦးပွဲချင်းပြီး”စသည်ဖြင့်ရေးသားထားပါတယ်။

မူရင်းလင်ခ့် – Youtube link | Archive link

အလားတူ ရန်ကုန်နဲ့ မန္တလေးမြို့ ကို PDF တွေဝင်စီးနေပြီလို့ ဆိုတဲ့ ရေးသားမှုတွေကို ဒီနေရာနဲ့ ဒီနေရာမှာ လည်းတွေ့ရတယ်။

အချက်အလက်စိစစ်ချက်

ဗွီဒီယိုတွေကို လေ့လာကြည့်မယ်ဆိုရင် သတင်းမီဒီယာအချို့မှာ‌ဖော်ပြခဲ့တဲ့ သတင်းတွေကို ခေါင်းစဉ်လွဲ သို့မဟုတ် ချဲ့ကားထားတဲ့ ခေါင်းစဉ်တွေ တပ်ပြီး ဖြန့်ချိနေခြင်းဖြစ်တာတွေ့ရမှာဖြစ်တယ်။ စက်တင်ဘာ ၆ ရက်နေ့က 7days media အမည်နဲ့ ယူကျူ့မှာတင်ထားတဲ့ ဗွီဒီယိုထဲမှာ “မနက် ၅ နာရီ မှာ နေပြည်တော် ဝင်စီးခံရ စစ်တပ်ထိပ်ပိုင်း ၆ ဦးပွဲချင်းပြီး”လို့ ရေးသားထားပေမဲ့ ဗွီဒီယိုပါသတင်းမှာ ဒီအကြောင်းမပါဝင်ပါဘူး။ ဒီသတင်းကို ယုံကြည်ရ လောက်တဲ့ သတင်းအရင်းအမြစ်တွေက ဖော်ပြချက်လည်းမရှိပါဘူး။ တကယ်တမ်း ဗွီဒီယိုမှာဖော်ပြထားတဲ့ သတင်းဟာ  စက်တင်ဘာ ၆ ရက်က “စစ်ကောင်စီတပ်တွင်းတွင် သေဆုံးမှုများနေ၍  နယ်မြေလုံခြုံရေး ယူရမည်ဟု ဆိုကာ ရှေ့တန်းသို့ လိမ် လည်စေလွှတ်နေ”ဆိုတဲ့ ဧရာဝတီတိုင်းမ်သတင်းဌာနက သတင်းဖြစ်တယ်။ ဒီလင့်ခ်မှာကြည့်ပါ။

အခြား ဗွီဒီယိုတွေဟာလည်း ဒီလိုပဲ သတင်းမီဒီယာအချို့မှာဖော်ပြခဲ့တဲ့ စစ်ကောင်စီတပ်နဲ့ ထိတွေ့မှု သတင်း တွေကို ခေါင်းစဉ်တုတပ် ထားခြင်းဖြစ်တယ်။ ဥပမာအနေနဲ့ မန္တလေးမြို့ပေါ် တိုက်ပွဲပြင်းထန်နေ ခလရ ၉၁၀ ဝင်စီးခံရ”လို့ ရေးသားထားပေမဲ့ ဒီသတင်းအကြောင်း ဗွီဒီယိုထဲမှာမပါဝင်ပါဘူး။ ဒီလိုသတင်းကို အခြားသော ယုံကြည်ရတဲ့ သတင်းဌာနတွေက ဖော်ပြချက်လည်းမတွေ့ရပါဘူး။ 

သုံးသပ်ချက်

ရန်ကုန်၊မန္တလေး၊ နေပြည်တော်ဟာ စစ်ကောင်စီက ထိန်းချုပ်ထားတဲ့နယ်မြေတွေဖြစ်ပြီး အခုချိန် အထိ PDF  တွေက ပျောက်ကျားပုံစံမျိုးနဲ့ သတ်မှတ်ထားတဲ့နေရာတွေကို ဗုံးခွဲတိုက်ခိုက်တာ၊ အုပ်ချုပ်ရေး ပိုင်းတွေကို လုပ်ကြံသတ်ဖြတ်တာစတဲ့ ဖြစ်စဉ်သာရှိပါသေးတယ်။  မြို့ပေါ်မှာ ၂ ဘက် အပြန်အလှန် အပြင်းအထန် တိုက်ခိုက်မှုမျိုး မရှိသေးပါဘူး။ ရန်ကုန်၊မန္တလေး၊ နေပြည်တော်ကို PDF တွေဝင်စီးပြီလို့ဆိုတဲ့ ဒီလိုသတင်းတွေဟာ မကြာခဏလုပ်ကြံရေးသားချက် သတင်းမှားများသာဖြစ်တယ်။

Avatar

Title:Fact Check: ရန်ကုန်၊မန္တလေး၊နေပြည်တော် မြို့ပေါ်တွေမှာ တိုက်ပွဲပြင်းထန်နေ တယ်ဆိုတဲ့ သတင်းမှားများ

Written By: နေရာမောင် 

Result: False


Leave a Reply

Your email address will not be published. Required fields are marked *