Fact Check: Express ကားတွေမှာ လူမဲ့တန်ဆာပစ္စည်းပို့တာ လက်မခံတော့ဘူးဆိုတာ မဟုတ်ပါ

Missing Context လူမှုရေး

အဝေးပြေးကားတွေမှာ လူမဲ့တန်ဆာပစ္စည်းလက်မခံတော့ဘူးဆိုတဲ့ ဖေ့စ်ဘွတ် ပို့စ်တစ်ခုဖေ့စ်ဘွတ် အသုံးပြုသူတွေအကြားပျံ့နှံ့ခဲ့ပါတယ်။ တကယ်တော့ နားလည်မှုလွဲစေနိုင်တဲ့သတင်းမှားတစ်ခုဖြစ်တာ တွေ့ရပါတယ်။

အောက်ပါစာသားကတော့ “Thet Paing Soe”အမည်နဲ့ ဖေ့စ်ဘွတ်အသုံးပြုသူ မျှဝေထားတဲ့ ပျံ့နှံ့မှုအားကောင်းခဲ့တဲ့ ပို့စ်က ကောက်နှုတ်ဖော်ပြချက်ဖြစ်ပါတယ်။ 

“Express ကားတွေကို ယနေ့မှစ၍ လူမဲ့တန်ဆာလက်မခံတော့ဟု သတင်းထွက်ပေါ်နေ ‼

ရန်ကုန်က နယ်ကျော်မြို့ကျော် Online shop လုပ်ကြတဲ့ ကိုကို မမများ မင်မင်တို့အပါအဝင် အကုန် တိုင်ပတ်ပါပြီလို့

Express ကားတွေကို ယနေ့မှစ၍ လူမဲ့တန်ဆာလက်မခံတော့ဟုသိရတဲ့အတွက် အောင်မင်္ဂလာတို့ အောင်ဆန်းကွင်းတို့ကနေ မြို့ကျော်နယ်ကျော်ပစ္စည်းတွေပို့ဆောင်လို့ရတော့မှာမဟုတ်ပါဘူး။ တရားဝင်ပစ္စည်းသယ်ယူပို့ဆောင်တဲ့ Delivery Service များကိုသာ အားကိုးရတော့မှာဖြစ်ပါတယ်။” (မူလအရေးအသား)

မူရင်းလင်ခ့် – FB linkArchive link  

တူညီတဲ့ရေးသားမျှဝေမှုတွေကို ဒီနေရာနဲ့ ဒီနေရာမှာ လည်းတွေ့ရပါတယ်။ 

အချက်အလက်စိစစ်ချက်

အဓိကကျတဲ့ စကားလုံးအချို့အသုံးပြုပြီး အကြောင်းအရာကို ရှာဖွေကြည့်ရာမှာ အောင်ဆန်းကွင်းက အဝေးပြေး ကားလက်မှတ်နဲ့ ပစ္စည်လက်ခံဂိတ်တွေကို ပိတ်သိမ်းပြီး ၂ ရက်အတွင်းပြောင်းရွှေ့ဖို့ စစ်တပ်က ညွှန်ကြားခဲ့တာ တွေ့ရပြီး လူမဲ့ကုန်လက်မခံတော့ဘူးဆိုတာကို သတင်းတွေမှာမတွေ့ရပါဘူး။

ဒီသတင်းပျံ့နှံ့ပြီးနောက် အောင်မင်္ဂလာအဝေးပြေးကားဂိတ်အခြေစိုက် အဝေးပြေးယာဉ်လိုင်းတွေက ဖေ့စ်ဘွတ် စာမျက်နှာတွေမှာတော့ ကုန်ပစ္စည်းပို့လို့ရကြောင်း ကြော်ငြာနေကြတာတွေ့ရပါတယ်။ Elite Express ၊နယူးမန္တလာထွန်း၊ ရွှေစင်စကြာစတဲ့ အဝေးပြေးဂိတ်တွေက ကြော်ငြာထားတဲ့ ကုန်စည်ပို့ဆောင်နေကြောင်း ကြေညာချက်တွေကို ဒီလင့်ခ်ဒီလင့်ခ်နဲ့ ဒီလင့်ခ်တွေမှာကြည့်ပါ။

ထို့အပြင် “ဩဂုတ် ၃ ရက်နေ့မှ စ၍ လူမဲ့တန်ဆာ တင်ဆောင်ခွင့်မပြုလုပ်ရန် အကြမ်းဖက်စစ်ကောင်စီက တားမြစ်လိုက် ပါတယ်။”ဆိုတဲ့ ခေါင်းစဉ်နဲ့ ဒီပို့စ်မှာပါတဲ့ယာဉ်လိုင်းတာဝန်ခံတစ်ဦး ရဲ့ပြောကြားချက်အရ ကြည့်မယ်ဆိုရင်လည်း လူမဲ့တန်ဆာပစ္စည်းပို့တာကို လက်မခံတော့ဘူးဆိုတဲ့ အဓိပ္ပာယ်မတွေ့ရပါဘူး။ ဒီပြောဆိုချက်အရပဲ  Express ကားတွေမှာ လူထိုင်ခုံနေရာတွေမှာ ကုန်စည်တင်ရင်ဖမ်းဆီးတယ်လို့ နားလည်ရပါတယ်။

သုံးသပ်ချက်

Express ကားတွေကို ဩဂုတ် ၃ ရက်စပြီး လူမဲ့တန်ဆာ တင်ဆောင်ခွင့်မပြုလုပ်ရန် အကြမ်းဖက်စစ်ကောင်စီက တားမြစ်လိုက်တယ်ဆိုတဲ့ သတင်းဟာ နားလည်မှုလွဲစေနိုင်တဲ့ သတင်းမှားတစ်ခုသာဖြစ်ပါတယ်။

Avatar

Title:Fact Check: Express ကားတွေမှာ လူမဲ့တန်ဆာပစ္စည်းပို့တာ လက်မခံတော့ဘူးဆိုတာ မဟုတ်ပါ

Fact Check By: Nayar Maung 

Result: Missing Context


Leave a Reply

Your email address will not be published. Required fields are marked *