Fact Check: ရွှေတိဂုံဘုရားချနင်းဖို့ ဒေါ်စုစေခိုင်းခဲ့လို့ သာဝန်ထွက်ဆိုတဲ့အချက်အလက် မှား

False နိုင်ငံရေး

ရွေတိဂုံဘုရားကိုချနင်းဖို့အတွက် Hip Pop အဆိုတော် Project K အဖွဲ့ကို ဒေါ်အောင်ဆန်းစုကြည်က စေခိုင်း တာလို့ သာသနာရေးဝန်ကြီးကဖြောင့်ချက်ပေးထွက်ဆိုတယ်ဆိုတဲ့ ပို့စ်တစ်ခု ဖေ့စ်ဘွတ်အသုံးပြုသူတွေအကြား ကြိမ်ဖန် များစွာပျံ့နှံ့ လျက်ရှိပါတယ်။ နားလည်မှုလွဲစေနိုင်တဲ့ ဝါဒဖြန့်ချိရေး အချက်အလက်မှားတွေဖြစ်တာ တွေ့ရပါတယ်။ 

ပျံ့နှံ့ခဲ့တဲ့ ပို့စ်တွေမှာ “သာ/ဝန်ဖြောင့်ချက်”လို့ ခေါင်းစဉ်တပ်ရေးသားထားပြီး ရွှေတိဂုံဘုရားကို နင်းတာဟာ ယတြာခြေတဲ့အနေနဲ့ ဒေါ်အောင်ဆန်းစုကြည်ကလုပ်ခိုင်းခဲ့တာဖြစ်ပြီး ဒီကိစ္စအပြီးမှာ Project K ကို သိန်းတစ်ထောင်ပေးခဲ့တယ်လို့လည်းရေးသားထားပါတယ်။ 

ပျံ့နှံ့ခဲ့တဲ့ပို့စ်ပါစာသားကောက်နှုတ်ချက်အချို့မှာအောက်ပါအတိုင်းဖြစ်ပါတယ်။

“ရွေတိဂုံဘုရား ချနင်းဖို့ (ဒေါ်စု)  စေခိုင်းခဲ့…. သာဝန်ထွက်ဆိုပြီး…..ပဒဲကော K ရဲ့ လုပ်ဆောင်မှု ၊ ယတြာ ကိန်းခန်းတွေ မပြတ်လုပ်ဆောင်နေတဲ့  အာဏာရ လူတွေဟာ ၂၀၂၀ မှာ ဘာသာရေး အရောင်မှိန်ပြီး သူတို့ဩဇာ အာဏာတည်စေဖို့ မဘသလိုအခြား အဖွဲ့အစည်းတွေ  ဝင်မရှု ပ်အောင်နံနှိမ် ယတြာ လုပ်ဖို့   ဘိုးတော်ကြီး တစ်ဦးက(နာမည်ထည့်မရေးတော့ပါ)    ခြေနင်းယတြာပေးတယ်၊ မြန်မာပြည် ထဲ မှာ   လုပ်ရင် ကွို င် ပူမယ် ၊ အဲဒီအခါ မှာ ပဒဲကော K ကို   အသုံးချ ပြီး အကြံပေးလိုက်တယ် ၊ ကိုရီးယားမှာ ပုံတော်မြတ် ကို နင်းပြီး သီချ င်းဆိုတယ် ၊ အဓိက က  ပုံတော်နင်းသူက မြန်မာ ဗုဒ္ဓ ဘာသာဖြစ်ရမယ် ၊ဒေါ်စု ဗုဒွဘာသာဖျက်စီးဖို့ လုပ်ခဲ့တာတွေဆုငွေ သိန်းတစ်ထောင်ပေးခဲ့တာလို့ သာဝန်မှယနေ့ထွက်ဆိုပါပြီ”လို့ ရေးသားပြီး “Soepyae Pyaesoe” အမည်နဲ့ဖေ့စ်ဘွတ်အသုံးပြုသူကမျှဝေထားပါတယ်။

မူရင်းလင်ခ့် – FB linkArchive link  

စစ်တပ်က အာဏာသိမ်းပြီးစ ၂၀၂၁ ခုနှစ်မတ်လကတည်းက ဒီပို့စ်ကိုဖြန့်ဝေနေတာတွေ့ရပါတယ်။ တူညီတဲ့ ရေးသားမျှဝေမှုတွေကို ဒီနေရာဒီနေရာနဲ့ ဒီနေရာမှာကြည့်ပါ။

အချက်အလက်စိစစ်ချက်

၂၀၂၀ ခုနှစ် အောက်တိုဘာလထဲမှာ ကိုရီးယားမှာကျင်းပတဲ့ Asia Song Festival မှာ ရွှေတိဂုံဘုရားကိုနောက်ခံပြု တဲ့ ဖျော်ဖြေတင်ဆက်ခဲ့မှုနဲ့ပတ်သက်ပြီး Project K အဖွဲ့က အဲဒီအချိန်ကတည်းက ရှင်းလင်းခဲ့ပြီးဖြစ်ပါတယ်။ ဖျော်ဖြေတင်ဆက်တဲ့အဖွဲ့များရဲ့ နိုင်ငံကအထင်ကရပုံရိပ်တွေကို ကိုရီးယားသမ္မတနိုင်ငံ ပွဲစီစဉ်သူများက စီစဉ် တာဖြစ်ပြီး အကကိစ္စအတွက် အာရုံစိုက်နေတာမို့ နောက်ခံကပြသမယ့် LED board ပေါ်က ပုံရိပ်ကို သတိပြုမိခြင်းမရှိခဲ့ဘူးလို့လည်း Project K ကထုတ်ပြန်ချက်မှာရေးသားထားပါတယ်။ အသေးစိတ်ကို အောက်ပါ လင့်ခ်မှာ ဖတ်နိုင်ပါတယ်။

မူရင်းလင်ခ့် – Project KArchive link  

သမ္မတဦးဝင်းမြင့်ဦးဆောင်တဲ့အစိုးရလက်ထက်မှာ သာသနာရေးနဲ့ ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး အဖြစ်တာဝန်ယူခဲ့တဲ့ သူရဦးအောင်ကိုဟာ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၅ အရ အလုပ်နဲ့ ထောင်ဒဏ် ၁၂ နှစ် ချမှတ်ခံခဲ့ရပါတယ်။ သာသနာ့နုဂ္ဂဟ ဘွဲ့တံဆိပ်ချီးမြှင့်တဲ့ ကိစ္စနဲ့ လုပ်ငန်းရှင်တဦးဆီက ငွေကြေးနဲ့ပစ္စည်းလက်ခံခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ အခုလိုထောင်ချခံရတာပါ။

မူရင်းလင်ခ့် – VOA BurmeseArchive link  

သုံးသပ်ချက်

LED Board မှာပြသခဲ့တဲ့ ရွှေတိဂုံဘုရားပုံကို ကိုရီးယားနိုင်ငံက ပွဲစီစဉ်သူတွေကစီစဉ်တာလို့ Project K အဖွဲ့က ရှင်းလင်းထားပြီးဖြစ်သလို သာသနာရေးဝန်ကြီး သူရဦးအောင်ကို စစ်တပ်က ဖမ်းဆီး ထောင်ချခဲ့တဲ့ ကိစ္စရပ်ဟာ သာသနာ့နုဂ္ဂဟ ဘွဲ့တံဆိပ်ချီးမြှင့်တဲ့ ကိစ္စနဲ့လုပ်ငန်းရှင်တဦးဆီငွေကြေးနဲ့ ပစ္စည်း လက်ခံခဲ့တယ်ဆိုတဲ့ စွပ်စွဲ ချက်ဖြစ်ပါတယ်။ ဒါကြောင့် Project K ကို ပိုက်ဆံပေးပြီး ရွှေတိဂုံဘုရားကိုနင်းခိုင်းတဲ့ ကိစ္စဟာ ဒေါ်အောင်ဆန်း စုကြည်ရဲ့ အစီအစဉ် ဆိုတာမှားယွင်းပြီး သာသနာရေးဝန်ကြီးဦးအောင်ကိုအနေနဲ့လည်း စွပ်စွဲခံရတဲ့ အမှုနဲ့ သက်ဆိုင်ခြင်းမရှိတဲ့ ကိစ္စကို ထွက်ဆို ဖွယ်ရာမရှိပါဘူး။ Project K အဖွဲ့ ရွှေတိဂုံဘုရားကိုချနင်းတဲ့ကိစ္စဟာ ပုံဖော်ထားတဲ့အရိပ်ကိုနင်းတာမို့ တကယ့်ဘုရားကိုနင်းသလို ငရဲမကြီးဘူးလို့ ဒေါ်အောင်ဆန်းစုကြည်က ပြောတယ်ဆိုပြီးတော့ သတင်းတုဖြန့်ဝေခဲ့ ပါသေးတယ်။ Fact Crescendo က အချက်အလက်စိစစ်ထားတာ ဒီလင့်ခ်မှာကြည့်ပါ။

Avatar

Title:Fact Check: ရွှေတိဂုံဘုရားချနင်းဖို့ ဒေါ်စုစေခိုင်းခဲ့လို့ သာဝန်ထွက်ဆိုတဲ့အချက်အလက် မှား

Fact Check By: Nayar Maung 

Result: False


Leave a Reply

Your email address will not be published.