Fact Check: PDF တွေကို ကျည်ပြီးဆေးထိုးပေးမယ်လို့ ဒေါက်တာဇော်ဝေစိုးပြောဆိုတဲ့ သတင်းတု

Misleading နိုင်ငံရေး | Politics

ရှေ့တန်းက တိုက်ပွဲဝင်နေကြတဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)တွေကို ကျည်မတိုးဆေးထိုးပေးမယ်လို့ အမျိုးသားညီညွှတ်ရေးအစိုး(NUG)ကျန်းမာရေးနဲ့ ပညာရေးဝန်ကြီး ဒေါက်တာဇော်ဝေစိုးပြောတယ်ဆိုပြီး သတင်းစာဖြတ်ပိုင်းပုံ screenshot တစ်ခု ဖေ့စ်ဘွတ်မှာ ပျံ့နှံ့မှုအားကောင်းလျက်ရှိပါတယ်။ သတင်းတုပြုလုပ်မျှဝေနေခြင်းဖြစ်တာတွေ့ရပါတယ်။

ပျံ့နှံ့နေတဲ့ Screenshot ဓာတ်ပုံထဲမှာ ဒေါက်တာဇော်ဝေစိုးဓာတ်ပုံနဲ့အတူ မေ ၁၉ ရက်ကလုပ်တဲ့ NUG နဲ့ CRPH တို့ရဲ့အစည်းအဝေးမှာ သူကပြောကြားခဲ့တာဖြစ်တယ်လို့လည်းရေးသားထားပါတယ်။

“တစ်နှစ်တာကာလအတွင်း ဆရာတို့ တီထွင်မှုတွေ တိုးတက်မြင့်မားလာ တာအထူးပဲဝမ်းမြောက်ရပါတယ်။”လို့ ရေးသားပြီး “Naing Thein Myint”အမည်နဲ့ဖေ့စ်ဘွတ်အသုံးပြုသူက အောက်ပါအတိုင်းမျှဝေထားပါတယ်။ အလားတူမျှဝေမှုတွေကို ဒီနေရာဒီနေရာဒီနေရာနဲ့ ဒီနေရာမှာ လည်းတွေ့ရပါတယ်။

မူရင်းလင်ခ့် – Fb linkArchive link  

ဒီလိုမျှဝေထားတဲ့ပို့စ်တွေကို ဖေ့စ်ဘွတ်အသုံးပြုသူကပေးတဲ့ တုန့်ပြန်မှုကို လေ့လာကြည့်ရာမှာ အပြောင် အပျက်အနေနဲ့ မျှဝေထားကို အများစုက နားလည်ကြပေမဲ့ ဒေါက်တာဇော်ဝေစိုးက တကယ်ပြောခဲ့ သယောင်နားလည်းမှုလွဲစေနိုင်တာလည်းတွေ့ရပါတယ်။

အချက်အလက်စိစစ်ချက်

ပထမဆုံး ပို့စ်မှာပါတဲ့ ၂၀၂၂ ခုနှစ် မေ ၁၉ ရက်ကလုပ်တဲ့ NUG နဲ့ CRPH တို့ရဲ့အစည်းအဝေးမှာ NUG ကျန်းမားရေးဝန်ကြီး ဒေါက်တာဇော်ဝေစိုးသူကပြောကြားခဲ့တာဖြစ်တယ်ဆိုတဲ့ပြောဆိုချက်နဲ့ ပတ်သက်ပြီး အချက်အလက်စိစစ် ကြည့်ရအောင်ပါ။ NUG ကျန်းမားရေးဝန်ကြီး ဒေါက်တာဇော်ဝေစိုးရဲ့ ဖေ့စ်ဘွတ်အကောင့်ကို ဒီနေရာမှာကြည့်ပါ။ သူ့ရဲ့ဖေ့စ်ဘွတ်စာ မျက်နှာမှာ သူပါဝင်တက်ရောက်တဲ့ အစည်းအဝေးတွေကို ပုံမှန်မျှဝေလေ့ရှိတာတွေ့ရပါတယ်။ မေခဲ့တာတွေ့ရပါတယ်။ မေ ၁၉ ရက်နေ့မှာ ဒေါက်တာဇော်ဝေစိုးအနေဟာ သူ့ရဲ့ လူမှုကွန်ယက်မှာ အကြောင်းအရာ ၂ ခုကို မျှဝေထားပြီး အစည်းအဝေးလုပ်တယ်ဆိုတဲ့ အထောက်အ ထားမတွေ့ရပါဘူး။ သူမျှဝေထားတဲ့ ပို့စ်တစ်ခုမှာ ကိုရီးယားမှာ ဒေါက်တာစင်သီယာမောင် လူ့အခွင့်အရေးဆု တက်ယူရောက်ယူတဲ့ ဗွီဒီယိုဖြစ်ပြီး  နောက်တစ်ခုကတော့ “ကမ္ဘာလုံးဆိုင်ရာ ယာဉ်လမ်းအန္တရာယ်ကင်းရှင်းရေး ရက်သတ္တပတ်”အကြောင်းပဲဖြစ်ပါတယ်။ 

အခြားသော အမျိုးသားညီညွှတ်ရေးအစိုးရ(National Unity Government of Myanmar) နဲ့ ပြည်ထောင်စု လွှတ်တော်ကိုယ်စားပြုကော်မတီ(Committee Representing Pyidaungsu Hluttaw – CRPH)တို့ရဲ့ ဖေ့စ်ဘွတ် စာမျက်နှာမှာလည်း ၂၀၂၂ ခုနှစ် မေ ၁၉ ရက်မှာ အစည်းအဝေးလုပ်တဲ့အကြောင်းအရာကို မတွေ့ရပါဘူး။

အခုလိုမျိုး သတင်းစာဖြတ်ပိုင်းပုံသဏ္ဌာန်နဲ့ သတင်းတုပြုလုပ်ပြီး ဒေါက်တာဇော်ဝေစိုးအကြောင်း ဖြန့်ချိမှုတွေကို Fact Crescendo ကအချက်အလက် စိစစ်ထားတာ ဒီလင့်ခ်နဲ့ဒီလင့်ခ်မှာကြည့်နိုင်ပါတယ်။

သုံးသပ်ချက်

အထက်ပါအချက်အလက်တွေအရ PDF တွေကို ကျည်မတိုးဆေးထိုးပေးမယ်လို့ ဒေါက်တာဇော်ဝေစိုးပြောတယ် ဆိုတာသတင်းတုသာဖြစ်ပါတယ်။

Avatar

Title:Fact Check: PDF တွေကို ကျည်ပြီးဆေးထိုးပေးမယ်လို့ ဒေါက်တာဇော်ဝေစိုးပြောဆိုတဲ့ သတင်းတု

Fact Check By: Nayar Maung 

Result: Misleading


Leave a Reply

Your email address will not be published. Required fields are marked *