Fact Check: NUG သမ္မတကို စစ်တပ်က ဖမ်းလိုက်ပြီး ရုံးချုပ်ကိုလည်း လေယာဉ်၈ စီးနဲ့ ဗုံးကြဲတဲ့ သတင်းတု
အမျိုးသားညီညွှတ်ရေးအစိုးရ(NUG)ရဲ့ သမ္မတဖြစ်သူကို စစ်တပ်က ဖမ်းဆီးလိုက်ပြီး NUG ရုံးချုပ်ကိုလည်း လေယာဉ် ၈ စီးနဲ့ ဗုံးကြဲခံရတာကြောင့် ပြည်ထောင်စု အစိုးရရုံးဝန်ကြီး ဒေါက်တာ ဇော်ဝေစိုး သေဆုံးခဲ့တယ် လို့ဆိုထားတဲ့ ဗွီဒီယိုတခု ယူကျူ့မှာ ပျံ့နှံ့မှုအားကောင်း နေတယ်။ သတင်းတု ဖြန့်ချိ နေခြင်းဖြစ်တယ်။ ပျံ့နှံ့မှုအားကောင်းနေတဲ့ ဗွီဒီယိုပို့စ်တခုက ရယူထားတဲ့ စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကို အောက်မှာကြည့်ပါ။ “ဒီတိုင်းဆို တော်လှန်ရေး ရှုံးပြီဟာ NUG သမ္မတ ကို အရှင် ဖမ်းပြီး NUG ရုံးချုပ် ကို လေယာဉ်(၈)စီး နဲ့ ဗုံးကြဲလို့ ဇော်ဝေစိုး သေပါပြီ” Original link | Archive link အချက်အလက်စိစစ်ချက် သတင်းလုပ်ငန်းလုပ်ကိုင်နေတဲ့ အဓိကကျတဲ့ မီဒီယာတွေနဲ့ ယုံကြည်ရတဲ့ […]
Continue Reading
