
လွိုင်ကော် ဟိုဖိတ်ကျေးရွာမှာ KNPP နဲ့ PDF က အမျိုးသမီးတစ်ဦးကို မျက်လုံးဖောက်သတ်ဖြတ်ခဲ့တယ်ဆိုပြီး ဓာတ်ပုံ ၃ ပုံကို ဖေ့စ်ဘွတ်မှာ ဖြန့်ဝေလျက်ရှိတာတွေ့ရပါတယ်။
သို့သော် ဒီမော့ဆို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ဒီလုပ်ရပ်ဟာ သူတို့နဲ့ မသက်ဆိုင်ကြောင်း ငြင်းဆိုထားတာ တွေ့ရပါတယ်။
ပျံ့နှံ့ခဲ့တဲ့ပို့စ်တွေမှာ “KNPP, PDF ၏ War Crime (စစ်ရာဇဝတ်မှု) ကျူးလွန်ခြင်း”လို့ ခေါင်းစဉ်တပ် ရေးသားထားပါတယ်။ “KNPP+PDF အဖွဲ့တွေဟာ လွိင်ကော်မြိုနယ်၊ ဂေါ်ရခါးရွာမှာ ခိုအောင်းနေရာကနေ တပ်မတော်ရဲ့ တိုက်ခိုက်မှုကြောင့် ဟိုဖိတ်ရွာသို ထွက်ပြေးတိမ်းရှောင်သွားခဲ့ပြီး ထပ်မံလိုက်လံတိုက်ခိုက်ရာမှာ လူနေအဆောက်အဦ၊ ပြည်သူပိုင်အဆောက်အဦနဲ့ ဘာသာရေး အဆောက်အဦ များတွင် ပစ်ကျင်း၊ ပစ်ကုတ်များတူးပြီး ခံစစ်ပြင်ဆင်တပ်စွဲခြင်းနှင့် ရပ်ကွက်များ အတွင်း ဆက်သွယ်ရေး မြောင်းများ၊ သဲအိတ် ဘန်ကာများ၊ ပစ်ကျင်းများပြုလုပ်တိုက်ခိုက်ခဲ့ ဒေသခံများအား လူသားတံတိုင်း အဖြစ်အသုံးချကာ လွိင်ကော်မြို့ မိုင်းလုံးရပ်ကွက်မှ ဖမ်းဆီးလာခဲ့တဲ့ ဦးစိုးထွေး (၅၀)နှစ်နှင့် အမည်မသိ အမျိုးသမီး ၁ ဦးတိုအား ထိပ်တုံးခတ်လျက် တွေ့ရှိရတဲ့အနက်ကနေ အမျိုးသမီးမှာ မျက်လုံးများထိုး ဖောက်ခံထားရတဲ့ဒဏ်ရာဖြင့် သေဆုံးလျက်ရှိပြီး ဦးစိုးထွေးမှာ ထိုးကြိတ်ရိုက်(စိုးရိမ်ရ)ဒဏ်ရာရရှိခဲ့ကြောင်းနဲ့ အခြားသော ၃ ဦးနဲ့အတူ ဇန်နဝါရီ ၁၇ ရက်ကတည်းက ဖမ်းဆီးခံခဲ့ရတာဖြစ်ပြီး ကျန် ၃ ဦးကိုတော့ ဆက်လက်ဖမ်းဆီး ခေါ်ဆောင်ထားတယ်”စသည်ဖြင့်ပါဝင်ပြီး “Min Min Oo”အမည်နဲ့ဖေ့စ်ဘွတ်အသုံးပြုသူက ဓာတ်ပုံ ၃ ပုံနဲ့အတူမျှဝေထားတာကိုအောက်ပါအတိုင်းတွေ့ရပါတယ်။ အခြားသော တူညီတဲ့မျှဝေမှုတွေကို ဒီနေရာ၊ဒီနေရာ၊ဒီနေရာ၊ဒီနေရာ၊ဒီနေရာနဲ့ ဒီနေရာမှာလည်းတွေ့ရပါတယ်။

မူရင်းလင်ခ့် – Fb link | Archive link
အချက်အလက်စိစစ်ချက်
ဒီလို့ ပျံ့နှံ့ခဲ့တဲ့ အကြောင်းအရာနဲ့ပတ်သက်ပြီး ပြည်သူ့ကာကွယ်ရေးတပ် – ဒီးမော့ဆိုမြို့နယ်က ဇန်နဝါရီ ၂၅ ရက်နေ့ကထုတ်ပြန်ကြေညာချက်တစ်ခုထုတ်ပြန်ခဲ့တာတွေ့ရပြီး ကြေညာချက်ထဲမှာ ဒီဖြစ်စဉ်ဟာ စစ်တပ်က ကျူးလွန်ခဲ့တယ်ဆို စုံးစမ်းသိရှိရကြောင်းနဲ့ ပြည်သူ့ကာကွယ်ရေးတပ်-ဒီးမော့ဆို(DMO-PDF)တပ်ဖွဲ့နဲ့ လုံးဝမသက်ဆိုင်ကြောင်း ထုတ်ပြန်ခဲ့တာတွေ့ရပါတယ်၊

မူရင်းလင်ခ့် – ပြည်သူ့ကာကွယ်ရေးတပ် – ဒီးမော့ဆိုမြို့နယ် | Archive link
ထို့အပြင် ဒီလုပ်ရပ်မျိုးကို ကရင်တော်လှန်ရေးတပ်ဖွဲ့တွေအနေနဲ့ လုပ်မှာမဟုတ်ကြောင်း ကရင်နီအမျိုးသား ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(KNDF)ကတာဝန်ရှိသူ ကိုသိုက်ကလည်း ကန္တရဝတီတိုင်းမ်းသတင်းဌာနကို ပြောကြားထားပါတယ်။
မူရင်းလင်ခ့် – Kantarawaddy Times | Archive link
ပျံ့နှံ့လျက်ရှိတဲ့ လူမှုကွန်ယက် ပို့စ်ပါ ဓာတ်ပုံတွေဟာ ယခုဖြစ်စဉ်နဲ့ သက်ဆိုင်ခြင်းရှိမရှိ Fact Crescendo အနေနဲ့သီးခြားအတည်ပြုနိုင်ခြင်းမရှိပါဘူး။ KNPP၊PDF တို့နဲ့ တိုက်ပွဲဖြစ်စဉ်နဲ့ ပတ်သက်ပြီး စစ်တပ်က ထုတ်ပြန်ချက်ကို ဒီလင့်ခ်မှာတွေ့ရပါတယ်။
သုံးသပ်ချက်
အထက်ပါအချက်အလက်တွေအရ ဟိုဖိတ်ကျေးရွာမှာ KNPP နဲ့ PDF က အမျိုးသမီးတစ်ဦးကို မျက်လုံး ဖောက်သတ်ဖြတ်ခဲ့တယ်ဆိုတဲ့ဖြစ်စဉ်ဟာ အထောက်အထားမရှိတာတွေ့ရပါတယ်။

Title:Fact Check: ဟိုဖိတ်ရွာမှာ KNPP နဲ့ PDF က အမျိုးသမီးတစ်ဦးကို မျက်လုံးဖောက် သတ်ဖြတ်ခဲ့တယ်ဆိုတဲ့ သတင်းမှား
Fact Check By: Zun ZeeResult: Missing Context