ပ‌ဟေဠိဖြေဆိုနိုင်သူတွေကို Apple ကုမ္ပဏီက iPhone အမှတ်တံဆိပ် ဖုန်းတွေပေးမယ်လို့ ဆိုလိုထားတဲ့ ပို့စ်တွေ ဖေ့စ်ဘွတ်အသုံးပြုသူတွေအကြား ပျံ့နှံ့နေတာဟာ သတင်းမှာတခုသာဖြစ်တာတွေ့ရတယ်။

မတ် ၃ ရက်က ဖြန့်ဝေခဲ့ပြီး ပျံ့နှံ့မှုအားကောင်းနေဆဲ ဖေ့စ်ဘွတ်ပို့စ်စခရင်ရှော့နဲ့ ပို့စ်ပါစာသားကောက်နုတ်ကို အောက်မှာ ကြည့်ပါ။ ဒီပို့စ်ဟာ လက်ရှိအချိန်မှာ ပြန်လည်မျှဝေမှုပေါင်း ၆၀၀၀ ကျော်ရှိထားတယ်။ ဒီတူညီတဲ့ရေးသားမျှဝေမှုကိုပဲ ဇူလိုင် ၁၃ ရက်က ထပ်မံ ဖြန့်ဝေခဲ့ရာမှာတော့ ပြန်လည်မျှဝေမှုပေါင်း ၁၄၀၀ကျော်ရရှိခဲ့တယ်။ ဒီနေရာမှာလည်းတွေ့ရတယ်။

“{29} မှလွဲ၍ အခြားနံပါတ်တစ်ခုကို ရှာတွေ့ပါက iPHONE မှ အံ့သြဖွယ်လက်ဆောင်တစ်ခု ရရှိမည်ဖြစ်သည်။

မှတ်ချက်- ဤဝန်ဆောင်မှုသည် ကျွန်ုပ်တို့ထံမှ လက်ဆောင်မရရှိဖူးသူများအတွက် ရည်ရွယ်ပါသည်။ ကံကောင်းပါစေ ❤️

@pengikut”

C:-Users-User-Downloads-13.png

မူရင်းလင်ခ့် – Fb link | Archive link

အချက်အလက်စိစစ်ချက်

ဒီလိုကြော်ငြာမှုမျိုးကို ဖုန်းထုတ်လုပ်တဲ့ Apple ကုမ္ပဏီအပါအဝင် iPhone ဖြန့်ချိနေတဲ့ ကုမ္ပဏီတွေက ကြော်ငြာနေတဲ့ အထောက်အထားမတွေ့ရပါဘူး။ ဒီစာမျက်နှာဟာ Apple ကုမ္ပဏီ အမှတ်တံဆိပ်အသုံးပြုပြီး လုပ်ကြံရေးသားမျှဝေနေတဲ့ စာမျက်နှာတခုဖြစ်တာလည်းတွေ့ရပါတယ်။ ၂၀၂၃ ခုနှစ် နိုဝင်ဘာ ၁၆ ရက်က စတင်ဖွင့်လှစ်ခဲ့တဲ့ ဒီဖေ့စ်ဘွတ်စာမျက်နှာဟာ ပ‌ဟေဠိဖြေဆိုနိုင်သူတွေကို iPhone အပါအဝင် အံဩဖွယ် လက်ဆောင်တွေပေးနေတယ်ဆိုတဲ့ Gallary iPhone Fans ၊ Coca Cola Fans အမည်နဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ပြန်လည်မျှဝေထားတာတွေ့ရပါတယ်။

C:-Users-User-Downloads-13.png

Coca Cola Fans အမည်နဲ့ ဖေ့စ်ဘွတ်စာမျက်နှာဟာ ကုမ္ပဏီနဲ့ မသက်ဆိုင်တဲ့အကြောင်း Coca Cola Myanmar ဘက်က ရှင်းလင်းချက်ထုတ်ပြန် အသိပေးထားခြင်းခံရပါတယ်။ Fact Crescendo Myanmar ရဲ့ အချက်အလက် စိစစ်ချက်ကို ဒီလင့်ခ်မှာကြည့်ပါ။

C:-Users-User-Downloads-13.png

ဒီလို ပ‌ဟေဠိဖြေဆိုနိုင်သူတွေကို Toyota ကုမ္ပဏီက Toyota Hilux ကားသစ်တွေ ပေးနေတယ်ဆိုပြီးတော့လည်း လုပ်ကြံရေးသားဖြန့်ဝေချက် ဖြန့်ဝေခဲ့တာနဲ့ ပတ်သက်ပြီး ၂၀၂၄ ၊ ဇူလိုင် ၂၃ ရက်က အချက်အလက်စိစစ်ဖော်ပြခဲ့ ပါသေးတယ်။ ဒီလင့်ခ်မှာကြည့်ပါ။

သုံးသပ်ချက်

ပ‌ဟေဠိဖြေဆိုနိုင်သူတွေကို Apple ကုမ္ပဏီက iPhone အမှတ်တံဆိပ် ဖုန်းတွေပေးမယ်လို့ ဆိုလိုထားပြီး ဖေ့စ်ဘွတ်မှာ ဖြန့်ဝေနေတာတွေဟာ လိမ်လည်လှည့်စားထားခြင်းသာဖြစ်တယ်။ ဒီလိုကြေညာမှုမျိုးကို Apple ကုမ္ပဏီအပါအဝင် iPhone ရောင်းချနေတဲ့ ကိုယ်စားလှယ်ကုမ္ပဏီတွေမှာ ဖော်ပြချက်မရှိပါဘူး။

Avatar

Title:Fact Check: ပ‌ဟေဠိဖြေနိုင်သူတွေကို Apple ကုမ္ပဏီက iPhone အမှတ်တံဆိပ် ဖုန်းတွေပေးမယ်ဆိုတဲ့ သတင်းတု

Written By: နေရာမောင်

Result: False