Fact Check: ကောလင်းမှာ ရဟတ်ယာဉ်ပစ်ချခံရတယ်ဆိုတဲ့ သတင်းမှား

Misleading နိုင်ငံရေး | Politics

ကောလင်းမြို့ ကျောက်တန်းရွာမှာတိုက်ပွဲဖြစ်ပြီး စစ်တပ်ရဟတ်ယာဉ်တစီး ပစ်ချခံရမှုမှာ ဗိုလ်ကြီးနဲ့ စစ်သား ၉ ‌ယောက်သေဆုံးတယ်လို့ဆိုထားတဲ့ ဗွီဒီယိုတခုယူကျူ့မှာ ဖြန့်ဝေထားရာ ပျံ့နှံ့မှုအားကောင်း လျှက်ရှိပါတယ်။

အောက်ပါစာသားနဲ့ စခရင်ရှော့ကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ယူကျူ့ဗွီဒီယိုတခုက ရယူထားခြင်းဖြစ်တယ်။ ဖေဖော်ဝါရီ ၂၅ ရက်မှာ စတင်ဖြန့်ဝေထားတဲ့ ဒီဗွီဒီယိုဟာ လက်ရှိအချိန်မှာ ကြည့်ရှူ့မှုပေါင်း ၈၀၀၀၀ ကျော်ရရှိ ထားတယ်။

“‌ကောလင်းမြို့ ကျောက်တန်းရွာမှာတိုက်ပွဲဖြစ် စစ်တပ်မှရဟတ်ယာန်ဖြင့်လိုက်ပစ်နေစဉ် ပစ်ချခံရပြီး ဗိုလ်ကြီးနဲ့ စစ်ခွေး၉ဦးသေ”(မူရင်းအရေးအသား)

မူရင်းလင်ခ့် – Youtube link | Archive link

အချက်အလက်စိစစ်ချက်

တကယ်တမ်း ဗွီဒီယိုတွေပါသတင်းဟာ ဧရာဝတီတိုင်းမ်သတင်းဌာနကဖော်ပြခဲ့တဲ့ “ကောလင်းမြို့ ကျောက်တန်းရွာတွင် စစ်ကောင်စီနှင့် တိုက်ပွဲပြန်လည်ဖြစ်ပွားနေပြီး စစ်ကောင်စီတပ်က မြို့ပေါ်ရှိ အိမ်ခြေ ၈၀ ရာခိုင်နှုန်းခန့်ကို ပြာကျအောင် မီးရှို့ထား”ဆိုတဲ့ သတင်းကို ပြန်လည်ဖတ်ကြားနေခြင်းဖြစ်တယ်။ 

ကျောက်တန်းရွာအနီးရှိ သစ်ဖုလှစစ်ကောင်စီစခန်းကို ဖေဖော်ဝါရီ ၂၃ ရက်မှာ တော်လှန်ရေးတပ်ဖွဲ့များက ၀င်ရောက်တိုက်ခိုက်ရာ တိုက်ပွဲပြင်းထန်စွာဖြစ်ပွားခဲ့ပြီး စစ်ကောင်စီက လက်နက်ကြီးနဲ့ လေကြောင်း ပစ်ကူပေးနေတဲ့အကြောင်းနဲ့ ကောလင်းမြို့ပေါ်မှာလည်း စစ်ကောင်စီက မီးရှို့နေတဲ့အကြောင်း ဖော်ပြထားခြင်းဖြစ်တယ်။ ရဟတ်ယာဉ် ပစ်ချတဲ့အကြောင်းမပါဝင်ပါဘူး။

၈ မိနစ်ကျော်ရှည်လျားတဲ့ ဒီဗွီဒီယိုထဲမှာ နောက်ထပ်ပါဝင်တဲ့ အကြောင်းအရာတွေဟာလည်း ဧရာဝတီတိုင်းမ် သတင်းဌာနကဖော်ပြခဲ့တဲ့ “ပုသိမ်တက္ကသိုလ် မှ စစ်သင်တန်းတက်သူများကို အိမ်ပြန်ခွင့်မပေးပဲ စစ်တပ်တွင်းမှာသာ နေခိုင်း”တဲ့ သတင်းနဲ့ “ရခိုင်တွင် သေဆုံးသွားသည့် အောက်ခြေတပ်မိသားစု၀င်များ၏ အခြေအနေမှန်ကို စစ်ကောင်စီက အသိပေးခြင်းမရှိဘဲ စစ်တိုက်ခိုင်းထား၊  ပျောက်ဆုံး သေဆုံး တပ်ဖွဲ့ဝင်များ၏ မိသားစုဝင်အချို့  အာဟာရ ပြတ်လပ်၍ ရန်ကုန်သို့ ရောက်ရှိနေ”စတဲ့ သတင်းတွေကို ပြန်လည်ဖတ်ကြား နေခြင်းဖြစ်တယ်။

သုံးသပ်ချက်

 ဧရာဝတီတိုင်းမ်သတင်းဌာနက ဖော်ပြခဲ့တဲ့ ကောလင်း ကျောက်တန်းရွာတိုက်ပွဲဖြစ်တဲ့ သတင်းကို နားလည်မှုလွဲစေနိုင်တဲ့ ခေါင်းစဉ်တုတပ်ကာ ဖြန့်ချိထားခြင်းဖြစ်တယ်။ ကျောက်တန်းရွာအနီးရှိ သစ်ဖုလှစစ်ကောင်စီစခန်းကို ဖေဖော်ဝါရီ ၂၃ ရက်မှာ တော်လှန်ရေးတပ်ဖွဲ့များက ၀င်ရောက်တိုက်ခိုက်ရာ တိုက်ပွဲပြင်းထန်စွာဖြစ်ပွားခဲ့ပြီး စစ်တပ်ဘက်က လေကြောင်းပစ်ကူပါပေးခဲ့တယ်လို့ မူလသတင်းမှာဖော်ပြ ထားပေမဲ့ ရဟတ်ယာဉ် သို့မဟုတ် လေယာဉ်ကို တော်လှန်ရေးတပ်ဖွဲ့တွေဘက်က ပစ်ချခဲ့တဲ့အကြောင်း ဖော်ပြချက်မတွေ့ရပါဘူ။

ပြောဆိုချက်- ကောလင်းမှာ ရဟတ်ယာဉ်ပစ်ချခံရပြီ စစ်ဗိုလ်နဲ့ စစ်သား ၉ ဦးသေဆုံး

Avatar

Title:Fact Check: ကောလင်းမှာ ရဟတ်ယာဉ်ပစ်ချခံရတယ်ဆိုတဲ့ သတင်းမှား

Fact Check By: နေရာမောင် 

Result: Misleading


Leave a Reply

Your email address will not be published. Required fields are marked *