Fact Check: တော်လှန်ရေးကာလပြီးဆုံးပြီလို့ NUG သမ္မတကြေညာဆိုတဲ့သတင်းမှား

False နိုင်ငံရေး | Politics

တော်လှန်ရေးကာလပြီးဆုံးပြီလို့ NUG သမ္မတကြေညာလိုက်လို့ မြို့နယ် ၅ ခုမှာ အောင်ပွဲခံကြတယ် ဆိုတဲ့သတင်းမှားဗွီဒီယိုပို့စ်တစ်ခု ဖေ့စ်ဘွတ်အသုံးပြုသူတွေရဲ့အကြားပျံ့နှံ့မှု့အားကောင်းခဲ့ပါတယ်။ 

ပျံ့နှံ့နေတဲ့ ဒီဗွီဒီယိုပို့စ်မှာ “အမေရိကန်နဲ့ NUG အရေးပေါ်ကြေညာ”စသည်ဖြင့်ရေးသားထားသလို “တော်လှန်ရေးကာလပြီးဆုံးပြီဟု ယာယီသမ္မတအရေးပေါ်ကြေညာ မြို့နယ် ၅ ခုမှာ အောင်ပွဲခံပြီ ““The Mercerneries ”အမည်နဲ့ ဖေ့စ်ဘွတ်စာမျက်နှာက အောက်ပါအတိုင်းမျှဝေထားပါတယ်။ 

မူရင်းလင်ခ့် – Fb linkArchive link

အလားတူ တူညီတဲ့ရေးသားဖြန့်ဝေမှုကို  ဒီနေရာမှာလည်း တွေ့ရပါတယ်။

အချက်အလက်စိစစ်ချက်

ဗွီဒီယိုပါအကြောင်းအရာဟာ NUG ယာယီသမ္မတနဲ့ EU ကိုယ်စားလှယ်တို့ အွန်လိုင်းတဆင့် ဆွေးနွေးမှုနဲ့ သတင်းကို သတင်းခေါင်းစဉ်လွဲနဲ့ ဖြန့်ချိနေခြင်းဖြစ်ပါတယ်။ အမေရိကန်နဲ့ NUG ပူးတွဲကြေညာချက်မတွေ့ရသလို ဒီလို EU ကိုယ်စားလှယ်နဲ့ဆွေးနွေးမှုဟာ မြန်မာပြည်သူတွေကို လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေ ပေးအပ်ရေး၊ စစ်ကောင်စီက ကျူးလွန်ခဲ့တဲ့ ပြစ်မှုတွေကို အရေးယူဒဏ်ခတ်နိုင်ရေး စတဲ့အချက်တွေကို အဓိက ဆွေးနွေးခဲ့တယ်လို့ NUG သမ္မတရုံးပြောခွင့်ရှိသူ ဦးကျော်ဇော်က ပြောပါတယ်။ တော်လှန်ရေးအဆုံးသတ်ပြီလို့ ယာယီသမ္မတကြေညာတာမျိုး အခြားသော ယုံကြည်ရတဲ့ သတင်းဌာနတွေမှာ ဖော်ပြခြင်းမရှိသလို NUG ဖေ့စ်ဘွတ်စာမျက်နှာမှာလည်း မတွေ့ရပါဘူး။

မူရင်းလင်ခ့် – DVB TV NewsArchive link

သုံးသပ်ချက်

တော်လှန်ရေးကာလပြီးဆုံးပြီလို့ NUG သမ္မတကြေညာလိုက်တယ်ဆိုတဲ့ အထောက်အထားမတွေ့ရပါဘူး။ NUG ယာယီသမ္မတနဲ့ EU ကိုယ်စားလှယ်တို့ အွန်လိုင်းတဆင့် လူသားချင်းစာနာထောက်ထားမှုအကူအညီပေးရေး ဆွေးနွေးမှုသတင်းကို သတင်းခေါင်းစဉ်လွဲနဲ့ မျှဝေနေခြင်းဖြစ်ပါတယ်။

ပြောဆိုချက်- တော်လှန်ရေးကာလပြီးဆုံးပြီလို့ NUG သမ္မတကြေညာ

Avatar

Title:Fact Check: တော်လှန်ရေးကာလပြီးဆုံးပြီလို့ NUG သမ္မတကြေညာဆိုတဲ့သတင်းမှား

Fact Check By: Zun Zee 

Result: False


Leave a Reply

Your email address will not be published. Required fields are marked *