Fact Check: PDF တွေနဲ့ပူးပေါင်းဖို့ ယုန်လေး လက်နက်ဝယ်စုနေသလား- မဟုတ်ပါ

False လူမှုရေး

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)တွေနဲ့ပူးပေါင်းဖို့ အဆိုတော်နဲ့ ဒါရိုက်တာ ယုန်လေးက လက်နက်ဝယ်စုနေ တယ်ဆိုပြီးတော့ ဗွီဒီယိုဖိုင် တစ်ခုကို ဖေ့စ်ဘွတ်အသုံးပြုသူ အများအပြားက မျှဝေလျှက်ရှိပါတယ်။ ဗွီဒီယိုဖိုင်ထဲမှာ ယုန်လေးက “–”စသည်ဖြင့် ပြောကြားခဲ့တာတွေ့ရပါတယ်။

သို့သော် ဒီဗွီဒီယိုဖိုင်ဟာ ၂၀၁၉ ခုနှစ်က ယုန်လေးရဲ့ မီဒီယာတွေနဲ့ တွေ့ဆုံမေးမြန်းမှု ဗွီဒီယို ဖြစ်တာ တွေ့ရပါတယ်။

“PDFလူငယ်များနဲ့ ပူးပေါင်းရန် လက်နက်များစုဆောင်းနေသည့် ယုန်လေး 

ကိုယုန်လေးကို အထင်မသေးကြပါနဲ့လို့ ငါမပြောခဲ့ဘူးလား  :))”လို့ရေးသားပြီး “Thet Paing Oo” အမည်နဲ့ ဖေ့စ်ဘွတ်အသုံးပြုသူ အောက်ပါအတိုင်းမျှဝေထားပါတယ်။တူညီတဲ့ ဗွီဒီယိုဖိုင်ကို အလားတူရေးသား မျှဝေထားတာ ဒီနေရာဒီနေရာနဲ့ ဒီနေရာမှာလည်း တွေ့ရပါတယ်။

မူရင်းလင်ခ့် – Fb linkArchive link

ဒီလိုပြောကြားချက်ကို အသံဖိုင်အနေနဲ့ ဒီနေရာနဲ့ဒီနေရာမှာလည်း တွေ့ရပါတယ်။ 

ယုန်လေးက PDF တွေနဲ့ ပူးပေါင်းမယ်လို့ ပြောခဲ့တာလား။ ဘယ်အချိန်တုန်းက ဗွီဒီယိုလဲ။ ဆန်းစစ်ကြည့်ကြရ အောင်ပါ။

အချက်အလက်စိစစ်ချက်

အဓိကကျတဲ့စကားလုံးအချို့ အသုံးပြုပြီး ရှာဖွေကြည့်ရာမှာ အဆိုတော်ယုန်လေးက မီဒီယာတွေကို ဖြေကြား နေတဲ့ တူညီတဲ့ ဗွီဒီယိုကို ၂၀၁၉ ခုနှစ် ဇူလိုင် ၁၁ ရက်ကတည်း အင်တာနက်မှာ ပျံ့နှံ့ခဲ့ဖူးတာကို တွေ့ရပါတယ်။

PannPwint မီဒီယာကနေဖော်ပြခဲ့တဲ့ မူရင်းဗွီဒီယိုဖိုင်မှာ ၄ မိနစ်နဲ့ ၃၂ စက္ကန့်ကြာမြင့်ပြီး “line Walker – 2 လို သေနတ်တွေ ဝယ်ယူထားတဲ့အကြောင်း ပြောပြတဲ့ ယုန်လေး”လို့ရေးသားထားတာတွေ့ရပါတယ်။ ဒီဗွီဒီယိုထဲမှာ ရုပ်ရှင်ရိုက်ကူးရေးအတွက် ဝယ်ထားတဲ့ သေနတ်အစစ်လိုမျိုး ရုပ်ရှင်သုံးလက်နက်တွေအကြောင်းနဲ့ ဆင်ဆာအကြောင်းတွေကို မီဒီယာတွေကို ဖြေဆိုထားတွေ့ရပါတယ်။

ယခုပျံ့နှံ့လျှက်ရှိတဲ့ ဗွီဒီယိုပါ ပြောကြားချက်တွေကို ဒီမူရင်းဗွီဒီယိုရဲ့ ၄၅ စက္ကန့်ကနေ ၁ မိနစ်အကြားမှာ တွေ့ရပါတယ်။ အောက်ပါလင့်ခ်မှာ ကြည့်နိုင်ပါတယ်။

မူရင်းလင်ခ့် – PannPwintArchive link

သုံးသပ်ချက်

အထက်ပါအချက်အလက်တွေအရ ဒါရိုက်တာ ယုန်လေးက လက်နက်ဝယ်စုနေတယ်ဆိုပြီးတော့ ပြောကြားချက် ဗွီဒီယိုဟာ ၂၀၁၉ ခုနှစ်ကမီဒီယာတွေကို ပြောကြားချက်ဗွီဒီယိုဖြစ်ပါတယ်။

Avatar

Title:PDF တွေနဲ့ပူးပေါင်းဖို့ ယုန်လေး လက်နက်ဝယ်စုနေသလား- မဟုတ်ပါ

Fact Check By: Nayar Maung 

Result: Missing Context


Leave a Reply

Your email address will not be published. Required fields are marked *