
CDM ဝန်ထမ်းတွေကို လစာတိုးပေးဖို့ စီစဉ်နေတယ်လို့ ဒေါက်တာဇော်ဝေစိုးက ပြောတယ်ဆိုပြီးတော့ ဓာတ်ပုံ ပို့စ်တစ်ခု ဖေ့စ်ဘွတ်အသုံးပြုသူတွေအကြားပျံ့နှံ့လျက်ရှိပါတယ်။ DVB သတင်းဌာနကရေးသားခဲ့တဲ့သတင်းအဖြစ် ဒီ screenshot ဓာတ်ပုံထဲမှာ “CDM ဝန်ထမ်းများအား လစာတိုးရန် စီစဉ်ထားကြောင်း ၂၀၂၂ ခုနှစ် ဧပြီလ (၃၁) ရက်နေ့တွင် ထုတ်ပေးသွားမည်ဖြစ်ကြောင်း ဒေါက်တာဇော်ဝေစိုး ပြောကြား”လို့ ရေးသားထားပြီး ဒေါက်တာ ဇော်ဝေစိုး ဓာတ်ပုံနဲ့အတူ သတင်းဖော်ပြပါရက်စွဲအနေနဲ့ ၂၀၂၂ ခုနှစ် ဧပြီ ၂ ရက်လို့ ဖော်ပြထားပါတယ်။
တကယ်တော့ ပြောဆိုမျှဝေထားတဲ့ အကြောင်းအရာဟာ မှားယွင်းပြီး သတင်းတုဖြန့်ချိနေခြင်းဖြစ်ပါတယ်။
NUG ကလစာတိုးဖို့ ထုတ်ပြန်ထားတဲ့ထုတ်ပြန်ချက်အဖြစ် ဒီနေရာ၊ဒီနေရာနဲ့ ဒီနေရာမှာလည်းတွေ့ရပါတယ်။
အချက်အလက်စိစစ်ကြည့်ရအောင်ပါ။
အချက်အလက်စိစစ်ချက်
ပထမဆုံး ဒီscreenshot ဓာတ်ပုံပါ ဒီဗွီဘီသတင်းဌာနရဲ့ ဝက်ဘ်လိပ်စာကို Google မှာရိုက်ပြီး ရှာဖွေရာမှာ မူလသတင်းဟာ “တက္ကသိုလ်ဝင်စာမေးပွဲမဖြေဘဲ သပိတ်မှောက်ခဲ့သည့် ကျောင်းသား ကျောင်းသူ ၇ သိန်း ကျော်ကို NUG ဝန်ကြီး ဂုဏ်ပြု”ဆိုတဲ့သတင်းဖြစ်ပါတယ်။

မူရင်းလင်ခ့် – DVB | Archive link
ထို့အပြင် အမျိုးသားညီညွှတ်ရေးအစိုးရ၊ နိုင်ငံတော်သမ္မတရုံးက ထုတ်ပြန်ချက်အဖြစ် “ချီးကျူးဂုဏ်ပြုခြင်းနှင့် CDM ဝန်ထမ်းများအား လစာတိုးပေးခြင်း”လို့ရေးသားထားတဲ့ ထုတ်ပြန်ချက်ဟာလည်း အတုဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာနက ကြေညာထားပါတယ်။
“၂၀၂၂ ခုနှစ်၊ ဧပြီလ (၃) ရက်နေ့ရက်စွဲပါ ချီးကျူးဂုဏ်ပြုခြင်းနှင့် CDM ဝန်ထမ်းများအား လစာတိုးပေးခြင်း ဆိုသည့် ခေါင်းစဉ်နှင့် အောက်ပါဓါတ်ပုံတစ်ပုံ facebook သုံးစွဲသူများအကြား ပျံ့နှံ့နေပါတယ်။
ဒီဓါတ်ပုံပါ အကြောင်းအရာတွေဟာ ပုံဖျက်လုပ်ကြံထားတဲ့ သတင်းအမှားသာ ဖြစ်ပါကြောင်း အသိပေးအပ်ပါတယ်။”
မူရင်းလင်ခ့် – Ministry of Education, National Unity Government of Myanmar | Archive link
သုံးသပ်ချက်
အထက်ပါအချက်အလက်တွေအရ CDM ဝန်ထမ်းတွေကို လစာတိုးပေးဖို့ စီစဉ်နေတယ်လို့ ဒေါက်တာဇော်ဝေစိုးက ပြောတယ်ဆိုတာ သတင်းတုသတင်းမှားဖြန့်ချိနေခြင်းဖြစ်တာတွေ့ရပါတယ်။

Title:Fact Check: CDM ဝန်ထမ်းတွေကို လစာတိုးပေးဖို့ ဒေါက်တာဇော်ဝေစိုးပြောတယ်ဆိုတဲ့ သတင်းတုသတင်းမှား
Fact Check By: Nayar MaungResult: Misleading