Fact Check: ၂၀၂၀ ခုနှစ်က ရုရှားမှာအစမ်းလေ့ကျင်ပျံသန်းမှုဗွီဒီယိုကို လက်ရှိ ယူကရိန်းကိုကျူးကျော်တိုက်ခိုက်မှုအဖြစ်မျှဝေ

Partly False နိုင်ငံတကာ၊ | International

ရုရှားက ယူကရိန်းကို ကျူးကျော်တိုက်ခိုက်မှုဆိုပြီး လေယာဉ်တွေအုပ်စုဖွဲ့ပျံ့သန်းလာတာကို အဆောက်အဦး တစ်ခုအောက်က မှတ်တမ်းတင်ထားတဲ့ ဗွီဒီယိုတစ်ခုဟာ ဖေ့စ်ဘွတ်မှာ ပျံ့နှံ့မှုအားကောင်းလျက်ရှိပါတယ်။ ဒီဗွီဒီယိုထဲမှာ တိုက်လေယာဉ်အုပ်စုနဲ့ ရဟတ်ယာဉ်တွေ လအုပ်စုဖွဲ့ပျံသန်းလာတာတွေပါဝင်ပြီး အခြားသော ပေါက်ကွဲမှု၊ပစ်ခတ်မှုမြင်ကွင်းတွေလည်းပါဝင်ပါတယ်။

သို့သော် တိုက်လေယာဉ်တွေ အုပ်စုဖွဲ့ပျံသန်းလာတဲ့ ဗွီဒီယိုဟာ ၂၀၂၀ ခုနှစ်ကတည်းက အင်တာနက်မှာ ပျံ့နှံ့လျက်ရှိတာတွေ့ရပါတယ်။

“ရုရှားက ယူကရိန်းကိုကျူးကျော်စစ် ထိုးစစ်ဆင်လိုက်တဲ့ ရုပ်သံများကို စုစည်းတင်ပြထား ပါသည်။” စသည်ဖြင့်ရေးသားပြီး “Andrew KC”အမည်နဲ့ဖေ့စ်ဘွတ်အသုံးပြုသူက အောက်ပါအတိုင်း ရေးသားမျှဝေ ထားတာတွေ့ရပါတယ်။ တူညီတဲ့ရေးသားမျှဝေမှုတွေကို ဒီနေရာ၊ဒီနေရာနဲ့ ဒီနေရာမှာ လည်းတွေ့ရပါတယ်။

မူရင်းလင်ခ့် – Fb linkArchive link 

အချက်အလက်စိစစ်ချက်

နိုင်ငံရဲ့ အစိတ်အပိုင်းအများအပြား ရုရှားလက်အောက်ကျရောက်ခဲ့ပြီး ရုရှားတပ်တွေဟာ မြို့တော် ကိယက်ဗ် (Kyiv)အနီးအထိရောက်ရှိနေပါတယ်။ သို့သော်လည်း Google မှာ ပုံရှာနည်းအသုံးပြုရှာဖွေရာမှာ လေယာဉ်တွေ ပျံဝဲနေတဲ့ ဗွီဒီယိုဟာ ၂၀၂၀ ခုနှစ် မေလ ၄ ရက်ကတည်းက အင်တာနက်မှာ ပျံ့နှံ့လျှက်ရှိ တာတွေ့ရပါတယ်။

Google Translate အသုံးပြုပြီး ရှရှားဘာသာစကားကနေ အင်္ဂလိပ်ဘာသာသို့ပြန်ဆိုကြည့်ရာမှာ “Parade rehearsal 05/04/2020. Air part. Flight of aircraft over Tushino”လို့ ဖော်ပြပါတယ်။ “၂၀၂၀ ခုနှစ် မေ ၄ ရက်နေ့က စစ်ရေးပြအခမ်းအနားအတွက် တိုက်လေယာဉ်တွေ Tushino မြို့ပေါ်မှာ လေ့ကျင့်ပျံသန်းစဉ်”လို့ မြန်မာလို့ အဓိပ္ပာယ်ပြန်ဆိုနိုင်ပါတယ်။ Tushino မြို့ဟာ ရုရှားမြို့တော်ကနေ ၉ မိုင်အကွာမှာရှိတဲ့ မြို့တစ်ခုဖြစ်ပါတယ်။

မူရင်းလင်ခ့် – GoOn  |  Archive link 

တူညီတဲ့ ဗီဒီယိုကို အဲဒီအချိန်က ဒီလင့်ခ်မှာလည်း ဖော်ပြခဲ့တာတွေ့ရပါတယ်။ ထပ်မံပြီး အဓိကကျတဲ့ စကားလုံးအချို့အသုံးပြုပြီး အကြောင်းအရာကို ထပ်မံရှာဖွေကြည့်ရာမှာ The Moscow Times ကလည်း စစ်ချီအခမ်းအနားအတွက် ဒီလေ့ကျင့်မှုအကြောင်းဖော်ပြခဲ့တာတွေ့ရပါတယ်။ ဗွီဒီယိုနဲ့အတူ စာသားကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။

“ ရုရှားရဲ့ အောင်နိုင်ခြင်းနေ့ ၇၅ နှစ်ပြည့်အခမ်းအနားအတွက် လေ့ကျင့်မှုတစ်ရပ်အနေဖြင့် ရဟတ်ယာဉ်နှင့် တိုက်လေယာဉ် ၇၄ စီး မော်စကိုမြို့ပေါ်မှာ ဒီနေ့ပျံ့သန်းနေတာကို ရှု့စားပါ။ မေ ၉ ရက်မှာ နာဇီတို့အပေါ် ဆိုဗီယက်တို့ရဲ့ အောင်နိုင်ခြင်းနေ့ ၇၅ နှစ်ပြည့်မြောက် အခမ်းအနားကို ကျင်းပမှာဖြစ်ပါတယ်။”

မူရင်းလင်ခ့် – The Moscow Times  |  Archive link 

သုံးသပ်ချက်

 “Andrew KC”အမည်နဲ့ဖေ့စ်ဘွတ်အသုံးပြုမျှဝေထားတဲ့ လေယာဉ်တွေ အုပ်စုဖွဲ့ပျံ့သန်းနေတဲ့ဖြစ်စဉ်ဟာ ယခုစစ်ပွဲကာလနဲ့သက်ဆိုင်ခြင်းမရှိပါဘူး။ အခြားသော ဗွီဒီယိုအစိတ်အပိုင်းတွေဟာ လက်ရှိ အဖြစ်အပျက်နဲ့ သက်ဆိုင်ခြင်းရှိမရှိ Fact Crescendo အနေနဲ့ အတည်ပြုနိုင်ခြင်းမရှိသေးပါဘူး။

Avatar

Title:Fact Check: ၂၀၂၀ ခုနှစ်က ရုရှားမှာအစမ်းလေ့ကျင်ပျံသန်းမှုဗွီဒီယိုကို လက်ရှိ ယူကရိန်းကိုကျူးကျော်တိုက်ခိုက်မှုအဖြစ်မျှဝေ

Fact Check By: Nayar Maung 

Result: Partly False


Leave a Reply

Your email address will not be published. Required fields are marked *