Fact Check : ကင်ဂျုံအန်းကို လေဆိပ်အထိ တရုတ်သမ္မတ မိသားစုနဲ့ လာကြိုခဲ့သလား- မဟုတ်ပါ

မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအန်း တရုတ်နိုင်ငံလာလည်တုန်းက လေဆိပ်အထိ တရုတ်သမ္မတ ရှီကျင့်ဖျင် ကိုယ်တိုင် မိသားစုနဲ့ လာကြိုခဲ့တယ်လို့ ဆိုပြီး ဓာတ်ပုံပို့စ်တခု လူမှုကွန်ယက်မှာ ပျံ့နှံ့မှုအားကောင်းနေ တာတွေ့ရတယ်။ မှားယွင်းပြောဆိုမှုတခုသာဖြစ်တယ်။ ကင်ဂျုံအန်းလာရောက်စဉ်မှာ ရှီကျင့်ဖျင်လေဆိပ် ဆင်းကြိုတာမရှိခဲ့ပါဘူး။ ပျံ့နှံ့မှုအားကောင်းနေတဲ့ ပို့စ်တခုရဲ့ စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကို အောက်မှာကြည့်ပါ။  အလားတူတဲ့ ပြောဆိုမျှဝေမှုကို ဒီနေရာ၊ ဒီနေရာနဲ့ ဒီနေရာမှာလည်း တွေ့ရတယ်။  “မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအန်း လာလည်တုန်းက မိသားစုလိုက် လေဆိပ်အထိ ဖက်လှဲတကင်း လာကြိုခဲ့တဲ့ ရှီကျင့်ဖျင်ဟာ အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့် အလည်လာတဲ့ အခါမှာတော့ ဒုသမ္မတနဲ့ အဖွဲ့ကိုသာ ဧည့်ခံ ကြိုဆိုဖို့ လေဆိပ်ကို စေလွှတ်ခဲ့တာ တွေ့ရပါတယ်။  နိုင်ငံတော်အဆင့် ခေါင်းဆောင်တစ်ဦး လာရောက်မှုကို အိမ်ရှင်နိုင်ငံရဲ့ […]

Continue Reading

Fact Check:၂၀၁၂ ရခိုင်အရေးအခင်းက ဗွီဒီယိုလား- မဟုတ်ပါ

၂၀၁၂ ခုနှစ်က ရိုဟင်ဂျာတွေ က ရခိုင်တွေနဲ့ ရခိုင်အိမ်တွေကို သတ်ဖြတ်မီး ရှို့ ခဲ့တဲ့ မှတ်တမ်းဆိုပြီးတော့  ဗွီဒီယို တခုက ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း ပျံ့နှံ့ခဲ့တာတွေ့ တွေ့ရပါတယ်။ ဖြန့်ဝေထားတဲ့ ဗွီဒီယိုထဲမှာ မြင်ကွင်းဟာ ကြည်လင်ပြတ်သားမှုမရှိဘဲ ဝေဝါးနေပေမဲ့ လူအုပ်ကြီးက အော်ဟစ်တိုက်ခိုက်နေတဲ့ ပဋိပက္ခမြင်ကွင်းကို ဖော်ပြထားတာကို သိနိုင်ပါတယ်။ ဒါပေမဲ့ ဒီပြောဆိုချက်နဲ့ မြင်ကွင်းဗွီဒီယိုအစိတ်အပိုင်းဟာ မှားယွင်းပြီး သက်ဆိုင်ခြင်းမရှိပါဘူး။  ပျံ့နှံ့မှုအားကောင်းနေတဲ့ ဗွီဒီယိုပို့စ်တခုက ရယူထားတဲ့  စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကို အောက်မှာကြည့်ပါ။ တူညီတဲ့ မျှဝေမှုကို ဒီနေရာမှာလည်း တွေ့ရတယ်။   “သ မိုင်း ဆို တာ လိမ် လို့ မ ရ ဘူး။ 2012 တုန်း က ဘ်င်္ဂါ်လီ တွေ ရ […]

Continue Reading

Fact Check: သမ္မတနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးဖို့နဲ့ မလွှတ်ရင် UN စစ်ကြေညာမယ်ဆိုတဲ့ သတင်းမှားပျံ့နှံ့

သမ္မတနဲ့ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်‌ပေးဖို့ ကုလသမဂ္ဂလုံခြုံရေးကောင်စီက အမိန့်ချလိုက်ပြီး လွှတ်မပေးရင် ကုလသမဂ္ဂက စစ်ကြေညာမယ်လို့ဆိုထားတဲ့ ဗွီဒီယိုတခုက ဖေ့စ်ဘွတ်နဲ့ ယူကျူ့မှာ ဖြန့်ဝေထားရာမှာ ပျံ့နှံ့မှုကောင်းလျက်ရှိတယ်။ နားလည်မှုလွဲစေနိုင်တဲ့ ခေါင်းစဉ်လွဲတပ်ဗွီဒီယိုတွေသာ ဖြစ်တယ်။  အောက်ပါစာသားနဲ့ စခရင်ရှော့ကတော့ ဒီလို ဖြန့်ဝေထားတဲ့ ဖေ့စ်ဘွတ်ပို့စ်တခုက ရယူထားခြင်းဖြစ်တယ်။  “အမေစုနဲ့သမ္မတကြီးကို ၄၈ နာရီအတွင်းချက်ချင်းလွှတ်ရမည် လုံခြုံရေးကောင်စီ(R2P) တစ်ပြိုင်နက်ဆုံဖြတ်လိုက်ပြီ”(မူရင်းအရေးအသား) မူရင်းလင်ခ့် – Fb link | Archive link အလားတူပို့စ်ကို ယူကျူ့ဗွီဒီယိုရဲ့ ဒီနေရာမှာလည်းတွေ့နိုင်ပါတယ်။  အချက်အလက်စိစစ်ချက် အခုလိုဖြန့်ဝေထားတဲ့ ဖေ့စ်ဘွတ်နဲ့ ယူကျူ့ချန်နယ်တွေဟာ သတင်းမီဒီယာတွေကဖော်ပြခဲ့တဲ့ သတင်းတွေကို ပြန်လည်ကူးယူပြီး နားလည်မှုလွဲစေနိုင်တဲ့ ချဲ့ကားထားတဲ့ သတင်းခေါင်းစဉ် ဒါမှမဟုတ် သတင်းခေါင်းစဉ်တု တပ်ဖြန့်ချိလေ့ရှိတာတွေ့ရပါတယ်။  ဖေဖော်ဝါရီ ၅ ရက်က ကုလသမဂ္ဂလုံခြုံရေးကောင်စီမှာ မြန်မာအရေးနဲ့ပတ်သက်လို့ တခါးပိတ်ဆွေးနွေး […]

Continue Reading

Fact Check: ကမ်းခြေကို လှိုင်းရိုက်နေတဲ့ ဒီဓာတ်ပုံက ၂၀၁၃ ခုနှစ်က ဖိလစ်ပိုင်ကို တိုက်ဖွန်းမုန်တိုင်း ဟိုင်ယန်ဝင်‌ရောက်စဉ်က ပုံဖြစ်တယ်

အမျိုးအစား ၅ မုန်တိုင်းအဆင့်ရှိ ဖျက်အားပြင်း မိုခါမုန်တိုင်းဟာ ရခိုင်ပြည်နယ် စစ်တွေမြို့အနီးက တဆင့် မြန်မာနိုင်ငံကုန်တွင်းပိုင်းကို မေ ၁၄ ရက်မှာ ဖြတ်ကျော်ဝင်ရောက်ခဲ့ရာမှာ ဒီမုန်တိုင်းသတင်းနဲ့အတူ သတင်းဓာတ်ပုံ အမှားအချို့လည်း ပျံ့နှံ့ခဲ့တာ Fact Crescendo Myanmar က သတိပြုမိပါတယ်။  ဒီမုန်တိုင်းကြောင့် စစ်တွေတမြို့လုံးနီးပါး ထိခိုက်ပျက်စီးမှုရှိခဲ့ပြီး လောလောဆယ် ပျက်စီးဆုံးရှုံးမှုနဲ့ ထိခိုက်မှုအသေးစိတ်ကို မသိရသေးပါဘူး။ အောက်ဖော်ပြပါ ဓာတ်ပုံကတော့ မုန်တိုင်းနဲ့အတူဖေ့စ်ဘွတ်မှာ ပျံ့နှံ့မှုအားကောင်းခဲ့ဓာတ်ပုံတစ်ပုံဖြစ်တယ်။ ဓာတ်ပုံနဲ့အတူဖော်ပြထားတဲ့ စာသားတွေကတော့ အောက်ပါအတိုင်းဖြစ်တယ်။  “ဒီအတိုင်းသာဆို စစ်တွေ တစ်မြို့လုံး နီးပါး ရေဖုံးတော့မယ် “မိုခါ” မုန်တိုင်းက စစ်တွေ နဲ့ မိုင် ၃၀ အကွာမှာ ရောက်နေပြီ ဆက်သွယ်ရေး စနစ်တွေ ပြတ်တောက်သွားပါပြီ။ MPT Telenor အော်ရီဒူး […]

Continue Reading

Fact Check: တရုတ်မှာ အဆောက်အဦးဖြိုချမှုဗွီဒီယိုကို တူရကီမှာ ငလျင်ကြောင့် ပြိုကျမှုအဖြစ် ဖြန့်ဝေ

၂၀၂၃ ခုနှစ် ဖေဖော်ဝါရီ ၆ ရက်နေ့က တူရကီနဲ့ဆီးရီးယားမှာ  မြေငလျင်လှုပ်ခတ်တာကြောင့် ပြိုကျပျက်စီးခဲ့တဲ့ အဆောက်အဦးတွေဆိုပြီးတော့ ဗွီဒီယိုတစ်ခု ဖေ့စ်ဘွတ်အသုံးပြုသူတွေအကြား ပျံ့နှံ့မှုအားကောင်းခဲ့ပါတယ်။ ဗွီဒီယိုထဲမှာ အက်ကွဲနေတဲ့ လမ်းမတွေ၊ ပြိုကျသွားတဲ့အဆောက်အဦးတစ်လုံး၊ အထပ်မြင့်အဆောက်အဦးတွေ ပြိုကျမှုမြင်ကွင်းစတဲ့ ဗွီဒီယိုအစိတ်အပိုင်းတွေပါဝင်ပြီး စုစုပေါင်း ၂ မိနစ် ၅၀ စက္ကန့်ရှည်လျားပါတယ်။ ဒီပို့စ်ကို တူရကီငလျင်ဖြစ်ပွားပြီးနောက် ၂ ရက်အကြာ ဖေဖော်ဝါရီ ၈ ရက်က မျှဝေထားရာမှာ လက်ရှိအချိန်အထိ ဖေ့စ်ဘွတ်အသုံးပြုသူတွေ ၂၅၀၀၀ က ပြန်လည်မျှဝေထားပြီး ကြည့်ရှု့မှုပေါင်း သန်းချီရှိပါတယ်။  “တူရကီနိုင်ငံနှင့်ဆီးရီးယားတို့တွင် ကမ္ဘာ့အကြီးမားဆုံး မြေငလျင်လှုပ်ခတ်ခြင်း 6•2•2023”စသည်ဖြင့် ရေးသားလျှက် “ဘုရားတရားသံဃာ” အမည်နဲ့ ဖေ့စ်ဘွတ်အသုံးပြုသူက အောက်ပါအတိုင်းမျှဝေထားတာတွေ့ရပါတယ်။  မူရင်းလင်ခ့် – FB link |  Archive link […]

Continue Reading

Fact Check: PDF ရဲ့ အကြမ်းဖက်သတ်ဖြတ်မှုများ စုစည်းမှုဆိုတဲ့ဗွီဒီယိုသတင်းမှား

NUG၊PDF တို့ရဲ့ အကြမ်းဖက်လှုံ့ဆော်မှုတွေနဲ့ အကြမ်းဖက်သတ်ဖြတ်နှိပ်စက်မှုတွေကို စုစည်းထားတဲ့ဗွီဒီယိုဆိုပြီး ပို့စ်တစ်ခုဖေ့စ်ဘွတ်အသုံးပြုသူတွေကြားပျံ့နှံ့တာ Fact Crescendo Myanmar အနေနဲ့ တွေ့ရပါတယ်။ “လိုင်းပေါ်တွင်ပျံ့နှံ့ခဲ့သော အကြမ်းဖက် NUG, PDF တို့၏ အကြမ်းဖက်လှုံ့ဆော်မှုများနှင့် အကြမ်းဖက် သတ်ဖြတ်နှိပ်စက်မှုများအား စုစည်းထားသည့် Video file ဖြစ်ပါတယ်…. နှလုံးခိုင်သောသူမှသာ ကြည့်ပါ ကြည့်ရဲသူများလည်း အစဆုံးကြည့်ပေးပါ… အကြမ်းဖက်သမားတွေရဲ့ အောက်တန်းကျ မိုက်ရိုင်းလွန်းတဲ့ လုပ်ရပ်တွေကို ပြည်သူလူထုတစ်ရပ်လုံးမှ ဝိုင်းဝန်းဆန့်ကျင်ကြရန် လိုနေပြီဖြစ်ပါတယ်.”လို့ ရေးသားပြီး “Today News” အမည်နဲ့ ဖေ့စ်ဘွတ်စာမျက်နှာက မျှဝေထားတာတွေ့ရပါတယ်။  မူရင်းလင်ခ့် – FB link |  Archive link   တူညီတဲ့ရေးသားမျှဝေမှုတွေကို ဒီနေရာနဲ့ ဒီနေရာမှာ လည်းတွေ့ရပါတယ်။  ဒီဗွီဒီယိုပါအကြောင်းအရာတွေဟာ မှန်တဝက်မှားတဝက်ရောနှောထားခြင်းဖြစ်ပါတယ်။ အချက်အလက်စိစစ်ချက် (၃ […]

Continue Reading

Fact Check: မြေအောက်တော်လှန်ရေးသမားကိုဖမ်းဆီးခဲ့တဲ့ ငွေတောင် စားသောက်ဆိုင် ဝန်ထမ်းတွေလား-မဟုတ်ပါ

၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၂၁ ရက်နေ့က တောင်ဥက္ကလာပ ၁၄ ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးကို မြေအောက်တော် လှန်ရေးသမား ၂ ဦးက ဗုံးပစ်တိုက်ခိုက်ခဲ့စဉ်မှာ အနီးနားဘေးက ငွေတောင်စားသောက်ဆိုင် ဝန်ထမ်းတွေက ဝိုင်းဝန်းဖမ်းဆီးရိုက်နှက်ခဲ့လို့ တစ်ဦးသေဆုံးခဲ့ပါတယ်။ ဒီလိုအခြေအနေမှာ တောင်ဥက္ကလာ ၁၄ ရပ်ကွက် သံသုမာလမ်းပေါ်က ငွေတောင်စားသောက်ဆိုင်မှ မြေအောက်တော်လှန်ရေး သမားတစ်ဦးကို ရိုက်နှက်ဖမ်းဆီး ခဲ့တဲ့သူတွေဆိုပြီးတော့ ဓာတ်ပုံတွေပျံ့နှံ့လျက်ရှိရာမှာ ဖြစ်စဉ်နဲ့ မသက်ဆိုင်ဘဲ ပြီးခဲ့တဲ့ နှစ်အနည်းငယ်က လာရောက်စားသောက်သူတွေရဲ့ ဓာတ်ပုံတွေဖြစ်တာတွေ့ရပါတယ်။ လူပုဂ္ဂိုလ်တွေပါဝင်တဲ့ ဓာတ်ပုံ ၅ ပုံနှင့်အတူ ငွေတောင်စားသောက်ဆိုင်ဓာတ်ပုံ၊ ဆိုင်တည်နေရာတို့ကိုဖော်ပြထား တဲ့ ဓာတ်ပုံနဲ့အတူ “ကဲဘောင်ချာစုတ်လို့ရပြီနော်ငွေတာင်ကပါဝင်သူများ”လို့ ရေးသားပြီး “Bae” အမည်နဲ့ ဖေ့စ်ဘွတ်အသုံး ပြုသူက အောက်ပါအတိုင်းမျှဝေထားရာမှာ ဒီပို့စ်ကို ပြန်လည်မျှဝေမှုပေါင်း ၄၀၀ ကျော်ရှိပါတယ်။  […]

Continue Reading

Fact Check: NUG ကိုတရားဝင်အစိုးရဟု အာဆီယံ အလှည့်ကျ ဥက္ကဌ ထုတ်ပြောဆိုတဲ့သတင်းမှား

NUG ကိုတရားဝင်အစိုးရဟု အာဆီယံ အလှည့်ကျဥက္ကဌ ထုတ်ပြောလိုက်ပြီး စစ်ကောင်စီကို အကန့်သတ်မဲ့ ထုတ်ပယ်လိုက်ပြီလို့ဆိုတဲ့ပို့စ်တစ်ခုဖေ့စ်ဘွတ်အသုံးပြုသူတွေအကြားပျံ့နှံ့လျက်ရှိပါတယ်။ နားလည်မှုလွဲ စေနိုင်တဲ့ သတင်းမှားဖြန့်ချိန်မှုဖြစ်ပါတယ်။ အောက်ပါစာသားကတော့ ဖေ့စ်ဘွတ်စာမျက်နှာတစ်ခုက ဖြန့်ဝေနေတဲ့ စာသားဖြစ်ပါတယ်။ (မူရင်းအရေးအသား) “NUG ကိုတရားဝင်အစိုးရဟု အာဆီယံ အလှည့်ကျ ဥက္ကဌ ထုတ်ပြော အကန့်သတ်မဲ့ စစ်ကောင်စီကို ထုတ်ပယ်လိုက်ပြီ”စသည်ဖြင့်ရေးသားထားပါတယ်။  မူရင်းလင်ခ့် – FB link |  Archive link   တူညီတဲ့ရေးသားမျှဝေမှုတွေကို ဒီနေရာနဲ့ ဒီနေရာမှာလည်းတွေ့ရပါတယ်။  အချက်အလက်စိစစ်ချက် “NUG ကိုတရားဝင်အစိုးရဟု အာဆီယံ အလှည့်ကျ ဥက္ကဌ ထုတ်ပြော အကန့်သတ်မဲ့ စစ်ကောင်စီကို ထုတ်ပယ်လိုက်ပြီ”စသည်ဖြင့် ရေးသားပြီး ဖေ့စ်ဘွတ်အသုံးပြုသူတွေကိုလှည့်စားပေမဲ့ ဗွီဒီယိုတစ်ခုလုံးမှာ ဒီအကြောင်းအရာပါဝင်ခြင်းမရှိပါဘူး။ ၁၂ မိနစ်ရှည်လျားတဲ့ ဒီဗွီဒီယိုထဲမှာ တကယ်တော့ မြန်မာနောင်းသတင်းဌာနက ဇန်နဝါရိ […]

Continue Reading

Fact Check: ခလရ ၂၇၃ က စစ်သား ၅၀၀ ထွက်ပြေးဆိုတဲ့သတင်းမှား

ထားဝယ်ခရိုင် ကံပေါက် ခလ၇(၂၇၃)က စစ်သား ၅၀၀ ပါဝင်တဲ့တပ်ရင်းဟာ တပ်ရင်းတစ်ခုလုံး ထွက်ပြေးသွား တယ်ဆိုတဲ့ ဖေ့စ်ဘွတ်အသုံးပြုသူတွေအကြားပျံ့နှံ့ခဲ့တဲ့တာဟာ သတင်းမှားတစ်ခုသာဖြစ်ပါတယ်။ “ကံပေါက် ခလရ(၂၇၃)တပ်ရင်းလိုက်၊ စစ်သား(၅၀၀)ထွက်ပြေးကုန်ပြီ”လို့ ရေးသားပြီး “စစ်သတင်း” အမည်နဲ့ ဖေ့စ်ဘွတ်စာမျက်နှာ ဇန်နဝါရီ ၉ ရက်မှာအောက်ပါအတိုင်းမျှဝေထားတာတွေ့ရပါတယ်။  မူရင်းလင်ခ့် – FB link |  Archive link   တူညီတဲ့ရေးသားမျှဝေမှုတွေကို ဒီနေရာမှာ လည်းတွေ့ရပါတယ်။  အချက်အလက်စိစစ်ချက် တကယ်တော့ ဗွီဒီယိုပါအကြောင်းအရာဟာ ဧရာဝတီတိုင်းမ်သတင်းဌာနက ၂၀၂၃ ခုနှစ် ဇန်နဝါရီ ၉ ရက်စွဲနဲ့ ဖော်ပြခဲ့တဲ့ “ကံပေါက် ခလရ ၂၇၃ တပ်ရင်းက စစ်ကောင်စီတပ် သား ၅ ဦးထွက်ပြေးပြီးနောက် ဘုန်းကြီးကျောင်းမှာခိုနားနေစဥ် ဘုန်းကြီးကတိုင်လို့ ပြန်အဖမ်းခံရ”ဆိုတဲ့ သတင်းဖော်ပြနေခြင်းဖြစ်ပါတယ်။ မူရင်းလင်ခ့် – […]

Continue Reading

Fact Check: စစ်တပ်ခန့်သမ္မတဦးမြင့်ဆွေ ရာထူးမှနုတ်ထွက်ဆိုတဲ့သတင်းခေါင်းစဉ်တု

စစ်တပ်ခန့် သမ္မတ ဦးမြင့်ဆွေ ရာထူးကနုတ်ထွက်သွားတယ်ဆိုတဲ့ ပို့စ်တစ်ခု ဖေ့စ်ဘွတ်အသုံးပြုသူတွေ အကြား ပျံ့နှံ့လျှက်ရှိရာ နားလည်မှုလွဲစေနိုင်တဲ့ သတင်းမှားတစ်ခုဖြစ်တာတွေ့ရပါတယ်။ “၁ရက်နေ့ထခုန်လို့ရပြီ။ စကစသမ္မတမြင့်ဆွေနှုတ်ထွက်။၂၈နာရီအတွင်းအားလုံးပြောင်းလဲတော့မယ်”လို့ ရေးသားပြီး “Jolene Mcdonald” အမည်နဲ့ ဖေ့စ်ဘွတ်စာမျက်နှာက ဗွီဒီယိုတစ်ခုကို အောက်ပါအတိုင်းမျှ ဝေထားရာမှာ ဒီပို့စ်ကို မျှဝေမှုပေါင်း ၁၁၀၀ ကျော်၊ ကြည့်ရှု့မှုပေါင်း ၅ သိန်း ၇ သောင်းကျော်ရှိပါတယ်။ မူရင်းလင်ခ့် – FB link |  Archive link   တူညီတဲ့ရေးသားမျှဝေမှုတွေကို ဒီနေရာနဲ့ ဒီနေရာမှာ လည်းတွေ့ရပါတယ်။  အချက်အလက်စိစစ်ချက် လူမှုကွန်ယက်အသုံးပြုသူတွေရဲ့ စိတ်ဝင်စားမှုရအောင် လှည့်စားထားတဲ့ သတင်းခေါင်းစဉ်အတုနဲ့ ဗွီဒီယို သာဖြစ်ပါတယ်။ ၁၂ မိနစ်ဝန်းကျင်ရှည်လျားတဲ့ ဒီဗွီဒီယိုပါအကြောင်းအရာဟာ တကယ်တော့ ဧရာဝတီသတင်းဌာနက ၂၀၂၂ ခုနှစ် ဒီဇင်ဘာ […]

Continue Reading