Fact Check: လွတ်မြောက်နယ်မြေကိုရောက်လာတဲ့ ဒရုန်းယာဉ်တွေဓာတ်ပုံလား-မဟုတ်ပါ

Misleading လူမှုရေး

လွတ်မြောက်နယ်မြေတွေဆီရောက်ရှိလာတဲ့ ဒရုန်းယာဉ်တွေဆိုပြီးတော့  ဓာတ်ပုံ ၃ ပုံနဲ့အတူ ရေးသားမျှဝေထား ရာမှာ ဖေ့စ်ဘွတ်အသုံးပြုသူ ရာဂဏန်းက ပြန်လည်မျှဝေလျှက်ရှိပါတယ်။ ဓာတ်ပုံတွေမှာ တောတွင်း တစ်နေ ရာမှာ ရွက်ဖျင်တဲထိုးပြီး ကားနဲ့လူအချို့က စက်ပစ္စည်းအချို့၊ အလုပ်ရှုပ်နေပုံနဲ့ ဒရုန်းယာဉ်တစ်စီး ချထားတဲ့ပုံနဲ့ ဝေဟင်ကရိုက်ကူးထားတဲ့ နေရာတစ်ခုပုံတွေပါဝင်ပါတယ်။

သို့သော် မျှဝေထားတဲ့ ဓာတ်ပုံတွေဟာ ဟောင်ခြေစိုက် Gl ကုမ္ပဏီက ကြော်ငြာဓာတ်ပုံတွေဖြစ်ပါတယ်။

“ဆော်မယ့် တီးမယ့် Drone တွေ လာပြီ

=======================

လွတ်မြောက်နယ်မြေများသို့ ဒရုံးများအချို့

ရောက်ရှိလာပြီဖြစ်ကြောင်း သိရှိရ

#myanmarcelebrityclub_edition”လို့ရေးသားပြီး “Jo Tiger” အမည်နဲ့ ဖေ့စ်ဘွတ် အသုံးပြုသူက အောက်တို ဘာ ၆ ရက်က မျှဝေထားရာမှာ ဒီပို့စ်ကို ပြန်လည်မျှဝေတဲ့ အကြိမ်အရေအတွက် ၃ ထောင် ၂ ရာရှိပါတယ်။ တူညီစွာရေးသားမျှဝေထားတာတွေကို ဒီနေရာဒီနေရာဒီနေရာနဲ့ ဒီနေရာမှာလည်း တွေ့ရပါတယ်။

မူရင်းလင်ခ့် – Fb linkArchive link

အချက်အလက်စိစစ်ချက်

ဓာတ်ပုံတွေကို အဓိကကျတဲ့စကားလုံးအချို့အသုံးပြုပြီး ရှာဖွေကြည့်ရာမှာ ဟောင်ကောင်အခြေစိုက်အရပ်ဘက်နဲ့ စစ်ဘက်သုံး စောင့်ကြည့်ရေး ဒရုန်းရောင်းချတဲ့ GL UAV ကုမ္ပဏီရဲ့ ဒရုန်းကြော်ငြာဓာတ်ပုံတွေဖြစ်တာတွေ့ရ ပါတယ်။

GL UAV ကိုညွှန်းဆိုထားတဲ့ဖေ့စ်ဘွတ်မျက်နှာတစ်ခုဖြစ်တဲ့ “Fixed Wing Drone, VTOL Drone ,Dual Zoom Camera Mapping Surveillance” အမည်နဲ့ ဖေ့စ်ဘွတ် စာမျက်နှာမှာ ဒေါင်လိုက်အတက်အဆင်းလုပ်နိုင်တဲ့ တောမီးလောင်ကျွမ်းမှုတွေ ထိန်းချုပ်ရေး ထောက်လှမ်းနိုင်တဲ့ဒရုန်းတွေဆိုပြီးတော့ အောက်တိုဘာ ၄ ရက်မှာ မျှဝေထားတွေ့ရပါတယ်။

မူရင်းလင်ခ့် – GL UAVArchive link

သုံးသပ်ချက်

အထက်ပါအချက်အလက်တွေအရ GL UAV ကုမ္ပဏီရဲ့ ဖေ့စ်ဘွတ်စာမျက်နှာက ဓာတ်ပုံတွေကို လွတ်မြောက်နယ် မြေရောက်လာတဲ့ ဒရုန်းပုံတွေအဖြစ်မျှဝေနေခြင်းဖြစ်ပါတယ်။

Avatar

Title:လွတ်မြောက်နယ်မြေကိုရောက်လာတဲ့ ဒရုန်းယာဉ်တွေဓာတ်ပုံလား-မဟုတ်ပါ

Fact Check By: Nayar Maung 

Result: Misleading


Leave a Reply

Your email address will not be published. Required fields are marked *