Fact Check: ‌အမေရိကန်ဆီက ထောက်ပံကြေး ဒေါ်လာ ၂ ဘီလီယံ NUG ရရှိတဲ့ သတင်းတု

အမျိုးသားညီညွှတ်ရေး အစိုးရ(NUG) အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာဆာဆာ ဟာ အမေရိကန်နဲ့ သဘောတူညီချက်ရပြီး အမေရိကန်ဆီက ထောက်ပံကြေး ဒေါ်လာ ၂ ဘီလီယံ NUG ရတယ်ဆိုတဲ့ ပို့စ် အွန်လိုင်းအသုံးပြုသူတွေအကြား ဖြန့်ဝေလျက်ရှိပါတယ်။ အောက်ပါစာသားတွေကတော့  Khit Thit Channel အမည်နဲ့ ယူကျူ့အကောင့်ကနေ ဇွန် ၃ ရက်က မျှဝေထားတာကို စခရင်ရှော့ ရိုက်ထားခြင်းဖြစ်တယ်။ မူရင်းလင်ခ့် – Youtube link  | Archive link အချက်အလက်စိစစ်ချက် သတင်းလုပ်ငန်းအဓိကလုပ်ကိုင်နေတဲ့ ပြည်တွင်းနဲ့ နိုင်ငံတကာ မီဒီယာတွေမှာ NUG က ဝန်ကြီး ‌ဒေါက်တာ ဆာဆာနဲ့ အမေရိကန်အစိုးရတို့ တွေ့ဆုံမှု သို့မဟုတ် သဘောတူညီချက်အကြောင်း သတင်းဖော်ပြချက်မျိုး မရှိပါဘူး။ […]

Continue Reading

Fact Check: ဦးဝါသဝအုပ်စုနဲ့ စစ်တပ်တပ်စွဲထားတဲ့ ဘုန်းကြီးကျောင်း ဗုံးမှားကြဲလို့ ၆၀ ကျော် သေဆုံးတဲ့ သတင်းမှား

ဘုန်ကြီးဝတ် ပျူစောထီး‌ခေါင်းဆောင် ဦးဝါသဝအုပ်စုနဲ့စစ်တပ်တို့တပ်စွဲတဲ့ဘုန်းကြီးကျောင်းကိုဗုံးမှားကြဲ စစ်ကြောင်းမှူးအပါ(၆၀)ကျော်သေဆုံး တယ်ဆိုတဲ့ ဗွီဒီယိုတစ်ခု အွန်လိုင်းမှာ  ပျံ့နှံ့မှုအားကောင်းလျှက်ရှိပါတယ်။  ပျံ့နှံ့မှုအားကောင်းနေတဲ့ ယူကျူ့ဗွီဒီယိုမှာ “ဝါသဝအုပ်စုနဲ့စစ်တပ်တို့တပ်စွဲတဲ့ဘုန်းကြီးကျောင်းကို ဗုံးမှားကြဲ စစ်ကြောင်းမှူးအပါ(၆၀)ကျော်သေဆုံး” စသည်ဖြင့်လည်း ရေးသားထားပါတယ်။ အောက်ပါစခရင်ရှော့ကတော့ MyanmarHot News အမည်နဲ့ ယူကျူ့ချန်နယ်က ၁၈ ရက်က ဗွီဒီယိုကို ဖြန့်ဝေထားပုံဖြစ်ပါတယ်။ ဒီဗွီဒီယိုကို လက်ရှိအချိန်အထိ ၁၇၀၀၀ ကျော်က ကြည့်ရှု့ထားပါတယ်။ မူရင်းလင်ခ့် – Youtube link | Archive link တူညီတဲ့ရေးသားမျှဝေမှုတွေကို ဖေ့စ်ဘွတ်ရဲ့ ဒီနေရာနဲ့ ဒီနေရာမှာလည်းတွေ့ရပါတယ်။ အချက်အလက်စိစစ်ချက် သတင်းလုပ်ငန်းအဓိကလုပ်ကိုင်နေတဲ့ မီဒီယာတွေမှာ ဒီသတင်းဖော်ပြချက်မတွေ့ရပါဘူး။ ၅ မိနစ်ကျော် ရှည်လျားတဲ့ ဒီဗွီဒီယိုဖိုင်လေ့လာကြည့်ရာမှာ ၂၀၂၃ ခုနှစ် မေ ၁၈ ရက်က ရန်ကုန်ခေတ်သစ်သတင်း ဌာနကဖော်ပြခဲ့တဲ့ […]

Continue Reading

Fact Check: ဒီဓာတ်ပုံပါ ကလေးငယ်တွေဟာ ဒီမော့ဆို စစ်ရှောင်းစခန်းကဖြစ်ပြီး ကန့်ဘလူ ပဇီကြီးရွာကမဟုတ်ပါ

ကန့်ဘလူ ပဇီကြီးရွာက အမျိုးသားညီညွှတ်ရေးအစိုးရ(NUG)လက်အောက်ခံ ကျေးရွာအုပ်ချုပ်ရေး ရုံးဖွင့်ပွဲ အခမ်းအနားတစ်ခုကို မြန်မာစစ်တပ်က တိုက်လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ကလေးသူငယ်နဲ့ အမျိုးသမီးများအပါအဝင် ရာဂဏန်းထက်မနည်း ထိခိုက်သေဆုံးခဲ့ရပါတယ်။ ဒီလိုအခြေအနေမှာ ပဇီကြီးရွာကို မြန်မာစစ်တပ်က လေကြောင်းတိုက်ခိုက်မှုမတိုင်ခင် ကလေးငယ်တွေ ထမင်းစားနေစဉ်ဆိုပြီး ဓာတ်ပုံပို့စ်တစ်ခု ဖေ့စ်ဘွတ်အသုံးပြုသူတွေရဲ့ အကြားပျံ့နှံ့မှု့အားကောင်းခဲ့ပါတယ်။  တကယ်တော့ ဓာတ်ပုံတွေဟာ ကယားပြည်၊ ဒီမော့ဆိုမြို့နယ်က စစ်ဘေးရှောင်ကလေးငယ်တွေ့ရဲ့ ဓာတ်ပုံဖြစ်ပါတယ်။  “ကန့်ဘလူမြို့၊ ပဇီကြီးရွာကအခင်းမဖြစ်ပွားမှီကလေးငယ်များ ထမင်းစားနေကြပုံ😥😥 #credit”လို့ ရေးသားပြီး ဖေ့စ်ဘွတ်စာမျက်နှာတစ်ခု ဖြန့်ဝေထားတဲ့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ဓာတ်ပုံကို ကြည့်ပါ။ မူရင်းလင်ခ့် – Fb link |  Archive link အလားတူ တူညီတဲ့ရေးသားဖြန့်ဝေမှုကို  ဒီနေရာ၊ဒီနေရာနဲ့ ဒီနေရာမှာလည်း တွေ့ရပါတယ်။ အချက်အလက်စိစစ်ချက် ဓာတ်ပုံကို Google မှာ ပုံရှာနည်းအသုံးပြုရှာဖွေကြည့်ရာမှာ […]

Continue Reading

Fact Check: KNU ဥက္ကဋ္ဌ နဲ့ စစ်ဦးစီးချုပ် ကားတန်းမိုင်းဆွဲခံရပြီး ပွဲချင်းပြီးသေဆုံးဆိုတဲ့ သတင်းမှား

KNU ဥက္ကဋ္ဌ နဲ့ စစ်ဦးစီးချုပ် ကားတန်းမိုင်းဆွဲခံရပြီး ပွဲချင်းပြီးသေဆုံးသွားတယ်ဆိုတဲ့ ဗွီဒီယိုပို့စ်တစ်ခု ဖေ့စ်ဘွတ် အသုံးပြုသူတွေရဲ့အကြားပျံ့နှံ့ခဲ့ပါတယ်။ နားလည်မှုလွဲစေနိုင်တဲ့ သတင်းခေါင်းစဉ်တုနဲ့ သတင်းတုဖြန့်ချိနေခြင်း ဖြစ်ပါတယ်။  ပျံ့နှံ့နေတဲ့ ဒီဗွီဒီယိုပို့စ်မှာ “KNU ဥက္ကဋ္ဌ နဲ့ စစ်ဦးစီးချုပ် ကားတန်းမိုင်းဆွဲခံရ၊ပွဲချင်းပြီး မသာပေါ်” စသည်ဖြင့်ရေးသားပြီး “Appreciate news”အမည်နဲ့ ဖေ့စ်ဘွတ်စာမျက်နှာက အောက်ပါအတိုင်း မျှဝေထားပါတယ်။  မူရင်းလင်ခ့် – Fb link |  Archive link အလားတူ တူညီတဲ့ရေးသားဖြန့်ဝေမှုကို ယူကျူ့ရဲ့ဒီနေရာမှာလည်း တွေ့ရပါတယ်။ အချက်အလက်စိစစ်ချက် KNU ဥက္ကဌနဲ့ စစ်ဦးစီးချုပ်တို့ စီးနင်းလိုက်ပါလာတဲ့ ကားမိုင်းဆွဲခံရတယ်ဆိုတဲ့ သတင်းမှားဟာ ဖေ့စ်ဘွတ်မှာ ပျံံနှံ့မှုအားကောင်းခဲ့ပြီးနောက် အခုလို KNU ဥက္ကဌနဲ့ စစ်ဦးစီးချုပ်တို့မိုင်းဆွဲခံရပြီးသေဆုံးဆိုပြီးထပ်မံဖြန့် ဝေလာတာပါ။ ဧရာဝတီသတင်းဌာနက KNU ဥက္ကဌနဲ့ […]

Continue Reading

Fact Check: ဒေါ်အောင်ဆန်းစုကြည်သေဆုံးကြောင်း စစ်တပ်ထုတ်ပြန်ဆိုတဲ့ သတင်းတုသတင်းမှား

ဒေါ်အောင်ဆန်းစုကြည်သေဆုံးကြောင်း စစ်တပ်ထုတ်ပြန်ဆိုတဲ့ သတင်းမှား ပို့စ်တစ်ခုဖေ့စ်ဘွတ် အသုံးပြုသူတွေ အကြားပျံ့နှံ့မှုအားကောင်းခဲ့ပါတယ်။ မိုးကောင်းမှာ ဗိုလ်ကြီးတစ်ယောက် PDF ရဲ့ ပစ်ခတ်ခံရပြီး သေဆုံးမှုသတင်း ကို လုပ်ကြံရေးသားထားတဲ့ သတင်းခေါင်းစဉ်နဲ့ ဖြန့်ချိနေခြင်းဖြစ်ပါတယ်။ “အမေစုနာရေးသတင်းစစ်တပ်ထုတ်ပြန်။သေချာလားစုံစမ်းနေဆဲပါ”လို့ ရေးသားပြီး “Was was” အမည်နဲ့ ဖေ့စ်ဘွတ်စာမျက်နှာကအောက်ပါအတိုင်းမျှဝေခဲ့တာတွေ့ရပါတယ်။ ဗွီဒီယိုအစမှာပြသတဲ့ ရုပ်ကတ်မှာလည်း “ဒေါ်စုသေပြီဟု စစ်တပ်ဘက်ကထုတ်ပြန် တကယ်လားစုံစမ်းနေဆဲပါ”လို့ ရေးသားထားပါတယ်။ ဒီပို့စ်ကို ပြန်လည်မျှဝေမှုပေါင်း ၁၈၀ ဝန်းကျင်ရှိပါတယ်။ မူရင်းလင်ခ့် – FB link |  Archive link   တူညီတဲ့ရေးသားမျှဝေမှုတွေကို ဒီနေရာမှာ လည်းတွေ့ရပါတယ်။  အချက်အလက်စိစစ်ချက် ဗွီဒီယိုကိုဖြန့်ချိရာမှာ ဒေါ်အောင်ဆန်းစုကြည်သေဆုံးကြောင်း စစ်တပ်ထုတ်ပြန်လို့ ရေးသားထားပေမဲ့ ဒီလိုမျိုးသတင်းကို ယုံကြည်ရလောက်တဲ့ သတင်းအရင်းအမြစ်တွေက ဖော်ပြချက်မတွေ့ရသလို စစ်တပ်ထိန်းချူပ်ထားတဲ့ မီဒီယာတွေမှာလည်းဖော်ပြချက်မတွေ့ရပါဘူး။  ထို့အပြင် ဗွီဒီယိုကိုလေ့လာရာမှာ […]

Continue Reading

Fact Check: လွတ်လပ်တဲ့သတင်းဌာနတွေကို သတင်းတုသတင်းမှားတင်တယ်လို့ ဝါဒဖြန့်နေတဲ့ Fact Check အမည်နဲ့ဖေ့စ်ဘွတ်စာမျက်နှာ

သတင်းလုပ်ငန်းအဓိကလုပ်ကိုင်နေတဲ့ မီဒီယာတွေမှာ ဖော်ပြနေတဲ့သတင်းဟာ သတင်းမှားတွေလို့ဆိုပြီးတော့ အမြဲတမ်းဖော်ပြနေတဲ့ “Fact Check” အမည်နဲ့ ဖေ့စ်ဘွတ်အကောင့်တစ်ခုကို Fact Crescendo Myanmar က သတိပြုမိခဲ့ပါတယ်။ အများပြည်သူအတွက် အဓိကသတင်းအရင်းအမြစ်တွေဖြစ်တဲ့ သတင်းမီဒီယာတွေကို သတင်းတုနဲ့ လုပ်ကြံရေးသားနေ တယ်လို့ တိုက်ခိုက်ပြီး Fact Check ဆိုတဲ့ဖေစ့်ဘွတ်ပေချ့်ကို Follow လုပ်ထားသူ တစ်သောင်းရှိပြီး ဒီအကောင့်ဟာ နေ့စဉ်နီးပါး လွတ်လပ်တဲ့ သတင်းမီဒီယာတွေက တင်သမျှ စစ်တပ်နဲ့ PDF တို့ရဲ့ ထိတွေ့မှုသတင်းတိုင်းကို သတင်းမှားအဖြစ်ဖော်ပြနေတာဖြစ်ပါတယ်။  ဒီစာမျက်နှာရဲ့ မတ် ၂ ရက်နေ့မှာ မြင်ရတဲ့ screenshot ဓာတ်ပုံဖြစ်ပါတယ်။ မူရင်းလင်ခ့် – FB link |  Archive link   အချက်အလက်စိစစ်ချက် အထူးသဖြင့် ဒီစာမျက်နှာဟာ Khit […]

Continue Reading

Fact Check: ဗြိတိန်နဲ့ EU က NUGကို စစ်ရေးအကူညီပေးလိုက်ပြီဆိုတဲ့ သတင်း ခေါင်းစဉ်တု

ဗြိတိန်နဲ့ EU က NUG ကို စစ်ရေးအကူညီပေးလိုက်ပြီဆိုတဲ့ နားလည်မှုလွဲစေနိုင်တဲ့ သတင်းခေါင်းစဉ်တုနဲ့ ဖြန့်ချိ ထားတဲ့ ဗွီဒီယိုပို့စ်တစ်ခုဖေ့စ်ဘွတ်အသုံးပြုသူတွေအကြားပျံ့နှံ့လျက်ရှိပါတယ်။ ဗွီဒီယိုပါအကြောင်းအရာဟာ မြန်မာစစ်တပ်ကို ICC နဲ့ ICJ မှာတရားစွဲဆိုမှုမှာပါဝင်ထောက်ခံရေးအတွက် EU နိုင်ငံတွေကို အရပ်ဘက် အဖွဲ့အစည်း ၆၀ ကျော်က တောင်းဆိုမှုသတင်းသာဖြစ်ပါတယ်။ “Ukနဲ့ EU NUGကို စစ်ရေးအကူညီပေးပြီ”လို့ ရေးသားထားသလို “ဒေါ်လာ ၅ သန်းတန် ဂျက်ဖိုက်တာ NUG စစ်ရေးအတွက်ပေးလိုက်ပြီ”လို့ဗွီဒီယိုထဲမှာရေးသားလျှက်“Man Media” အမည်နဲ့ ဖေ့စ်ဘွတ် စာမျက်နှာ ဖေဖော်ဝါရီ ၉ ရက်က အောက်ပါအတိုင်းမျှဝေထားရာမှာ ဒီဗွီဒီယိုကို ကြည့်ရှု့မှုပေါင်း ၁ သိန်း ၄ သောင်းကျော်ရှိပါတယ်။  မူရင်းလင်ခ့် – FB link |  Archive […]

Continue Reading

Fact Check: PDF တွေ မုံရွာမြို့ကို သိမ်းပိုက်လိုက်ပြီး တိုက်လေယာဉ် ၂ စီးပစ်ချခံရဆိုတဲ့ သတင်းမှား

၂၀၂၃ ခုနှစ် ဖေဖော်ဝါရီ ၅ ရက်မှာ PDF တွေ မုံရွာမြို့ကို သိမ်းပိုက်လိုက်ပြီး စစ်တပ်တိုက်လေယာဉ် ၂ စီး ကို တပြိုင်နက်ထဲ ပစ်ချနိုင်ခဲ့တယ်ဆိုတဲ့ ပို့စ်တစ်ခုဖေ့စ်ဘွတ်အသုံးပြုသူတွေအကြားဖြန့်ဝေလျက်ရှိတာဟာ သတင်းတုဖြစ်ပါတယ်။ ဗွီဒီယိုပုံစံနဲ့ ဖြန့်ချိနေတဲ့ ဒီပို့စ်မှာ  “၅/၂/၂၀၂၃ ထူးပြီ မုံရွာမြို့သိမ်းတိုက်ပွဲ PDF တွေ အဝင်ကြမ်းကုန်ပြီ တပြိုင်နက်စစ်တိုက်ယာဉ် ၂ စီးပစ်ချခံရ”လို့ ဗွီဒီယိုထဲမှာ ရေးသားထားပါတယ်။ “KAKA Drama” အမည်နဲ့ ဖေ့စ်ဘွတ်စာမျက်နှာ ဒီဗွီဒီယိုကို အောက်ပါအတိုင်းမျှဝေထားပါတယ်။  မူရင်းလင်ခ့် – FB link |  Archive link   တူညီတဲ့ရေးသားမျှဝေမှုတွေကို ဖေ့စ်ဘွတ်ရဲ့ ဒီနေရာနဲ့ ယူကျူ့ရဲ့ ဒီနေရာမှာ လည်းတွေ့ရပါတယ်။  အချက်အလက်စိစစ်ချက် ၉ မိနစ်ကျော်ရှည်လျားတဲ့ ဒီဗွီဒီယိုပါမှာပါတဲ့အကြောင်းအရာဟာ ဖေဖော်ဝါရီ […]

Continue Reading

Fact Check: NLD ကိုအာဏာပြန်အပ်မယ်လို့မစ္စတာဆာဆာကာဝါကို မင်းအောင်လှိုင် ကတိပေးဆိုတဲ့ သတင်းတု

NLD ကိုအာဏာပြန်ပေးမယ်လို့ မစ္စတာဆာဆာကာဝါကို  ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ကတိပေး လိုက်တယ်လို့ဆိုပြီး ယူကျူ့အကောင့်တစ်ခုက မျှဝေထားတာဟာ သတင်းတုဖြန့်ချိနေခြင်းသာဖြစ်ပါတယ်။ “NLD ကိုအာဏာပြန်အပ်မယ်လို့မစ္စတာဆာဆာကာဝါကိုမင်းအောင်လှိုင်ဂတိပေး”လို့ ရေးသားပြီး “Daily News Myanmar” အမည်နဲ့ ‌ယူကျူ့အကောင့်ကမျှဝေထားတာကို‌ အောက်ပါအတိုင်းတွေ့ရပါတယ်။ ဒီဗွီဒီယိုကို ယူကျူ့မှာ ဝင်ရောက်ကြည့်ရှူ့မှုပေါင်း ၅၀၀၀ ဝန်းကျင်ရှိပါတယ်။ မူရင်းလင်ခ့် – Youtube link |  Archive link   အချက်အလက်စိစစ်ချက် ဗွီဒီယိုပါအကြောင်းအရာဟာ ခေတ်သစ်သတင်းဌာနက ဇန်နဝါရီ ၁၆ ရက်မှာဖော်ပြခဲ့တဲ့ “မင်းအောင်လှိုင် ဘက်တော်သား နီပွန်ဖောင်ဒေးရှင်း ဥက္ကဋ္ဌ နဲ့ ထိုင်းဝန်ကြီးချုပ် တွေ့ဆုံမှု စစ်အာဏာရှင် တော်လှန်နေတဲ့ မြန်မာပြည်သူတွေဆီ အန္တရာယ်တွေ ဆောင်ယူလာနေသလား”ဆိုတဲ့ သတင်းဆောင်းပါးဖော်ပြချက်ကို ပြန်လည်ဖတ်ကြားနေခြင်းဖြစ်ပါတယ်။  မူရင်းလင်ခ့် – Khit Thit Media […]

Continue Reading

Fact Check: ကုလသမဂ္ဂက မြန်မာကိုစစ်ကြေညာလိုက်ပြီဖြစ်လို့ ရိက္ခာစုဆောင်းခိုင်း တဲ့သတင်းမှား

ကုလသမဂ္ဂက စစ်ကြေညာလိုက်ပြီး ပြည်သူတွေ ရိက္ခာစုဆောင်းထားဖို့ဆိုပြီး သတင်းမှား ပို့စ်တစ်ခု ယူကျူ့မှာ ဖြန့်ဝေနေတာတွေ့ရပါတယ်။ “ကုလစစ်ကြေညာပြီ ဒေါ်စုကို အပြီးသတ်လွှတ်ရန် ပြည်သူတွေ စားနပ်ရိက္ခာတွေ စုထားရန် နိုင်ငံခြားသား အမြန်ဆုံးထွက်ခွာရန် ကြေညာ”လို့ ဗွီဒီယိုရဲ့အစမှာရေးသားပြီး “Khit Thit Journal”အမည်နဲ့ ယူကျူ့ချန်နယ်မှာ အောက်ပါ အတိုင်းမျှဝေထားရာမှာ ဒီဗွီဒီယိုကို ကြည့်ရှု့မှုပေါင်း ၃၅၀၀၀ ကျော်ရှိတာတွေ့ရပါတယ်။  မူရင်းလင်ခ့် – Youtube |  Archive link   တူညီတဲ့ရေးသားမျှဝေမှုတွေကို ဒီနေရာမှာ လည်းတွေ့ရပါတယ်။  အချက်အလက်စိစစ်ချက် “ကုလစစ်ကြေညာပြီ ဒေါ်စုကို အပြီးသတ်လွှတ်ရန် ပြည်သူတွေ စားနပ်ရိက္ခာတွေ စုထားရန် နိုင်ငံခြားသား အမြန်ဆုံးထွက်ခွာရန် ကြေညာ”လို့ ဗွီဒီယိုရဲ့ thumbnail ဓာတ်ပုံမှာရေးသားထားပေမဲ့ ၈ မိနစ်ရှည်လျားတဲ့ ဒီဗွီဒီယိုမှာ ဒီလိုကုလသမဂ္ဂက မြန်မာနိုင်ငံအပေါ် […]

Continue Reading