Fact Check: မြန်မာစစ်တပ်ကိုအစိုးရအဖြစ်အသိအမှတ်ပြုဖို့ ကုလသမဂ္ဂဆုံးဖြတ်ဆိုတဲ့ သတင်းတုသတင်းမှား

False နိုင်ငံရေး | Politics

အာဏာသိမ်း မြန်မာစစ်တပ်ကို မြန်မာနိုင်ငံအစိုးရအဖြစ် ကုလသမဂ္ဂကအတည်ပြုလိုက်ပြီဆိုတဲ့ပို့စ်တစ်ခု ဖေ့စ်ဘွတ်အသုံးပြု သူတွေအကြားပျံ့နှံ့လျက်ရှိပါတယ်။ သတင်းတုသတင်းမှားတစ်ခုသာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ နှစ်ကတည်းက ကုလသမဂ္ဂက မြန်မာနိုင်ငံ စစ်အာဏာသိမ်းမှုကို ရှုတ်ချထားပြီးဖြစ်ပါတယ်။

“* 21.6.2022 . သတင်ထူးပြီ *

~~~~~~~~~~~~~~~~~~

နစကအစိုးရကိုတရားဝင်အစိုးရပါတဲ့

အမျိုးတို့ရေ😍😍😍

အားလုံး ပျော်ကြရဲ့လားဝေ့

နစက အားတရားဝင်အစိုးရအဖြစ် သတ်မှတ်ရေး အဆိုကို

ကုလသမဂ္ဂအစည်းအဝေးတွင်

ဆုံးဖြတ်ချက်ရယူရာမှာ ထောက်ခံမဲအများစုဖြင့်  “နစက”အား မြန်မာနိုင်ငံအစိုးရအဖြစ် အတည်ပြု👌

   ထုံးစံအတိုင်းကန့်ကွက်တာက တူရကီ × ကြားနေတာက USA ; UK , နဲ့အနောက်နိုင်ငံအချို့😎

နစကအားအစိုးရအဖြစ် အတည်ပြုထောက်ခံတာက တရုပ် အိန္ဒိယ ရုရှား အာဆီယံ  ၁၀နိုင်ငံအပြင် ကမ္ဘာ့နိုင်ငံပေါင်း ၁၁၉….ကမ္ဘာ့လူလည် ငပွတွေ

စောက်ရှက်ကွဲကုန်ပီ…”စသည်ဖြင့် ရေးသားပြီး “Min Thwe”အမည်နဲ့ ဖေ့စ်ဘွတ် အသုံးပြု သူက အောက်ပါအတိုင်းမျှဝေထားပါတယ်။

မူရင်းလင်ခ့် – FB linkArchive link  

တူညီတဲ့ရေးသားမျှဝေမှုတွေကို ဒီနေရာဒီနေရာနဲ့ ဒီနေရာမှာလည်းတွေ့ရပါတယ်။ 

အချက်အလက်စိစစ်ချက်

၂၀၂၂ ခုနှစ် ဇွန် ၂၁ ရက်လုပ်တဲ့ ကုလသမဂ္ဂအစည်းအဝေးမှာ နစက(နိုင်ငံတော်စီမံအုပ်ချုပ်မှုကောင်စီ) အား တရားဝင်အစိုးရအဖြစ် သတ်မှတ်ရေးအဆိုကိုဆုံးဖြတ်ချက်ရယူရာမှာ ထောက်ခံမဲအများစုဖြင့်  “နစက”အား မြန်မာနိုင်ငံအစိုးရအဖြစ် အတည်ပြုခဲ့တယ်ဆိုတဲ့အချက်အလက်နဲ့ပတ်သတ်ပြီး ပထမဆုံးအချက် အလက်စိစစ်ကြည့်ရအောင်ပါ။ 

Google မှာအဓိကကျတဲ့စကားလုံးအချို့အသုံးပြုပြီး အကြောင်းအရာကို ရှာဖွေကြည့်မယ်ဆိုရင် နိုင်ငံတကာသတင်းဌာနတွေမှာ တစ်စုံတစ်ရာ မတွေ့ရပါဘူး။ 

ကုလသမဂ္ဂဝက်ဘ်ဆိုဒ်မှာကျင်းပပြီးစီးခဲ့တဲ့အစည်းအဝေးတွေကိုဖော်ပြထားတာတွေ့ရပါတယ်။ ၂၀၂၂ ခုနှစ် ဇွန် ၂၁ ရက်က အစည်းအဝေးတစ်ခုလုပ်ခဲ့ပေမဲ့ ဒီအစည်းအဝေးဟာ မြန်မာနိုင်ငံနဲ့သက်ဆိုင်ခြင်းမရှိပါဘူး။ အစည်းအဝေးအနှစ်ချုပ်အနေနဲ့ အောက်ပါအတိုင်းခေါင်းစဉ်တပ်ထုတ်ပြန်ပါတယ်။ အသေးစိတ်ကို ဒီလင့်ခ်မှာကြည့်ပါ။

 “အထွေထွေညီလာခံသည် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှုရရှိရန် ကမ္ဘာ့ကုလသမဂ္ဂနှင့် နိုင်ငံအသီးသီးက လွှတ်တော်များအကြား ခိုင်မာသော ထိတွေ့ဆက်ဆံမှုကို အားပေးသည့် စာသားကို အတည်ပြုခဲ့သည်။”

မူရင်းလင်ခ့် – UNArchive link  

ဒီအစည်းအဝေးမှာ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ကို ကိုယ်စားပြုပြီး ကုလသမဂ္ဂမှာ အစည်းအဝေးတွေ တက်ရောက်နေတဲ့ မြန်မာနိုင်ငံဆိုင်ရာ သံအမတ် ဦးကျော်မိုးထွန်းအနေနဲ့ ဒီအစည်းအဝေးမှာ ဝင်ရောက်ဆွေးနွေး ပါတယ်။ ဒီဆွေးနွေးမှုမှာ ဦးကျော်မိုးထွန်းက “နိုင်ငံတကာအသိုက်အဝန်း၊ ကုလသမဂ္ဂကိုယ်စားလှယ်များနှင့် နိုင်ငံတကာပါလီမန်များ အဖွဲ့အနေဖြင့် မြန်မာပြည်သူများကို ကိုယ်စားပြုရပ်တည်လျက်ရှိသည့် ပြည်ထောင်စု လွှတ်တော်ကိုယ်စားပြု ကော်မတီနှင့် အမျိုးသားညီညွတ်ရေးအစိုးရတို့နှင့် ဆက်လက်ထိတွေ့ဆက်ဆံ၍ မြန်မာနိုင်ငံ၌ ဒီမိုကရေစီနှင့် တရားမျှတမှုရှိရေးအတွက် ကြိုးပမ်းရာ၌ ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရန်” တိုက်တွန်းတောင်းဆိုတယ်လို့ ကုလသမဂ္ဂဆိုင်ရာ မြန်မာ အမြဲတမ်းကိုယ်စားလှယ်ရုံးက ၂၀၂၂ ခုနှစ် ဇွန် ၂၁ ရက်မှာထုတ်ပြန်ပါတယ်။

မူရင်းလင်ခ့် – Permanent Mission of Myanmar to the United NationsArchive link  

တူညီစွာရေးသားထားတဲ့ သတင်းတုသတင်းမှားကို ပြီးခဲ့တဲ့နှစ် ဇွန်လကလည်း မျှဝေခဲ့ပါသေးတယ်။ Fact Crescendo Myanmar က အဲဒီအချိန်ကအချက်အလက်စိစစ်ထားတာကို ဒီလင့်ခ်မှာကြည့်ပါ။

သုံးသပ်ချက်

အထက်ပါအချက်အလက်တွေအရ မြန်မာစစ်တပ်ကိုအစိုးရအဖြစ်အသိအမှတ်ပြုဖို့ ကုလသမဂ္ဂဆုံးဖြတ်တယ် ဆိုပြီးတော့ သတင်းတုဖြန့်ချိနေခြင်းဖြစ်တာတွေ့ရပါတယ်။

Avatar

Title:Fact Check: မြန်မာစစ်တပ်ကိုအစိုးရအဖြစ်အသိအမှတ်ပြုဖို့ ကုလသမဂ္ဂဆုံးဖြတ်ဆိုတဲ့ သတင်းတုသတင်းမှား

Fact Check By: Nayar Maung 

Result: False


Leave a Reply

Your email address will not be published. Required fields are marked *