Fact Check: TNLA ဒုစစ်ဦးစီးချုပ် သေဆုံးမှုကို PDF လုပ်ကြံသတ်ဖြတ်မှုလို့ သတင်းမှားဖြန့်ဝေ

TNLA ဗဟိုကော်မတီဝင်/ဒုတိယ စစ်ဦးစီးချုပ်ရာထူးယူထားသူ တားအလှော်(ခ)တားမူစယ်ကို စစ်တပ်နဲ့ ငြိမ်းချမ်းရေးဆွေးနွေးဖို့ဆောင်ရွက်တဲ့အတွက် PDF က လုပ်ကြံသတ်ဖြတ်လိုက်တယ် ပို့စ်တစ်ခု ဖေ့စ်ဘွတ် အသုံးပြုသူတွေအကြားပျံ့နှံ့လျက်ရှိပါတယ်။ သတင်းတုဖြစ်ပါတယ်။ “TNLA အKyanဖက်မှ ဒုစစ်ဦးစီးချုပ်အား PDFများမှ လုပ်ကြံ tyat ဖြတ်ခံရ TNLA အkyanဖက်အဖွဲ့မှ  ဗဟိုကော်မတီဝင်/ဒုတိယ စစ်ဦးစီးချုပ် ရာထူးယူထားသူ  တားအလှော်(ခ)တားမူစယ်အား တပ်မတော်နှင့် ငြိမ်းချမ်းရေးဆွေးနွေးဖို့ဆောင်ရွက်သည့်အတွက်ဟုဆိုကာ ၎င်းတို့မွေးထားတဲ့ PDFအဖွဲ့မှ ပြန်ပြီးလုပ်ကြံ tyat ဖြတ်ကြောင်းသိရပါတယ် တလရကိုသစ္စာဖောက်ရင် ဘယ်သူဖြစ်ဖြစ် tyat မှာပဲဟု အကြမ်းဖက် PDFများက ပြောဆိုခဲ့တာတွေရှိခဲ့ဖူးပါတယ် ခုတော့ Tyatတဲ့ ပဒက်လည်းပြေးနေပြီ  (နောက်ကွယ်က ဘယ်သူရှိမလဲ? -ပဒက်တွေကို လူမိုက်ငှားလိုက်တာလား?  စဥ်းစားစရာပဲ) မှိုင်းဝေ”လို့ ရေးသားပြီး “Thi Ha Soe” အမည်နဲ့ ဖေ့စ်ဘွတ်အသုံးပြုသူကအောက်ပါအတိုင်းမျှဝေထားတာ […]

Continue Reading

Fact Check: PDF တွေ မုံရွာမြို့ကို သိမ်းပိုက်လိုက်ပြီး တိုက်လေယာဉ် ၂ စီးပစ်ချခံရဆိုတဲ့ သတင်းမှား

၂၀၂၃ ခုနှစ် ဖေဖော်ဝါရီ ၅ ရက်မှာ PDF တွေ မုံရွာမြို့ကို သိမ်းပိုက်လိုက်ပြီး စစ်တပ်တိုက်လေယာဉ် ၂ စီး ကို တပြိုင်နက်ထဲ ပစ်ချနိုင်ခဲ့တယ်ဆိုတဲ့ ပို့စ်တစ်ခုဖေ့စ်ဘွတ်အသုံးပြုသူတွေအကြားဖြန့်ဝေလျက်ရှိတာဟာ သတင်းတုဖြစ်ပါတယ်။ ဗွီဒီယိုပုံစံနဲ့ ဖြန့်ချိနေတဲ့ ဒီပို့စ်မှာ  “၅/၂/၂၀၂၃ ထူးပြီ မုံရွာမြို့သိမ်းတိုက်ပွဲ PDF တွေ အဝင်ကြမ်းကုန်ပြီ တပြိုင်နက်စစ်တိုက်ယာဉ် ၂ စီးပစ်ချခံရ”လို့ ဗွီဒီယိုထဲမှာ ရေးသားထားပါတယ်။ “KAKA Drama” အမည်နဲ့ ဖေ့စ်ဘွတ်စာမျက်နှာ ဒီဗွီဒီယိုကို အောက်ပါအတိုင်းမျှဝေထားပါတယ်။  မူရင်းလင်ခ့် – FB link |  Archive link   တူညီတဲ့ရေးသားမျှဝေမှုတွေကို ဖေ့စ်ဘွတ်ရဲ့ ဒီနေရာနဲ့ ယူကျူ့ရဲ့ ဒီနေရာမှာ လည်းတွေ့ရပါတယ်။  အချက်အလက်စိစစ်ချက် ၉ မိနစ်ကျော်ရှည်လျားတဲ့ ဒီဗွီဒီယိုပါမှာပါတဲ့အကြောင်းအရာဟာ ဖေဖော်ဝါရီ […]

Continue Reading

Fact Check: ချင်းပြည်နယ်မှာ ပျက်ကျခဲ့တဲ့ ရဟတ်ယာဉ်ကို ဟုမ္မလင်းမှာ ပစ်ချခံရတဲ့ လေယာဉ်အဖြစ် မျှဝေ

ဟုမ္မလင်းတိုက်ပွဲမှာ ပြည်သူ့ကာကွယ်ရေးတပ်တွေက မြန်မာစစ်တပ် ရဟတ်ယာဉ် ၁ စီးကို ပျက်ကျအောင် ပစ်ချခဲ့တဲ့ အပိုင်းအစပုံတွေလို့ဆိုထားတဲ့ ဓာတ်ပုံတစ်ပုံ ဖေ့စ်ဘွတ်မှာ ပျံ့နှံ့ခဲ့တာတွေ့ရပါတယ်။ အမျိုးသား ညီညွှတ်ရေးအစိုးရ(NUG)က ကာကွယ်ရေးဝန်ကြီးဌာနက အာဏာသိမ်းအကြမ်းဖက်စစ်တပ်၏ ရဟတ်ယာဉ် တစ်စီး ပစ်ချနိုင်ခဲ့တယ်လို့ သူတို့ရဲ့ဖေ့စ်ဘွတ်စာမျက်နှာဖော်ပြခဲ့အပြီး အခုလို သတင်းဓာတ်ပုံ မှားတစ်ခုပျံ့နှံ့ လာတာပဲဖြစ်ပါတယ်။ “ဖေဖော်ဝါရီ ၃ ရက် နေ့လည် (၃:၄၅)နာရီခန့်တွင် ဟုမ္မလင်းမြို့နယ် ဖြစ်ပွားသော တိုက်ပွဲ၌ ပြည်သူ့ကာကွယ်ရေး တပ်မတော်မှ  စကစ ရဟတ်ယာဉ် ၁ စီးကို ပျက်ကျအောင် ပစ်ချခဲ့သည့် လေပျံ အပိုင်းအစ ပုံရိပ်။ Feb 3”လို့ ရေးသားပြီး “People’s Power” အမည်နဲ့ ဖေ့စ်ဘွတ်စာမျက်နှာက မျှဝေထားတာကို အောက်ပါအတိုင်း တွေ့ရပါတယ်။  မူရင်းလင်ခ့် – […]

Continue Reading

Fact Check: Purtier Placenta က ကင်ဆာရောဂါ ပျောက်တယ်ဆိုတဲ့ သတင်းမှား

Purtier placenta က ကင်ဆာ၊ဆီးချို၊သွေးတိုးရောဂါတွေကို အမြစ်ပြတ်ပျောက်ကင်းစေတယ်လို့ဆိုတဲ့ ပို့စ်တစ်ခု ဖေ့စ်ဘွတ်အသုံးပြုသူတွေအကြားပျံ့နှံ့လျက်ရှိပါတယ်။ သတင်းမှားတစ်ခုသာဖြစ်ပါတယ်။ ခွဲစိတ်ခြင်း၊ ကီမိုသွင်းခြင်း၊ ဓာတ်ကင်ခြင်း တွေဟာ ကင်ဆာထုထည်ရဲ့အတိုင်းအတာပမာဏ ကိုလျော့စေနိုင်ပေမဲ့ ကင်ဆာရောဂါကနဦးဖြစ်စေတဲ့အကြောင်းအရင်းတွေကို ကုသနိုင်ခြင်းမရှိလို့ အမြစ်ပြတ်ပျောက်ကင်းစေတဲ့ Purtier placenta ကိုသောက်ဖို့လိုတယ်လို့ရေးသားထားတာဖြစ်ပါတယ်။ အောက်ပါ screenshot ကတော့ ဖေ့စ်ဘွတ်မှာ ပျံ့နှံ့ခဲ့တဲ့ ပို့စ်တစ်ခုဖြစ်ပါတယ်။ မူရင်းလင်ခ့် – FB link |  Archive link   အလားတူကြော်ငြာထားတာတွေကို ဒီနေရာ၊ဒီနေရာနဲ့ ဒီနေရာမှာ လည်းတွေ့ရပါတယ်။  အချက်အလက်စိစစ်ချက် ကင်ဆာနှင့် ဆီးချိုရောဂါကဲ့သို့သောရောဂါများကို ကုသနိုင်တယ်လို့ ကြော်ငြာရောင်းချခွင့် စင်ကာပူမှာ ဉပဒေအရ ပိတ်ပင်ထားတဲ့ကြားက ဒီလိုကြော်ငြာရောင်းခဲ့တဲ့အတွက် စင်ကာပူအစိုးရဌာနဖြစ်တဲ့ ကျန်းမာရေး သိပ္ပံ အာဏာပိုင်(HSA) က ၂၀၁၉ ခုနှစ်မှာ Purtier Placenta […]

Continue Reading

Fact Check: ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတ ဦးဝင်းမြင့် ကာလုံအစည်းအဝေး တက်မယ်ဆိုတဲ့ သတင်းတုသတင်းမှား

ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတ ဦးဝင်းမြင့် ကာလုံအစည်းအဝေး တက်မယ်ဆိုတဲ့ ပို့စ်တစ်ခုဖေ့စ်ဘွတ် အသုံးပြုသူတွေအကြားပျံ့နှံ့ခဲ့တာဟာ သတင်းတုဖြန့်ချိနေခြင်းသာဖြစ်ပါတယ်။ ပျံ့နှံ့ခဲ့တဲ့ ဗွီဒီယိုပို့စ်တစ်ခုမှာ “ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတ ဦးဝင်းမြင့် အရေးပေါ် ပါဝင်မည်”လို့ ရေးသားပြီး ဗွီဒီယိုမှာတော့ “ဒုသမ္မတ ဦးမြင့်ဆွေ ထွက်ပြောပြီ ၂၁ ရက်နေ့ ဘယ်သူ့ဖိအားမှ ဂရုမိုက်ပဲ ကာလုံကို လူစုံတက်စုံ ကျင်းပမည်ဟု ကြေညာ စစ်တပ်ကို ထုတ်ပယ်ဖို့ ပြောပြီ”စသည်ဖြင့်လည်း ရေးသားထားပါတယ်။ “Krovan Kamsan” အမည်နဲ့ ဖေ့စ်ဘွတ်စာမျက်နှာက မျှဝေထားတာကို အောက်ပါအတိုင်းတွေ့ရပါတယ်။ ဒီပို့စ်ကို ပြန်လည်မျှဝေမှုပေါင်း ၈၀၀ ကျော်ရှိပါတယ်။ မူရင်းလင်ခ့် – FB link |  Archive link   အခြားသော ဗွီဒီယိုပို့စ်တစ်ခုမှာတော့ “ကာလုံအစည်းဝေးအမေစုနဲ့သမ္မတကြီးပါတက်မယ်”လို့လည်း ရေးသားထားပါတယ်။ ဒီလင့်ခ်မှာကြည့်ပါ။ အချက်အလက်စိစစ်ချက် […]

Continue Reading

Fact Check: စစ်တပ်ကျင်းပမယ့် ရွေးကောက်ပွဲမှာ ဝင်ပြိုင်ဖို့ NUG လျှို့ဝှက်တွေ့ဆုံဆိုတဲ့ သတင်းတု

စစ်တပ်ကလုပ်မယ့်ရွေးကောက်ပွဲမှာ ဝင်ပြိုင်ဖို့အတွက် NUG အဖွဲ့လျှို့ဝှက်ညှိုနှိုင်းနေတယ်လို့ဆိုတဲ့ ပို့စ်တစ်ခု ဖေ့စ်ဘွတ်နဲ့တယ်လီဂရမ်မှာဖြန့်ဝေလျက်ရှိပါတယ်။ သတင်းမှားတစ်ခုသာ ဖြစ်ပါတယ်။ “NUGအဖွဲ့ကတော့ ဘာတွေအပေးအယူလုပ်လိုက်လဲတော့မသိဘူး ကြားရတဲ့သတင်းကတော့  ရွေးကောက်ပွဲမှာ ဝင်ပြိုင်မယ်ဆိုပြီး နစက ကို လာညှိနေတယ် ဒီလိုမှ လာမညှိလည်း နစက ရွေးကောက်ပွဲမဖြစ်ဖြစ်အောင်လုပ်ပြီး အရပ်သားအစိုးရတက်လာရင် NUG ခွက်ပျောက်ပြီလေ ဆိုတော့ ဘာတွေ အပေးအယူတွေ လုပ်လိုက်လဲ ဆိုတာတော့ မကြာခင်ကာလမှ လယ်ပြင်မှာ ဆင်ကောင်ကြီးသွားသလို ကားကားနဲ့ မြင်ရတော့မယ် စောင့်ကြည့်ကြအမျိုးတို့ 🇲🇲⭐⭐⭐⭐⭐⭐🇲🇲 မှိုင်းဝေ”လို့ ရေးသားပြီး “စောမှိုင်းဝေ” အမည်နဲ့ ဖေ့စ်ဘွတ်အသုံးပြုသူကအောက်ပါအတိုင်းမျှဝေထား တာတွေ့ရပါတယ်။  မူရင်းလင်ခ့် – FB link |  Archive link   တူညီတဲ့ရေးသားမျှဝေမှုတွေကို တယ်လီဂရမ်ရဲ့ ဒီလင့်ခ်၊ ဖေ့စ်ဘွတ်ရဲ့ ဒီလင့်ခ်နဲ့ ဒီလင့်ခ်တွေမှာလည်းကြည့်ပါ။ အချက်အလက်စိစစ်ချက် […]

Continue Reading

Fact Check: မြိုင်နယ်က ရွာ ၃ ရွာကို NUG လက်အောက်ခံ PDF များ မီးရှို့ဆိုတဲ့ သတင်းမှား

 အမျိုးသားညီညွှတ်‌ရေးအစိုးရ(NUG ) လက်အောက်ခံ ပြည်သူကာကွယ်ရေးတပ်(PDF )က မြိုင်မြို့နယ်ရှိရွာတွေ ကို မီးရှို့ခဲ့တယ်ဆိုပြီးပြောတယ်ဆိုတဲ့ ပို့စ်တစ်ခု ဖေ့စ်ဘွတ်အသုံးပြုသူတွေအကြား ဖြန့်ဝေနေတာတွေ့ရပါတယ်။  သတင်းမှားဖြစ်ပါတယ်။ “မြိုင်နယ်က ရွာ ၃ ရွာကို NUG လက်အောက်ခံ pdf များ မီးရှို့လို့ အိမ်ခြေ ၁၃၀ ကျော် မီးလောင်ပျက်စီး မကွေးတိုင်း၊ မြိုင်မြို့နယ်ထဲရှိ ကျေးရွာ ၃ ရွာက နေအိမ်အချို့ကို NUG လက်အောက်ခံ pdf များက ဒီဇင်ဘာလ ၂၉ ရက်နဲ့ ၃၀ ရက်အတွင်း မီးရှို့ဖျက်ဆီးခဲ့တာကြောင့် နေအိမ် ၁၃၄ လုံးပြာကျ ပျက်စီးခဲ့တယ်လို့ သိရပါတယ်။ အဲဒီ NUG လက်အောက်ခံ pdf များကဒီဇင်ဘာလ ၂၉ ရက်နေ့လည် ၂ နာရီလောက်မှာ […]

Continue Reading

Fact Check: ဗမာအိမ်နဲ့ ရှမ်းအိမ်တွေ မီးရှို့ဖို့ ဗိုလ်ချုပ်ဂွမ်မော်ပြောတဲ့သတင်းမှား

ကချင်လွတ် မြောက်ရေး တပ်မတော် ( KIA )အဖွဲ့ဝင်တွေအနေနဲ့ စစ်တပ်နဲ့ တိုက်ပွဲဖြစ်ရင် ဗမာအိမ်နဲ့ ရှမ်းအိမ်တွေကို မီးရှို့ဖို့ ဗိုလ်ချုပ်ဂွမ်မော်က  ပြောတယ်ဆိုတဲ့ ပို့စ်တစ်ခု ဖေ့စ်ဘွတ်အသုံးပြုသူတွေအကြား ပျံ့နှံ့လျက်ရှိပါတယ်။  သတင်းမှားဖြစ်ပါတယ်။ “KIA သူပုန်တို့ရဲ့ မီးရှို့အကျင့်”လို့ခေါင်းစဉ်တပ်ရေသားထားတဲ့ ဒီပို့စ်တွေမှာ “KIA သူပုန်အဖွဲ့ဟာ စစ်ကိုင်းတိုင်းမှာ ရှိတဲ့ ဗမာရွာတွေ၊ ရှမ်းရွာတွေကို လိုက်လံမီးရှို့နေတာ အားလုံးအသိပဲ ဖြစ်ပါတယ်။  သူတို့မီးရှို့ရတဲ့ရည်ရွယ်ချက်က စစ်ကြောင်းတွေ လိုက်မလာနိုင်ဖို့ရယ်၊ ဗမာ/ရှမ်းတွေ အိုးမဲ့အိမ်မဲ့ ဖြစ်ဖို့ရယ်၊ KIA စခန်းတွေကို ထိုးစစ်မဆင်နိုင်ဖို့ရယ်ပါ။”စသည်ဖြင့် ရေးသားပြီး “Delta News” အမည်နဲ့ ဖေ့စ်ဘွတ်စာမျက်နှာက အောက်ပါအတိုင်းမျှဝေထားတာတွေ့ရပါတယ်။  ထို့အပြင် ဗိုလ်ချုပ်ဂွမ်မော်ဓာတ်ပုံနဲ့ အတူ “မင်းတို့ မြဲမြဲမှတ်ထားရမှာက စစ်တပ်နဲ့ တိုက်ပွဲဖြစ်ရင် ခံမချပါနဲ့။ ထွက်ပြေးကြ။ ပြီးရင် […]

Continue Reading

Fact Check: NDAA ကို ဂျိုးဘိုင်ဒန်လက်မှတ်ထိုးပြီးတဲ့အတွက် ဟောင်ဇာလက်နက်ကြီး တွေ NUG လက်ခံရရှိဆိုတဲ့ သတင်းမှား

အမေရိကန်က အမျိုးသားလုံခြုံရေးဉပဒေကို ဂျိုးဘိုင်ဒန်က အတည်ပြုလိုက်ပြီးနောက် အမေရိကန်ဆီက မြေပြင်ပစ် ဟောင်ဇာ(Howitzer)အမြောက်ကြီးတွေကို အမျိုးသားညီညွှတ်ရေးအစိုးရ(NUG)က လက်ခံ ရရှိခဲ့တယ်ဆိုပြီး တော့ဖြန့်ဝေထားတဲ့ပို့စ်တစ်ခု ဖေ့စ်ဘွတ်မှာပျံ့နှံ့မှုအားကောင်းခဲ့တာတွေ့ရပါတယ်။ သတင်းမှားတစ်ခု သာဖြစ်ပါတယ်။ “NDAA သမ္မတ ဘိုင်ဒန်လက်မှတ်ရေးထိုးပြီးနောက် NUG လက်နက်ကြီးတွေ လက်ခံနေပြီ”လို့ရေးသားပြီး “Tsx mar 07”ဖေ့စ်ဘွတ်စာမျက်နှာကအောက်ပါအတိုင်းမျှဝေထားတာတွေ့ရပါတယ်။ ဗွီဒီယိုစာသားထဲမှာလည်း ၁၇ ရက်နေ့က ဒီလိုလက်မှတ်ရေးထိုးပြီးနောက် လက်နက်အကူအညီရရှိခဲ့တာလို့ဖော်ပြပါတယ်။ မူရင်းလင်ခ့် – FB link |  Archive link   တူညီတဲ့ရေးသားမျှဝေမှုတွေကို ဒီနေရာမှာ လည်းတွေ့ရပါတယ်။  အချက်အလက်စိစစ်ချက် ဗွီဒီယိုထဲမှာပါတဲ့အကြောင်းအရာဟာ တော်လှန်ရေးကိုထောက်ခံတဲ့ ဘုန်းကြီးတစ်ပါးရဲ့ အမျိုးသားကာကွယ်ရေး လုပ်ပိုင်ခွင့် အက်ဥပဒေ (NDAA) အပေါ် အတွေးအမြင်ကို ဆွေးနွေးနေခြင်းသာဖြစ်ပါတယ်။ ဒီဆွေးနွေးမှုမှာလည်း လက်နက်တွေထောက်ပံ့နေပြီ၊ လက်ခံရရှိပြီဆိုတဲ့ ပြောဆိုချက်မပါပါဘူး။ အမေရိကန်ရဲ့ အမျိုးသားကာကွယ်ရေး […]

Continue Reading

Fact Check: ထိုင်းဘုရင်နဲ့ NUG တွေ့ဆုံ၊မြန်မာအရေးထိပ်တန်းဦးစားပေးလို့ သမ္မတဂျိုကိုဝီပြောတဲ့သတင်းတုသတင်းမှား

NUG အစိုးရအဖွဲ့က ထိုင်းဘုရင်ကို မထင်မှတ်ဘဲ သွားရောက်တွေ့ဆုံခဲ့သလို ထိုင်းဘုရင်ဘက်က NUG နဲ့ မြန်မာပြည်သူတွေဘက်မှ အခိုင်အမာရပ်တည်နေကြောင်း ဖွင့်ဟလာတယ်ဆိုတဲ့ ပို့စ်တစ်ခု ဖေ့စ်ဘွတ်အသုံးပြုသူ တွေအကြားပျံ့နှံ့ခဲ့တာတွေ့ရပါတယ်။ ဒီပို့စ်မှာပဲ အာဆီယံအလှည့်ကျဥက္ကဌ အင်ဒိုနီးရှားသမ္မတက ဂျိုကိုဝီဒိုဒိုကလည်း မြန်မာအရေးဟာထိပ်တန်းဦးစားပေးအဖြစ်ကြေညာလိုက်တယ်လို့လည်းဆိုပါတယ်။ သတင်းတုသတင်းမှားဖြစ်ပါတယ်။ ပျံ့နှံ့ခဲ့တဲ့ပို့စ်တွေမှာ “NUG အစိုးရအဖွဲ့က ထိုင်းဘုရင်ကို မထင်မှတ်ဘဲ သွားရောက်တွေ့ဆုံခဲ့သလို ထိုင်းဘုရင်ဘက်က NUG နဲ့ မြန်မာပြည်သူတွေဘက်မှ အခိုင်အမာရပ်တည်နေကြောင်း ဖွင့်ဟလာတာဟာ အလွန်ကောင်းတဲ့ရလဒ်တစ်ခုလို့ဆိုရမယ်.. NUG အစိုးရအနေနဲ့ ကြီးမားတဲ့ သံတမန်ရေးအောင်ပွဲ တစ်ခုလို့ပြောနိုင်ပါတယ်… မနေ့ကတစ်ရက်ထဲမှာဘဲ အာဆီယံအလှည့်ကျဥက္ကဌ အင်ဒိုနီးရှားသမ္မတက မြန်မာ့အရေးဟာ အာဆီယံအဖွဲ့ရဲ့ ဂုဏ်သိက္ခာပိုင်းနဲ့ စွမ်းဆောင်ရည်တွေကို ထိပါးနေတဲ့အတွက် သူတာဝန်ယူတဲ့တစ်နှစ်အတွင်း ထိပ်ဆုံးက ဖြေရှင်းရမဲ့ပြဿနာလို့ အင်ဒိုသမ္မတမှကြေငြာသွားတယ်…   အင်ဒိုသမ္မတပြောပြီး ၂၄ နာရီမပြည့်သေးဘူး ကမ္ဘောဒီးယား မှ […]

Continue Reading