Fact Check: ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတ ဦးဝင်းမြင့် ကာလုံအစည်းအဝေး တက်မယ်ဆိုတဲ့ သတင်းတုသတင်းမှား

ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတ ဦးဝင်းမြင့် ကာလုံအစည်းအဝေး တက်မယ်ဆိုတဲ့ ပို့စ်တစ်ခုဖေ့စ်ဘွတ် အသုံးပြုသူတွေအကြားပျံ့နှံ့ခဲ့တာဟာ သတင်းတုဖြန့်ချိနေခြင်းသာဖြစ်ပါတယ်။ ပျံ့နှံ့ခဲ့တဲ့ ဗွီဒီယိုပို့စ်တစ်ခုမှာ “ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတ ဦးဝင်းမြင့် အရေးပေါ် ပါဝင်မည်”လို့ ရေးသားပြီး ဗွီဒီယိုမှာတော့ “ဒုသမ္မတ ဦးမြင့်ဆွေ ထွက်ပြောပြီ ၂၁ ရက်နေ့ ဘယ်သူ့ဖိအားမှ ဂရုမိုက်ပဲ ကာလုံကို လူစုံတက်စုံ ကျင်းပမည်ဟု ကြေညာ စစ်တပ်ကို ထုတ်ပယ်ဖို့ ပြောပြီ”စသည်ဖြင့်လည်း ရေးသားထားပါတယ်။ “Krovan Kamsan” အမည်နဲ့ ဖေ့စ်ဘွတ်စာမျက်နှာက မျှဝေထားတာကို အောက်ပါအတိုင်းတွေ့ရပါတယ်။ ဒီပို့စ်ကို ပြန်လည်မျှဝေမှုပေါင်း ၈၀၀ ကျော်ရှိပါတယ်။ မူရင်းလင်ခ့် – FB link |  Archive link   အခြားသော ဗွီဒီယိုပို့စ်တစ်ခုမှာတော့ “ကာလုံအစည်းဝေးအမေစုနဲ့သမ္မတကြီးပါတက်မယ်”လို့လည်း ရေးသားထားပါတယ်။ ဒီလင့်ခ်မှာကြည့်ပါ။ အချက်အလက်စိစစ်ချက် […]

Continue Reading

Fact Check: စစ်တပ်ကျင်းပမယ့် ရွေးကောက်ပွဲမှာ ဝင်ပြိုင်ဖို့ NUG လျှို့ဝှက်တွေ့ဆုံဆိုတဲ့ သတင်းတု

စစ်တပ်ကလုပ်မယ့်ရွေးကောက်ပွဲမှာ ဝင်ပြိုင်ဖို့အတွက် NUG အဖွဲ့လျှို့ဝှက်ညှိုနှိုင်းနေတယ်လို့ဆိုတဲ့ ပို့စ်တစ်ခု ဖေ့စ်ဘွတ်နဲ့တယ်လီဂရမ်မှာဖြန့်ဝေလျက်ရှိပါတယ်။ သတင်းမှားတစ်ခုသာ ဖြစ်ပါတယ်။ “NUGအဖွဲ့ကတော့ ဘာတွေအပေးအယူလုပ်လိုက်လဲတော့မသိဘူး ကြားရတဲ့သတင်းကတော့  ရွေးကောက်ပွဲမှာ ဝင်ပြိုင်မယ်ဆိုပြီး နစက ကို လာညှိနေတယ် ဒီလိုမှ လာမညှိလည်း နစက ရွေးကောက်ပွဲမဖြစ်ဖြစ်အောင်လုပ်ပြီး အရပ်သားအစိုးရတက်လာရင် NUG ခွက်ပျောက်ပြီလေ ဆိုတော့ ဘာတွေ အပေးအယူတွေ လုပ်လိုက်လဲ ဆိုတာတော့ မကြာခင်ကာလမှ လယ်ပြင်မှာ ဆင်ကောင်ကြီးသွားသလို ကားကားနဲ့ မြင်ရတော့မယ် စောင့်ကြည့်ကြအမျိုးတို့ 🇲🇲⭐⭐⭐⭐⭐⭐🇲🇲 မှိုင်းဝေ”လို့ ရေးသားပြီး “စောမှိုင်းဝေ” အမည်နဲ့ ဖေ့စ်ဘွတ်အသုံးပြုသူကအောက်ပါအတိုင်းမျှဝေထား တာတွေ့ရပါတယ်။  မူရင်းလင်ခ့် – FB link |  Archive link   တူညီတဲ့ရေးသားမျှဝေမှုတွေကို တယ်လီဂရမ်ရဲ့ ဒီလင့်ခ်၊ ဖေ့စ်ဘွတ်ရဲ့ ဒီလင့်ခ်နဲ့ ဒီလင့်ခ်တွေမှာလည်းကြည့်ပါ။ အချက်အလက်စိစစ်ချက် […]

Continue Reading

Fact Check: မြိုင်နယ်က ရွာ ၃ ရွာကို NUG လက်အောက်ခံ PDF များ မီးရှို့ဆိုတဲ့ သတင်းမှား

 á€Ąá€™á€ťá€­á€Żá€¸á€žá€Źá€¸á€Šá€Žá€Šá€˝á€žá€á€şâ€Œá€›á€ąá€¸á€Ąá€…ိုးရ(NUG ) လက်အောက်ခံ ပြည်သူကာကွယ်ရေးတပ်(PDF )က မြိုင်မြို့နယ်ရှိရွာတွေ ကို မီးရှို့ခဲ့တယ်ဆိုပြီးပြောတယ်ဆိုတဲ့ ပို့စ်တစ်ခု ဖေ့စ်ဘွတ်အသုံးပြုသူတွေအကြား ဖြန့်ဝေနေတာတွေ့ရပါတယ်။  သတင်းမှားဖြစ်ပါတယ်။ “မြိုင်နယ်က ရွာ ၃ ရွာကို NUG လက်အောက်ခံ pdf များ မီးရှို့လို့ အိမ်ခြေ ၁၃၀ ကျော် မီးလောင်ပျက်စီး မကွေးတိုင်း၊ မြိုင်မြို့နယ်ထဲရှိ ကျေးရွာ ၃ ရွာက နေအိမ်အချို့ကို NUG လက်အောက်ခံ pdf များက ဒီဇင်ဘာလ ၂၉ ရက်နဲ့ ၃၀ ရက်အတွင်း မီးရှို့ဖျက်ဆီးခဲ့တာကြောင့် နေအိမ် ၁၃၄ လုံးပြာကျ ပျက်စီးခဲ့တယ်လို့ သိရပါတယ်။ အဲဒီ NUG လက်အောက်ခံ pdf များကဒီဇင်ဘာလ ၂၉ ရက်နေ့လည် ၂ နာရီလောက်မှာ […]

Continue Reading

Fact Check: ဗမာအိမ်နဲ့ ရှမ်းအိမ်တွေ မီးရှို့ဖို့ ဗိုလ်ချုပ်ဂွမ်မော်ပြောတဲ့သတင်းမှား

ကချင်လွတ် မြောက်ရေး တပ်မတော် ( KIA )အဖွဲ့ဝင်တွေအနေနဲ့ စစ်တပ်နဲ့ တိုက်ပွဲဖြစ်ရင် ဗမာအိမ်နဲ့ ရှမ်းအိမ်တွေကို မီးရှို့ဖို့ ဗိုလ်ချုပ်ဂွမ်မော်က  ပြောတယ်ဆိုတဲ့ ပို့စ်တစ်ခု ဖေ့စ်ဘွတ်အသုံးပြုသူတွေအကြား ပျံ့နှံ့လျက်ရှိပါတယ်။  သတင်းမှားဖြစ်ပါတယ်။ “KIA သူပုန်တို့ရဲ့ မီးရှို့အကျင့်”လို့ခေါင်းစဉ်တပ်ရေသားထားတဲ့ ဒီပို့စ်တွေမှာ “KIA သူပုန်အဖွဲ့ဟာ စစ်ကိုင်းတိုင်းမှာ ရှိတဲ့ ဗမာရွာတွေ၊ ရှမ်းရွာတွေကို လိုက်လံမီးရှို့နေတာ အားလုံးအသိပဲ ဖြစ်ပါတယ်။  သူတို့မီးရှို့ရတဲ့ရည်ရွယ်ချက်က စစ်ကြောင်းတွေ လိုက်မလာနိုင်ဖို့ရယ်၊ ဗမာ/ရှမ်းတွေ အိုးမဲ့အိမ်မဲ့ ဖြစ်ဖို့ရယ်၊ KIA စခန်းတွေကို ထိုးစစ်မဆင်နိုင်ဖို့ရယ်ပါ။”စသည်ဖြင့် ရေးသားပြီး “Delta News” အမည်နဲ့ ဖေ့စ်ဘွတ်စာမျက်နှာက အောက်ပါအတိုင်းမျှဝေထားတာတွေ့ရပါတယ်။  ထို့အပြင် ဗိုလ်ချုပ်ဂွမ်မော်ဓာတ်ပုံနဲ့ အတူ “မင်းတို့ မြဲမြဲမှတ်ထားရမှာက စစ်တပ်နဲ့ တိုက်ပွဲဖြစ်ရင် ခံမချပါနဲ့။ ထွက်ပြေးကြ။ ပြီးရင် […]

Continue Reading

Fact Check: NDAA ကို ဂျိုးဘိုင်ဒန်လက်မှတ်ထိုးပြီးတဲ့အတွက် ဟောင်ဇာလက်နက်ကြီး တွေ NUG လက်ခံရရှိဆိုတဲ့ သတင်းမှား

အမေရိကန်က အမျိုးသားလုံခြုံရေးဉပဒေကို ဂျိုးဘိုင်ဒန်က အတည်ပြုလိုက်ပြီးနောက် အမေရိကန်ဆီက မြေပြင်ပစ် ဟောင်ဇာ(Howitzer)အမြောက်ကြီးတွေကို အမျိုးသားညီညွှတ်ရေးအစိုးရ(NUG)က လက်ခံ ရရှိခဲ့တယ်ဆိုပြီး တော့ဖြန့်ဝေထားတဲ့ပို့စ်တစ်ခု ဖေ့စ်ဘွတ်မှာပျံ့နှံ့မှုအားကောင်းခဲ့တာတွေ့ရပါတယ်။ သတင်းမှားတစ်ခု သာဖြစ်ပါတယ်။ “NDAA သမ္မတ ဘိုင်ဒန်လက်မှတ်ရေးထိုးပြီးနောက် NUG လက်နက်ကြီးတွေ လက်ခံနေပြီ”လို့ရေးသားပြီး “Tsx mar 07”ဖေ့စ်ဘွတ်စာမျက်နှာကအောက်ပါအတိုင်းမျှဝေထားတာတွေ့ရပါတယ်။ ဗွီဒီယိုစာသားထဲမှာလည်း ၁၇ ရက်နေ့က ဒီလိုလက်မှတ်ရေးထိုးပြီးနောက် လက်နက်အကူအညီရရှိခဲ့တာလို့ဖော်ပြပါတယ်။ မူရင်းလင်ခ့် – FB link |  Archive link   တူညီတဲ့ရေးသားမျှဝေမှုတွေကို ဒီနေရာမှာ လည်းတွေ့ရပါတယ်။  အချက်အလက်စိစစ်ချက် ဗွီဒီယိုထဲမှာပါတဲ့အကြောင်းအရာဟာ တော်လှန်ရေးကိုထောက်ခံတဲ့ ဘုန်းကြီးတစ်ပါးရဲ့ အမျိုးသားကာကွယ်ရေး လုပ်ပိုင်ခွင့် အက်ဥပဒေ (NDAA) အပေါ် အတွေးအမြင်ကို ဆွေးနွေးနေခြင်းသာဖြစ်ပါတယ်။ ဒီဆွေးနွေးမှုမှာလည်း လက်နက်တွေထောက်ပံ့နေပြီ၊ လက်ခံရရှိပြီဆိုတဲ့ ပြောဆိုချက်မပါပါဘူး။ အမေရိကန်ရဲ့ အမျိုးသားကာကွယ်ရေး […]

Continue Reading

Fact Check: ထိုင်းဘုရင်နဲ့ NUG တွေ့ဆုံ၊မြန်မာအရေးထိပ်တန်းဦးစားပေးလို့ သမ္မတဂျိုကိုဝီပြောတဲ့သတင်းတုသတင်းမှား

NUG အစိုးရအဖွဲ့က ထိုင်းဘုရင်ကို မထင်မှတ်ဘဲ သွားရောက်တွေ့ဆုံခဲ့သလို ထိုင်းဘုရင်ဘက်က NUG နဲ့ မြန်မာပြည်သူတွေဘက်မှ အခိုင်အမာရပ်တည်နေကြောင်း ဖွင့်ဟလာတယ်ဆိုတဲ့ ပို့စ်တစ်ခု ဖေ့စ်ဘွတ်အသုံးပြုသူ တွေအကြားပျံ့နှံ့ခဲ့တာတွေ့ရပါတယ်။ ဒီပို့စ်မှာပဲ အာဆီယံအလှည့်ကျဥက္ကဌ အင်ဒိုနီးရှားသမ္မတက ဂျိုကိုဝီဒိုဒိုကလည်း မြန်မာအရေးဟာထိပ်တန်းဦးစားပေးအဖြစ်ကြေညာလိုက်တယ်လို့လည်းဆိုပါတယ်။ သတင်းတုသတင်းမှားဖြစ်ပါတယ်။ ပျံ့နှံ့ခဲ့တဲ့ပို့စ်တွေမှာ “NUG အစိုးရအဖွဲ့က ထိုင်းဘုရင်ကို မထင်မှတ်ဘဲ သွားရောက်တွေ့ဆုံခဲ့သလို ထိုင်းဘုရင်ဘက်က NUG နဲ့ မြန်မာပြည်သူတွေဘက်မှ အခိုင်အမာရပ်တည်နေကြောင်း ဖွင့်ဟလာတာဟာ အလွန်ကောင်းတဲ့ရလဒ်တစ်ခုလို့ဆိုရမယ်.. NUG အစိုးရအနေနဲ့ ကြီးမားတဲ့ သံတမန်ရေးအောင်ပွဲ တစ်ခုလို့ပြောနိုင်ပါတယ်… မနေ့ကတစ်ရက်ထဲမှာဘဲ အာဆီယံအလှည့်ကျဥက္ကဌ အင်ဒိုနီးရှားသမ္မတက မြန်မာ့အရေးဟာ အာဆီယံအဖွဲ့ရဲ့ ဂုဏ်သိက္ခာပိုင်းနဲ့ စွမ်းဆောင်ရည်တွေကို ထိပါးနေတဲ့အတွက် သူတာဝန်ယူတဲ့တစ်နှစ်အတွင်း ထိပ်ဆုံးက ဖြေရှင်းရမဲ့ပြဿနာလို့ အင်ဒိုသမ္မတမှကြေငြာသွားတယ်…   အင်ဒိုသမ္မတပြောပြီး ၂၄ နာရီမပြည့်သေးဘူး ကမ္ဘောဒီးယား မှ […]

Continue Reading

Fact Check: ကာတာအသင်း ကမ္ဘာ့ဖလားကစောစောစီးစီးထွက်ခဲ့ရလို့ ကာတာဘုရင် စိတ်ပျက် လက်ပျက်ထိုင်နေတဲ့ပုံလား-မဟုတ်ပါ

ဒေါ်လာ ဘီလျံများစွာ အကုန်ကျခံပြီး ကမ္ဘာ့ဖလား ကျင်းပပေးခဲ့ပေမဲ့ ကာတာအသင်းဟာ အုပ်စုအဆင့်က နေပဲထွက်ခဲ့ရပြီးနောက် ကာတာဘုရင်ဟာ စိတ်ပျက်လက်ပျက်နဲ့ ဘောလုံးကွင်းထဲမှာ ထိုင်နေပုံ အဖြစ် ဓာတ်ပုံပို့စ်တစ်ခုဖေ့စ်ဘွတ်အသုံးပြုသူတွေအကြားပျံ့နှံ့လျက်ရှိပါတယ်။ သရော်ထားတဲ့ပို့စ်သာဖြစ်ပါတယ်။ ဓာတ်ပုံထဲက ပုဂ္ဂိုလ်ဟာ ဆော်ဒီအာရေးဗီးယားကလပ် Al-Nassr အသင်းမန်နေဂျာရဲ့ ဓာတ်ပုံဖြစ်ပြီး ၂၀၂၀ ခုနှစ်အတွင်းက ဓာတ်ပုံဖြစ်ပါတယ်။ “ဒေါ်လာ ဘီလျံများစွာ အကုန်ကျခံပြီး ကမ္ဘာ့ဖလား ကျင်းပပေးခဲ့ သော်လည်း အုပ်စုမှ အစောဆုံး ထွက်ခဲ့ ရပြိးနောက် ကာတာဘုရင် အခြေအနေ”လို့ ရေးသားပြီး “Soccer 88 Sports News” အမည်နဲ့ ဖေ့စ်ဘွတ်စာမျက်နှာက နိုဝင်ဘာ ၃၀ ရက်က အောက်ပါအတိုင်းမျှဝေထားရာမှာ ဒီပို့စ်ကို ပြန်လည်မျှဝေမှုပေါင်း ၁၇၀၀ ကျော်ရှိပါတယ်။ မူရင်းလင်ခ့် – FB link […]

Continue Reading

Fact Check: မင်းအောင်လှိုင်ကို ပယ်ချပြီး NUG ကို ပူတင်ကအသိအမှတ်ပြုလိုက် တယ်ဆိုတဲ့ သတင်းတု

ဒီဇင်ဘာ ၂ ရက်နေ့မှာ ရုရှားနိုင်ငံဟာ အာဏာသိမ်းစစ်ကောင်စီကို သံတမန်အဆက်အသွယ်ဖြတ်ပြီး အမျိုးသား ညီညွှတ်ရေးအစိုးရ(NUG)ကိုအသိအမှတ်ပြုလိုက်တယ်ဆိုတဲ့  ဗွီဒီယိုပို့စ်တစ်ခုဖေ့စ်ဘွတ်အသုံးပြုသူတွေ အကြားပျံ့နှံ့လျက်ရှိပါတယ်။ ထင်ယောင်ထင်မှားဖြစ်ဖွယ်သတင်းတုဖြန့်ချိနေခြင်းဖြစ်ပါတယ်။ “ပူတင်က မင်းအောင်လှိုင်ကို ပယ်ချလိုက်ကြောင်း ကြေညာ”လို့ ရေးသားပြီး “Always” အမည်နဲ့ ဖေ့စ်ဘွတ် စာမျက်နှာကအောက်ပါအတိုင်းမျှဝေထားတာတွေ့ရပါတယ်။ ဗွီဒီယိုအစမှာပြသတဲ့ ဓာတ်ပုံစာသားထဲမှာလည်း “ဒီဇင်ဘာ ၂ ရက် ရုရှားက သံတမန် ရေးရာ ပိတ်သိမ်း NUG ကို တရားဝင်အစိုးရဟု ရုရှားမီဒီယာများဖော်ပြ စစ်ကောင်စီက ကန့်ကွက်စာ ချက်ချင်းပို့”စသည်ဖြင့်ရေးသားထားပါတယ်။ မူရင်းလင်ခ့် – FB link |  Archive link   တူညီတဲ့ရေးသားမျှဝေမှုတွေကို ဒီနေရာနဲ့ ဒီနေရာမှာလည်းတွေ့ရပါတယ်။  အချက်အလက်စိစစ်ချက် ဗွီဒီယိုကိုဖြန့်ဝေရာမှာ ပူတင်က မင်းအောင်လှိုင်ကို ပယ်ချပြီး NUG နဲ့ဆက်ဆံတယ်၊ ဗွီဒီယိုအစမှာ ရုရှားက […]

Continue Reading

Fact Check: FIFA World Cup 2022 ဖွင့်ပွဲဓာတ်ပုံလား-မဟုတ်ပါ

FIFA World Cup 2022 ဖွင့်ပွဲမှာ ကုရ်အာန်ကျမ်းရွတ်ဖွင့်လှစ်ခဲ့တယ်လို့ဆိုထားတဲ့ ဓာတ်ပုံ ပို့စ်တစ်ခု ဖေ့စ်ဘွတ်အသုံးပြုသူတွေအကြားပျံ့နှံ့ခဲ့တာတွေ့ရပါတယ်။တကယ်တော့ ဓာတ်ပုံဟာ ကာတာနိုင်ငံမှာ ကမ္ဘာ့ဖလားပြိုင်ပွဲတွေအတွက်အသုံးပြုမယ့် ဘောလုံးကွင်းတစ်ကွင်းကို ၂၀၂၁အတွင်းက ကွင်းဖွင့်ပွဲလုပ်ခဲ့ရာမှာ ကုရ်အာန်ကျမ်းရွတ်ဖတ်မှု သာဖြစ်ပါတယ်။ကမ္ဘာ့ဖလားအဖွင့်ပွဲမှာ ကုရ်အာန်ရွတ်ဖတ်ခဲ့တယ်ဆိုတဲ့အထောက် အထားမရှိပါဘူး။ “FIFA World Cup 2022ပွဲစဥ်အား ကုရ်အာန်ကျမ်းတော်မြတ်ဖြင့်ဖွင့်လှစ်ခဲ့သည့်ကြည်နူးဖွယ်မြင်ကွင်း🥰❤️ #SoeThuya #သာသနာ့အသိပညာ”လို့ ရေးသားပြီး “Soe Thu Ya” အမည်နဲ့ ဖေ့စ်ဘွတ်အသုံးပြုသူ ကအောက်ပါအတိုင်းမျှဝေထားတာတွေ့ရပါတယ်။  မူရင်းလင်ခ့် – FB link |  Archive link   တူညီတဲ့ရေးသားမျှဝေမှုတွေကို ဒီနေရာနဲ့ ဒီနေရာမှာ လည်းတွေ့ရပါတယ်။  အချက်အလက်စိစစ်ချက် ကမ္ဘာ့ဖလားဖွင့်ပွဲနေ့ ၂၀၂၂ ခုနှစ် နိုဝင်ဘာ ၂၀ ရက်မှာ ဒီလိုသတင်းမှားစတင်ပျံ့နှံ့ခဲ့တာတွေ့ရပြီး အချက်အလက်စိစစ်တဲ့အဖွဲ့ အစည်းအသီးသီးက အချက်အလက်စိစစ်ထားတာတွေ့ရပါတယ်။  […]

Continue Reading

Fact Check: KIA နဲ့ PDF က ရွာကို မီးရှို့နေတယ်ဆိုတဲ့ ဗွီဒီယိုသတင်းမှား

စစ်ကိုင်းတိုင်း ကသာမြို့နယ်မှာ KIA၊PDF ပူးပေါင်းတပ်ဖွဲ့က မြန်မာစစ်တပ်ကို ချောင်းမြောင်းပစ်ခတ်ပြီး ရွာကိုမီးရှို့သွားတယ်ဆိုပြီး ဗွီဒီယိုပို့စ်တစ်ခု ဖေ့စ်ဘွတ်အသုံးပြုသူတွေအကြားဖြန့်ဝေလျှက်ရှိပါတယ်။ မကွေးတိုင်းမှာ ရေစကြိုမှာစစ်တပ်က မီးရှို့ခဲ့တဲ့ဖြစ်စဉ်က ဗွီဒီယိုဟောင်းတစ်ခုကိုအသုံးပြုပြီး သတင်းမှားဖြန့်ချိနေခြင်းဖြစ်တယ်။ အောက်ပါစာသားတွေကတော့ ပျံ့နှံ့ခဲ့တဲ့ ပို့စ်ပါပြောဆိုချက်အချို့ဖြစ်ပါတယ်။ “ရွာတွေကို ဘယ်သူမီးရှို့နေလဲ? *************************** ၂၂ ရက်နေ့က စစ်ကိုင်းတိုင်း၊ ကသာမြို့နယ်၊ မင်းလယ်ကျေးရွာထိပ် ဘုရားကုန်းနှင့် တာဝါ တိုင်ကုန်းနေရာတွေမှာ KIA နှင့် PDF ပူးပေါင်းအင်အား ၆၀ ဦးခန့်က နေရာယူပြီး နစကတပ်တွေကို စတင်ချောင်းမြောင်းပစ်ခတ်ခဲ့ တဲ့အတွက် တိုက်ပွဲဖြစ်တယ် ထုံးစံအတိုင်း ပစ်ပြေးပြေးပြီး  ရွာလယ်ဘုရားဝန်းကျင်မှာရှိတဲ့ နေအိမ်ထဲကနေ ပစ်လို့ တိုက်ပွဲထပ်ဖြစ်တယ် ..နောက်ဆုံး မနိုင်တော့ ရွာထဲကအိမ်တွေကို KIA/PDF တွေက မီးရှို့တယ် … စစ်တပ်က မီးငြိမ်းသတ်ပေးလို့ ရွာမှာရှိတဲ့အိမ် […]

Continue Reading