Fact Check: နယ်စပ်က မြန်မာစစ်တပ်စခန်း ထိုင်းစစ်တပ်က ဝင်စီးပြီး စစ်သား ၁၂၀ ကျော်ကို ဖမ်းဆီးဆိုတဲ့ သတင်းတု
နယ်စပ်က မြန်မာစစ်တပ်စခန်း ထိုင်းစစ်တပ်က ဝင်စီးပြီး စစ်သား ၁၂၀ ကျော် ဖမ်းဆီးလိုက်တယ်လို့ ဆိုထားတဲ့ ဗွီဒီယိုတခု “Khit Thit Thadin”အမည်နဲ့ ယူကျူ့ချန်နယ်က ဖြန့်ဝေထားတာမှာ ပျံ့နှံ့မှုအားကောင်းနေတာ တွေ့ရပါတယ်။ သတင်းတုဖြန့်ချိမှုသာဖြစ်တယ်။ ပျံ့နှံ့မှုအားကောင်းနေတဲ့ ပို့စ်တခုက ရယူထားတဲ့ စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကို အောက်မှာ ကြည့်ပါ။ “နယ်စပ်ရှိ မအလတပ်စခန်း ထိုင်းစစ်တပ် ဝင်စီး မအလစစ်ခွေး(၁၂၀) ကျော် ဖမ်းဆီးခံရ နယ်စပ်ရှိ မအလတပ်စခန်း ထိုင်းစစ်တပ်မှ ဝင်တိုက်၊ မြန်မာစစ်ခွေး(၁၂၀)ကျော် ထိုင်းစစ်တပ် ဖမ်းဆီး”(မူလအရေးအသား) Original link | Archive link အချက်အလက်စိစစ်ချက် ဗွီဒီယိုအစမှာပြသတဲ့ ရုပ်ကတ်ဓာတ်ပုံစာသားမှာ ထိုင်း-မြန်မာနယ်စပ်ရှိ စစ်ကောင်စီစခန်းတစ်ခုကို ထိုင်းစစ်တပ် က ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး ၁၂၀ ကျော်ကို ဖမ်းဆီးလိုက်တယ်လို့ […]
Continue Reading
