Fact Check: ကျပ် ၁ သောင်းတန်နဲ့ ၅ ထောင်တန်ကိုဖျက်သိမ်းပြီး ၂ သောင်းတန် ထုတ်တဲ့သတင်းတု

ငွေကျပ် ၁ သောင်းတန်နဲ့ ၅ ထောင်ကျပ်တန်တွေကို ဖျက်သိမ်းပြီး ၂ သောင်းကျပ်တန်တွေနဲ့ အစားထိုးမယ်၊ စစ်ကောင်စီထုတ်တဲ့ ကျပ် ၂၀၀၀၀ တန် ငွေစက္ကူဖျက်သိမ်းခံရကြောင်း သတင်း ဌာနများက အတည်ပြုကြေညာ လိုက်တယ်ဆိုတဲ့ ဗွီဒီယိုပို့စ်တစ်ခု အွန်လိုင်းအသုံးပြုသူတွေအကြား ပျံ့နှံ့မှု အား ကောင်း လျှက်ရှိပါတယ်။ နားလည်မှုလွဲစေနိုင်တဲ့ သတင်းမှားဖြစ်ပါတယ်။ အောက်ပါစာသားတွေကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ပို့စ်ပါစာသားကောက်နုတ်ချက်ဖြစ်ပါတယ်။  “ကျပ် ၁ သောင်း နဲ့ ကျပ် ၅ ထောင်တန်ကို ဖျက်သိမ်း၊ ကျပ် ၂ သောင်းတန်နဲ့ အစားထိုးမည်။ မင်းအောင်လှိုင် ကိုယ်တိုင် ကြေညာ”  လို့ ရေးသားထားပြီး “ကျပ် (၁)သောင်းနဲ့ကျပ် (၅)ထောင်တန်ကို ဖျက်သိမ်း/ (၂)သောင်းတန်ကျပ်နဲ့ အစားထိုးမည်” လို့ “News In […]

Continue Reading

Fact Check: စစ်ခေါင်းဆောင် ၇ ဦး ICJ ဖမ်းဝရမ်းထုတ်တဲ့ သတင်းတု

မြန်မာစစ်ခေါင်းဆောင် ၇ ဦးကို အပြည်ပြည်ဆိုင်ရာတရားရုံး(International Court of Justice-ICJ)က ဖမ်းဝရမ်းထုတ်တယ်ဆိုတဲ့ ဗွီဒီယိုပို့စ်တစ်ခု အွန်လိုင်းအသုံးပြုသူတွေကြား ဖြန့်ဝေနေတာဟာ သတင်းမှား သာဖြစ်တယ်။  အောက်ပါစာသားတွေကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ပို့စ်ပါစာသားကောက်နုတ်ချက်ဖြစ်ပါတယ်။  “စစ်ခေါင်းဆောင်(၇)ဦး ICJ ဝရမ်းထုတ်/ စစ်အုပ်စုနိဂုံးချုပ်ပြီ” မူရင်းလင်ခ့် – Fb link | Archive link တူညီတဲ့ရေးသားမျှဝေမှုကို ယူကျူ့ရဲ့ ဒီနေရာမှာလည်း တွေ့ရပါတယ်။ ထို့အပြင် ဗွီဒီယိုထဲမှာ “July 21 ICJ တရားရုံး အထူးအမိန့် စစ်‌ခေါင်းဆောင်(၇)ဦး ICJ ဖမ်းဝရမ်းထုတ် စစ်အုပ်စု နိဂုံးချုပ်ပြီ” စသည်ဖြင့်လည်း ရေးသားထားပါတယ်။ အချက်အလက်စိစစ်ချက် သတင်းလုပ်ငန်းအဓိကလုပ်ကိုင်နေတဲ့ ပြည်တွင်းနဲ့ နိုင်ငံတကာ မီဒီယာတွေမှာ ဒီသတင်းဖော်ပြချက်မရှိပါဘူး။ အခု ဗွီဒီယိုဖြန့်ဝေနေတဲ့ ဖေ့စ်ဘွတ်စာမျက်နှာနဲ့ ယူကျူ့ချန်နယ်ကို […]

Continue Reading

Fact Check: နေပြည်တော်ကောင်စီရုံး PDF ဝင်စီး၊ ဗိုလ်ချုပ် ၅ ဦးပစ်သတ်ခံရတဲ့ သတင်းတု

နေပြည်တော်ကောင်စီရုံး PDF ဝင်စီးပြီး ဗိုလ်ချုပ် ၅ ဦးပစ်သတ်ခံရမှု ဗွီဒီယိုလို့ဆိုထားတဲ့ ပို့စ်တစ်ခုယူကျူ့မှာ ကြည့်ရှူ့မှုများပြားလျက်ရှိတယ်။ တကယ်တော့ မီဒီယာတွေမှာဖော်ပြခဲ့တဲ့ သတင်းအချို့ကို ခေါင်းစဉ်တု တပ်ထားတဲ့ ဗွီဒီယိုသာဖြစ်ပါတယ်။  အောက်ပါစာသားတွေကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ပို့စ်ပါစာသားကောက်နုတ်ချက်ဖြစ်ပါတယ်။  မူရင်းလင်ခ့် – Youtube link  | Archive link အချက်အလက်စိစစ်ချက် ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းမှာ နေပြည်တော် စစ်ကောင်စီရုံးကို တိုက်ခိုက်ခဲ့တဲ့အကြောင်း သတင်းဖော်ပြချက် သတင်းလုပ်ငန်းလုပ်ကိုင်နေတဲ့ မီဒီယာတွေမှာဖော်ပြချက်မရှိပါဘူး။ တကယ်တော့ ဗွီဒီယိုပါအကြောင်းအရာဟာ လွတ်လပ်တဲ့ အာရှအသံမှာ ဇူလိုင် ၁၃ ရက်က သတင်းဖော်ပြချက်တွေဖြစ်တဲ့ “ငြိမ်းချမ်းရေးညီလာခံ ကျင်းပရေးကိစ္စ မဆွေးနွေးနိုင်ခဲ့ကြောင်း RCSS ပြော”၊ “ထိုင်း Move Forward Party ခေါင်းဆောင် ဝန်ကြီးချုပ်အဖြစ် တင်မြှောက်မခံရ”၊ ရန်ကုန်ခေတ်သစ်မီဒီယာကဖော်ပြခဲ့တဲ့ […]

Continue Reading

Fact Check: “ဝ”တပ်ဖွဲ့အပါအဝင် တိုင်းရင်းသားလက်နက်ကိုင် ၇ ဖွဲ့ ထိုးစစ်ကြေညာတဲ့ သတင်းတု

မြောက်ပိုင်းမဟာမိတ်အင်အားစုတွေအပါအဝင်  တိုင်းရင်းသားလက်နက်ကိုင် ၇ ဖွဲ့ ထိုးစစ်ကြေညာတဲ့ သတင်းတု ဗွီဒီယို ပို့စ်တစ်ခု အွန်လိုင်းမှာ ဖြန့်ဝေလျှက်ရှိတာဟာ သတင်းတုသာဖြစ်တယ်။ ကချင်၊ကရင်က စစ်ရေးသတင်း၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးတွေ့ဆုံမှုသတင်းတွေကို ခေါင်းစဉ်တုတပ်မျှဝေနေ ခြင်းဖြစ်တယ်။ အောက်ပါစာသားတွေကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ပို့စ်ပါစာသားကောက်နုတ်ချက်ဖြစ်ပါတယ်။ “ဗမာ့ရုပ်မြင်သံကြားသတင်းဌာန၏ဇူလိုင်လ ၁၃ ရက်နေ့၊ မွန်းလွဲ ၂ နာရီအထုးသတင်း” လို့ရေးမျှဝေထားတဲ့ ဒီဗွီယိုထဲမှာ “Breaking News မြောက်ပိုင်း D-day ကြေညာပြီ KIA UWSA MNDAA TNLA AA KNDF CNF မအလ သေဖို့ပြင်ထားတော့ ပွဲစပြီ”စသည်ဖြင့်လည်း ရေးသားထားပါတယ်။ အလားတူ ရေးသားမျှဝေမှုကို ဒီနေရာမှာ လည်း ရေးသားထားပါတယ်။ မူရင်းလင်ခ့် – Fb link | Archive […]

Continue Reading

Fact Check: ပင်စင်လစာတွေကို သိမ်းဆည်းပြီး စစ်အသုံးစရိတ်အဖြစ် ကြေညာ ခဲ့သလား-မဟုတ်ပါ

တနိုင်ငံလုံး ပင်စင်လစာ ဖြစ်တဲ့ ကျပ် ၆ ဘီလီယံကျော်ကို စစ်အသုံးစရိတ်အဖြစ် အသုံးပြုမယ်လို့ စစ်ကောင်စီ အစိုးရက ထုတ်ပြန် ကြေညာလိုက်တယ်ဆိုတဲ့ ဗွီဒီယိုပို့စ်တစ်ခု ယူကျူ့ချန်နယ်တစ်ခုကမျှဝေထားရာ ပျံ့နှံ့မှုအားကောင်း လျှက်ရှိပါတယ်။  အောက်ပါစာသားတွေကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ပို့စ်ပါစာသားကောက်နုတ်ချက်ဖြစ်ပါတယ်။” july 7, 2023 တနိုင်ငံလုံးပင်စင်လစာ နကစအစိုးရ သိမ်းပြီ” ၊“(၇)ရက်နေ့ ပင်စင်သမားတွေ ငတ်ကိန်းဆိုက်ပြီ တနိုင်ငံလုံး ပင်စင်လစာ (၆) ဘီလီယံကျော်ကို စစ်အသုံးစရိတ်အဖြစ် အသုံးပြုမယ်ဟု နကစ အစိုးရ ထုတ်ပြန်ကြေညာ လိုက်ပြီ” လို့ရေးသားပြီး “Share Local Media”အမည်နဲ့ ယူကျူ့ချန်နယ်ကနေဖြန့်ဝေထားတာဖြစ်ပါတယ်။ မူရင်းလင်ခ့် – Youtube link  | Archive link အချက်အလက်စိစစ်ချက် ၈မိနစ်ကျော်ရှည်လျားတဲ့ ဒီဗွီဒီယိုဖိုင်ကို စိစစ်ကြည့်ရာမှာ တနိုင်ငံလုံး […]

Continue Reading

Fact Check: နေပြည်တော် စစ်ကောင်စီအစည်းအဝေး ဗုံးပေါက်ကွဲ သွေးချောင်းစီးတဲ့ သတင်းတု

နေပြည်တော် စစ်ကောင်စီအည်းအဝေးဗုံးပေါက်ကွဲပြီး သွေးချောင်းစီးခဲ့တယ်ဆိုတဲ့ သတင်းတုပို့စ်တစ်ခု ဖေ့စ်ဘွတ်အသုံးပြုသူတွေအကြား ပျံ့နှံ့မှုအားကောင်းလျှက်ရှိပါတယ်။ အောက်ပါစခရင်ရှော့ဓာတ်ပုံကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ယူကျူ့အကောင့်တစ်ခုက ဇွန် ၂၆ ရက်မှာ ဖြန့်ဝေနေပုံဖြစ်တယ်။  မူရင်းလင်ခ့် – Youtube link  | Archive link အလားတူ ဒီယူကျူ့အကောင့်ကနေပဲ သွေးထွက်သံယိုဖြစ်လို့ နေပြည်တော် အစည်းအဝေးဖျက်သိမ်းပြီး ဝန်ကြီးအားလုံးထိန်းချုပ်ခံရတယ်လို့ ရေးသားမျှဝေခဲ့ပါသေးတယ်။ ဒီနေရာမှာကြည့်ပါ။ အချက်အလက်စိစစ်ချက် သတင်းလုပ်ငန်းအဓိကလုပ်ကိုင်နေတဲ့ ယုံကြည်ရလောက်တဲ့ မီဒီယာတွေမှာ ဒီသတင်းဖော်ပြချက်မျိုးမရှိပါဘူး။  အခုဖြန့်ဝေနေတဲ့ News of Myanmar အမည်နဲ့ ယူကျူ့ချန်နယ်ဟာ သတင်းမီဒီယာတွေရဲ့ သတင်းတွေကို ပြန်လည်ကူးယူပြီး နားလည်မှု လွဲစေနိုင်တဲ့ ခေါင်းစဉ်တု၊ ‌ခေါင်းစဉ်လွဲတွေတပ်ပြီး ဖြန့်ချိလေ့ရှိတယ်။ အခုလည်း ဗွီဒီယိုအစမှာပြတဲ့ ရုပ် thumbnail ဓာတ်ပုံမှာ  နေပြည်တော် စစ်ကောင်စီအည်းအဝေး ဗုံးပေါက်ကွဲပြီး […]

Continue Reading

Fact Check: တနိုင်ငံလုံး စစ်မှုမထမ်းမနေရအမိန့်မင်းအောင်လှိုင် ထုတ်ပြန်ကြေညာတဲ့ သတင်းတု

တနိုင်ငံလုံး စစ်မှုမထမ်းမနေရအမိန့် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ထုတ်ပြန်ကြေညာ လိုက်တယ်ဆိုတဲ့ ဗွီဒီယိုပို့စ်တစ်ခု ယူကျူ့မှာ ဖြန့်ဝေလျက်ရှိပြီး ပျံ့နှံ့အားကောင်းနေပါတယ်။ သတင်းမှား သာဖြစ်ပါတယ်။ အောက်ပါစာသားတွေကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ပို့စ်ပါစာသားကောက်နုတ်ချက်ဖြစ်ပါတယ်။ “(၂၁)ရက်နေ့ အရေးပေါ်သတင်း တနိုင်ငံလုံးစစ်မှုမထမ်းမနေရအမိန့် မင်းအောင်လှိုင်ထုတ်ပြန်ကြေညာ ”စသည် ဖြင့်ရေးသားထားတဲ့ပို့စ်ကို “Share Local Media” အမည်နဲ့ ယူကျု့ချန်နယ်မှာ ဇွန် ၂၁ ရက်က ဖြန့်ဝေထားရာမှာ ဒီဗွီဒီယိုကို ကြည့်ရှူ့မှုပေါင်း ၇၅၀၀၀ ရှိပါတယ်။ အလားတူစွာ ဆယ်တန်းအောင်တဲ့သူတွေကို စစ်မှုထမ်းဖို့ အမိန့်ထုတ်တယ်ဆိုပြီးတော့လည်း ဒီချန်နယ်က ရေးသားမျှဝေခဲ့ပါသေးတယ်။ ဒီနေရာမှာကြည့်ပါ။ မူရင်းလင်ခ့် – Youtube link  | Archive link အချက်အလက်စိစစ်ချက် သတင်းခေါင်းစဉ်မှာ တပ်ထားသလို တနိုင်ငံလုံး စစ်မှုမထမ်းမနေရအမိန့်  မင်းအောင်လှိုင်ကြေညာဆိုတဲ့ […]

Continue Reading

Fact Check: နေပြည်တော်လေယာဉ်ပျက်ကျမှုမှာ ဒု-တပ်ချုပ်စိုးဝင်းသေဆုံးမှုသတင်းတု

ကြာသပတေးနေ့က နေပြည်တော်အနီး လေယာဉ်ပျက်ကျရာမှာ ဒုတိယစစ်ခေါင်းဆောင် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းပါသွားတယ်ဆိုတဲ့ သတင်းတုပို့စ်တစ်ခု ယူကျူ့မှာ ဖြန့်ဝေထားရာ ပျံ့နှံ့မှုအားကောင်းလျှက်ရှိပါတယ်။  ပျံ့နှံ့မှုအားကောင်းနေတဲ့ ယူကျူ့ဗွီဒီယိုပို့စ်ကို အောက်ပါစခရင်ရှော့မှာတွေ့နိုင်ပါတယ်။ “15 June 2023, နေပြည်တော်လေယဥ်ပျက်ကျမှု တပ်ချုပ် စိုးဝင်းပါ။”လို့ “News In Burmese”အမည်နဲ့ ယူကျူ့အကောင့်က ရေးသားမျှဝေထားရာမှာ ၂၄ နာရီအတွင်း ကြည့်ရှု့မှုပေါင်း ၂ သောင်း ၆ ထောင်ကျော်ရှိပါတယ်။  မူရင်းလင်ခ့် – Youtube link  | Archive link အချက်အလက်စိစစ်ချက် ၂ မိနစ်ကျော်ရှည်လျားတဲ့ ဒီ“News In Burmese”ယူကျူ့ဗွီဒီယိုထဲမှာပါတဲ့ လူထုနွေဦးသတင်းဝက်ဘ်ဆိုဒ်က ဖော်ပြခဲ့တဲ့ “စစ်ကောင်စီ ရဟတ်ယာဉ် နေပြည်တော် လယ်ဝေးမှာ ပျက်ကျပြီး ၂ ဦးသေဆုံး”ဆိုတဲ့ သတင်းကို ပြန်လည်ဖော်ပြနေခြင်းဖြစ်တယ်။  […]

Continue Reading

Fact Check: ဇွန် ၁ ရက်နေ့ ကျောင်းဖွင့်ချိန် ဗုံးပေါက်လို့ ဆရာ၊ဆရာမ ၃၀ ကျော်သေဆုံးတဲ့ သတင်းတု

ဇွန်လ (၁) ရက်နေ့ ကျောင်းဖွင်းချိန် ရန်ကုန်နဲ့ မန္တလေးမှာ ဗုံးပေါက်ကွဲလို့ ဆရာ၊ဆရာမ ၃၀ ကျော်သေဆုံး တယ်ဆိုတဲ့ပို့စ်တစ်ခု ဖေ့စ်ဘွတ်အသုံးပြုသူတွေအကြား ပျံ့နှံ့မှုအားကောင်း လျှက်ရှိပါတယ်။ အောက်ပါစာသားတွေကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ပို့စ်ပါစာသားကောက်နုတ်ချက်ဖြစ်ပါတယ်။ တူညီတဲ့ ရေးသားမျှဝေမှုကို ဖေ့စ်ဘွတ်ရဲ့ ဒီနေရာနဲ့ ဒီနေရာမှာလည်း ရေးသားထားပါတယ်။ မူရင်းလင်ခ့် – Youtube link | Archive link အချက်အလက်စိစစ်ချက် စစ်ကောင်စီ လက်အောက်ကကျောင်းဖွင့်ချိန်ကို အကြောင်းပြုပြီး လူစိတ်ဝင်စားဖွယ် သတင်းခေါင်းစဉ်လွဲတပ်ပြီး မီဒီယာအချို့မှာဖော်ပြခဲ့တဲ့ သတင်းတွေကို မျှဝေနေခြင်းဖြစ်တယ်။ တကယ်တော့ ဗွီဒီယိုထဲမှာ အခုလို ဗုံးပေါက်ကွဲမှုကြောင့် ဆရာ၊ဆရာမ ၃၀ ဦးသေဆုံးတဲ့ သတင်းမပါဝင်ပါဘူး။ သတင်းလုပ်ငန်းအဓိက လုပ်ကိုင်နေတဲ့ မီဒီယာတွေမှာ ဒီသတင်းဖော်ပြချက်မျိုးမရှိပါဘူး ထို့အပြင် ဗွီဒီယိုပါအကြောင်းအရာတွေဟာ ရန်ကုန်ခေတ်သစ်သတင်းဌာနကဖော်ပြခဲ့တဲ့ “ဇွန် […]

Continue Reading

Fact Check: အဆိုတော်ဗျူဟာ အဖမ်းခံရပြီးနောက် သေဆုံးမှုသတင်းမှား

လျှပ်စစ်မီးပုံမှန်မရတဲ့အပေါ် စစ်ကောင်စီကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အစိုးရလက်ထက်နဲ့ ချိန်ထိုးဝေဖန်ခဲ့တဲ့  အဆိုတော် ဗျူဟာကို စစ်ကောင်စီတပ်က ဖမ်းဆီးအပြီး စစ်ဆေးမေးမြန်မှုအတွင်း သေဆုံးသွားတယ်ဆိုပြီး ဖေ့စ်ဘွတ်နဲ့ ယူကျူ့ချန်နယ်တွေ ပျံ့နှံ့မှု အားကောင်းခဲ့ပါတယ်။ စစ်တပ်ခေါင်းဆောင်နဲ့ စစ်ကောင်စီ ခန့်လျှပ်စစ်ဝန်ကြီးကို မေလ ၂၃ ရက်မှာ သူ့ဖေ့စ်ဘွတ် စာမျက်နှာကတဆင့် အဆိုတော် ဗျူဟာက ဝေဖန်လို့ဆိုပြီး မေ ၂၄ ရက်မှာ အဖမ်းခံခဲ့ရပါတယ်။  အောက်ပါ စခရင်ရှော့ဓာတ်ပုံကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ပို့စ်ကို ရိုက်ကူးထားခြးဖြစ်တယ်။ အလားတူ တူညီတဲ့ရေးသားမျှဝေမှုကိုလည်း ဒီနေရာနဲ့ ဒီနေရာမှာလည်းတွေ့ရပါတယ်။ မူရင်းလင်ခ့် – Youtube link  | Archive link အချက်အလက်စိစစ်ချက် အဆိုတော် ဗျူဟာ သေဆုံးတဲ့ သတင်းကို သူ့ရဲ့ အိမ်နီးချင်းဆိုသူအမျိုးသမီးရဲ့ ဖေစ့်ဘွတ်အကောင့်က မေလ ၂၆ […]

Continue Reading