Fact Check: ရခိုင်မှာ သေဆုံးခဲ့တဲ့ သင်္ဘောပေါ်ပါလာတဲ့ တပ်မိသားစုဝင်တွေရဲ့ နောက်ဆုံးမြင်ကွင်းပုံလား- မဟုတ်ပါ
ရခိုင်မှာ ရခိုင့်တပ်တော်(AA)က စစ်သင်္ဘောကို တိုက်ခိုက်မှုမှာ သေဆုံးခဲ့ရတဲ့ တပ်မိသားစုဝင်တွေရဲ့ နောက်ဆုံး ဓာတ်ပုံနဲ့ ရေနစ်သေဆုံးနေတဲ့ မြင်ကွင်းဓာတ်ပုံ ၂ ပုံ ဖေ့စ်ဘွတ်မှာ ဖြန့်ဝေနေတာတွေ့ရပါတယ်။ သတင်းမှားတခုဖြစ်ပြီး ဓာတ်ပုံတွေဟာ လွန်ခဲ့တဲ့ နှစ်အတော်ကြာကတည်းက အွန်လိုင်းမှာ ပျံ့နှံ့ခဲ့တဲ့ ဓာတ်ပုံတွေ ဖြစ်တာတွေ့ရပါတယ်။ ဖေဖော်ဝါရီလ ၈ ရက်က ကျောက်တော်မြို့နယ် ကုလားတန်မြစ်အတွင်း AA တိုက်ခိုက်မှုကြောင့် စစ်သင်္ဘော ၃ စင်း နစ်မြုပ်ခဲ့ပြီး စစ်တပ်ဘက်က ရာဂဏန်းသေဆုံးမှုအပြီးမှာ ဒီလိုဖြန့်ချိလာတာဖြစ်တယ်။ အောက်ပါစာသားနဲ့ စခရင်ရှော့ကတော့ ဒီလိုပြောဆိုဖြန့်ဝေထားတဲ့ ဖေ့စ်ဘွတ်ပို့စ်တခုက ရယူထားခြင်း ဖြစ်တယ်။ “ရေယဥ်ပေါ်ပါသွားတဲ့ တပ်မိသားစု မြင်ကွင်း နောက်ဆုံးပုံလေးပါ ငါ ကမ္ဘာမကြေဘူနော် လက်နက်ကိုင်တဲ့လူအချင်းချင်းtaတာတောငါတို့လက်ခံတယ် မဟုတ်လား လက်နက်မပါတဲ့ ကလေးတွေနဲ့ သက်ကြီးရွယ်အိုတွေနဲ့ မှီခိုသူတွေ သူတို့မှာ […]
Continue Reading