Fact Check: ၂၀၂၄ မတိုင်ခင် ဒေါ်အောင်ဆန်းစုကြည်ကို သတ်ဖြတ်ဖို့ စစ်တပ်က စီစဉ်နေတယ်ဆိုတဲ့ သတင်းခေါင်းစဉ်တု
၂၀၂၄ မတိုင်ခင် ဒေါ်အောင်ဆန်းစုကြည်ကို သတ်ဖြတ်ဖို့ စစ်တပ်က စီစဉ်နေတဲ့အသံဖိုင်ပေါက်ကြားမှုလို့ဆိုပြီး ယူကျူ့မှာ ဗွီဒီယိုတခု ဖြန့်ဝေထားရာ ပျံ့နှံ့မှုအားကောင်းလျှက်ရှိပါတယ်။ မလေးရှားလွှတ်တော်အမတ်တွေက ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးဖို့တောင်းဆိုချက်သတင်းကို ခေါင်းစဉ်တုတပ်ထားခြင်းဖြစ်တယ်။ အောက်ပါစာသားတွေကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ပို့စ်ပါစာသားကောက်နုတ်ချက်ဖြစ်ပါတယ်။ “2024 ကို ဒေါ်စုမတွေ့စေရဘူးဆိုတဲ့ မြန်မာစစ်တပ်ရဲ့ အသံဖိုင်ပေါက်ကြားလာ” ဗွီဒီယိုထဲမှာလည်း “ဒေါ်စု ၂၀၂၄ မတိုင်ခင်သေဖို့ စစ်တပ်ရဲ့စီမံကိန်းပေါက်ကြား”စသည်ဖြင့်ရေးသားထားရာ ဗွီဒီယိုကို ကြည့်ရှု့မှုပေါင်း ၁ သိန်း ၄ သောင်းကျော်ရှိပါတယ်။ မူရင်းလင်ခ့် – Youtube link | Archive link အချက်အလက်စိစစ်ချက် တကယ်တော့ Gold Media 1M အမည်နဲ့ ယူကျု့ချန်နယ်ကိုလေ့လာကြည့်မယ်ဆိုရင် သတင်းမီဒီယာအချို့ ကဖော်ပြခဲ့တဲ့ သတင်းအကြောင်းအရာတွေကို ခေါင်းစဉ် သို့မဟုတ် နားလည်မှုလွဲစေနိုင်တဲ့ ခေါင်းစဉ်လွဲတွေ တပ်ပြီး […]
Continue Reading