Fact Check: နိုင်ငံကူးလက်မှတ်မှာ မင်းအောင်လှိုင်ပုံ ထည့်သွင်းမယ်ဆိုတာ တကယ်လား- မဟုတ်ပါ
လာမယ့်နှစ်က စပြီး နိုင်ငံကူးလက်မှတ်တွေမှာ စစ်ခေါင်းဆောင်ဟောင်း မင်းအောင်လှိုင်ပုံ ထည့်သွင်းသွား မယ်ဆိုတဲ့ ပြောဆိုချက်တွေ လူမှုကွန်ယက်မှာ ပျံ့နှံ့နေတာတွေ့ရပါတယ်။ သတင်းမှား တခုဖြစ်တယ်။ တကယ်တော့ နားလည်မှုလွဲစေနိုင်တဲ့ သရော်မှုစာတခုက စတင်ခဲ့တာလည်း တွေ့ရတယ်။ ဒီလိုပြောဆိုဖြန့်ဝေထားတဲ့ ပို့စ်တခုက ရယူထားတဲ့ စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကို အောက်မှာကြည့်ပါ။ အလားတူတဲ့ပြောဆိုချက်တွေကို ဒီနေရာ၊ ဒီနေရာနဲ့ ဒီနေရာမှာလည်း တွေ့ရတယ်။ “ကိုယ်ရွေးကိုယ်ခန့်သမ္မတ မင်းအောင်လှိုင်သည် လာမည့်နှစ်မှ စ၍ မြန်မာနိုင်ငံကူးလက်မှတ် စာအုပ်တွင် သူ၏ပုံထည့်သွင်း သွားမည်ဖြစ်ကြောင်း ပြော” Original link | Archive link အချက်အလက်စိစစ်ချက် “လာမည့်နှစ်မှ စ၍ မြန်မာနိုင်ငံကူးလက်မှတ် စာအုပ်တွင် သူ၏ပုံထည့်သွင်း သွားမည်ဖြစ်တယ်”သတင်းကို သတင်းလုပ်ငန်းလုပ်ကိုင်နေတဲ့ အဓိကကျတဲ့ မီဒီယာတွေ ဖော်ပြချက်မရှိပါဘူး။ တကယ်တမ်း လူမှုကွန်ယက်မှာ […]
Continue Reading
