Fact Check: နိုင်ငံကူးလက်မှတ်မှာ မင်းအောင်လှိုင်ပုံ ထည့်သွင်းမယ်ဆိုတာ တကယ်လား- မဟုတ်ပါ

False လူမှုရေး

လာမယ့်နှစ်က စပြီး နိုင်ငံကူးလက်မှတ်တွေမှာ စစ်ခေါင်းဆောင်ဟောင်း မင်းအောင်လှိုင်ပုံ ထည့်သွင်းသွား မယ်ဆိုတဲ့ ပြောဆိုချက်တွေ လူမှုကွန်ယက်မှာ ပျံ့နှံ့နေတာတွေ့ရပါတယ်။ သတင်းမှား တခုဖြစ်တယ်။ တကယ်တော့ နားလည်မှုလွဲစေနိုင်တဲ့ သရော်မှုစာတခုက စတင်ခဲ့တာလည်း တွေ့ရတယ်။

ဒီလိုပြောဆိုဖြန့်ဝေထားတဲ့ ပို့စ်တခုက ရယူထားတဲ့ စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကို အောက်မှာကြည့်ပါ။  အလားတူတဲ့ပြောဆိုချက်တွေကို ဒီနေရာဒီနေရာနဲ့ ဒီနေရာမှာလည်း တွေ့ရတယ်။

“ကိုယ်ရွေးကိုယ်ခန့်သမ္မတ မင်းအောင်လှိုင်သည် လာမည့်နှစ်မှ စ၍ မြန်မာနိုင်ငံကူးလက်မှတ် စာအုပ်တွင် သူ၏ပုံထည့်သွင်း သွားမည်ဖြစ်ကြောင်း ပြော”

Original link | Archive link

အချက်အလက်စိစစ်ချက်

“လာမည့်နှစ်မှ စ၍ မြန်မာနိုင်ငံကူးလက်မှတ် စာအုပ်တွင် သူ၏ပုံထည့်သွင်း သွားမည်ဖြစ်တယ်”သတင်းကို  သတင်းလုပ်ငန်းလုပ်ကိုင်နေတဲ့ အဓိကကျတဲ့ မီဒီယာတွေ ဖော်ပြချက်မရှိပါဘူး။ 

တကယ်တမ်း လူမှုကွန်ယက်မှာ ပျံ့နှံ့နေတဲ့ စစ်ခေါင်းဆောင်ဟောင်း မင်းအောင်လှိုင်ပုံနဲ့ နိုင်ငံကူးလက်မှတ်ဆိုတဲ့ ဓာတ်ပုံဟာ “DDC Burmese”အမည်နဲ့ ဖေစ့်ဘွတ်စာမျက်နှာက မေလ ၁၀ ရက်မှာ စတင်ဖြန့်ဝေခဲ့တဲ့ ပို့စ်တခုက စတင်ခဲ့တာတွေ့ရတယ်။ ဒီစာမျက်နှာကို လေ့လာကြည့်ရာမှာ ၄င်းတို့ဟာ “သတင်းဌာနမ ဟုတ်ပါ”လို့ ရေးသားထားတာတွေ့ရပြီး စစ်ခေါင်းဆောင်ဟောင်း၊ စစ်တပ်အကြီးအကဲ ပတ်သက်တဲ့ တခြားသော လှောင်ပြောင်ထားတဲ့ ဒါမှမဟုတ် ထင်ယောင် ထင်မှားပြော ဆိုချက်တွေကို သတင်းရေးသား တင်ဆက်မှုပုံစံနဲ့ ဖြန့်ချိမှု ပြုလုပ်နေတာတွေ့ရပါတယ်။  

ဒီစာမျက်နှာဟာ မြန်မာသာသာအသုံးပြသူတွေအကြားရေပန်းစားတဲ့ “BBC Burmese”အမှတ်တံဆိပ်နဲ့ ဆင်တူယိုးမှားပြုလုပ်ထားသလို သတင်းပုံစံရေးသားချက်ကြောင့်လည်း အခု နိုင်ငံကူးလက်မှတ် မင်းအောင်လှိုင်ပုံပါထည့်သွင်းမယ့်ပြောဆိုချက်ဟာ ထင်ယောင်ထင်မှားနဲ့ လူမှုကွန်ယက်အသုံးပြုသူတွေအကြား ပိုမိုပျံ့နှံ့ခဲ့တာတွေ့ရပါတယ်။ 

သုံးသပ်ချက်

လာမယ့်နှစ်က စပြီး နိုင်ငံကူးလက်မှတ်တွေမှာ စစ်ခေါင်းဆောင်ဟောင်း မင်းအောင်လှိုင်ပုံ ထည့်သွင်းသွား မယ်ဆိုတာ တကယ်မဟုတ်ပါဘူး။ ဒီအကြောင်းအရာကို ဖြန့်ဝေထားတဲ့  “DDC Burmese”ဟာ စစ်ခေါင်းဆောင် တွေနဲ့ နာမည်ကြီးသူတချို့အကြောင်း နားလည်မှုလွဲစေနိုင်တဲ့ ထင်ယောင်ထင်မှားဖြစ်ဖွယ်အကြောင်းအရာတွေ၊ သရော်လှောင်ပြောင်မှုတွေ ဆက်တိုက်ဖြန့်ချိနေတဲ့ နေရာတခုက ဖြန့်ချိထားတာတွေ့ရတယ်။ 

Result Stamp

Title: Fact Check: နိုင်ငံကူးလက်မှတ်မှာ မင်းအောင်လှိုင်ပုံ ထည့်သွင်းမယ်ဆိုတာ တကယ်လား- မဟုတ်ပါ

Fact Check By: နေရာမောင်

Result: False


Leave a Reply

Your email address will not be published. Required fields are marked *