Fact Check: NLDပါတီက ကိုယ်ပိုင်ရဟတ်ယာဉ်နဲ့ ထွက်ပြေးဖို့စီစဉ်နေတယ်ဆိုတဲ့ သတင်းအမှား

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLDပါတီဝင်တွေက ကိုယ်ပိုင်ရဟက်ယာဉ်နဲ့ ထွက်ပြေးဖို့စီစဉ်နေတယ်ဆိုပြီး RFM (Radio Free Myanmar)အမှတ်တံဆိပ်နဲ့ ရေးသားထားတဲ့ပို့စ်ကို ဖေ့စ်ဘွတ်ခ်လူမှုကွန်ယက်ပေါ်မှာ ပြန်လည်မျှဝေနေတာတွေ့ရပါတယ်။ ဒီပို့စ်မှာ RFM (Radio Free Myanmar)ဆိုတဲ့ အမှတ်တံဆိပ်နဲ့ “NLDတွေ ထွက်ပြေးဖို့ အပြင်းအထန်ပြင်”လို့ ခေါင်းစဉ်တပ်ထားပြီး “ရွေးကောက်ပွဲမှာ မဲလိမ်မဲခိုးပြီး ၂၀၁၅ ကထက်အင် အနိုင်ရတယ်လို့ မဖြစနိုင်တဲ့စရင်းဇယားတွေနဲ့ အာဏာကို အဓမ္မတည်းဖြင့်ရယူရန်ကြိုးပမ်းခဲ့တဲ့ NLDတွေဟာ တိုင်းပြည်ဘဏ္ဍာ ငွေတွေကို ထင်တိုင်းသုံးပြီး ကိုယ်ပိုင်ရဟတ်ယာဉ်များနှင့် ထွက်ပြေးအပြင်းအထန်ပြင်ဆငင်နေကြောင်း လူမှု့ကွန်ယက်တွင်ပြောဆိုနေကြသည်။ ဒေါ်လာသန်းပေါင်းများစွာတန်သော Leonard အမျိုးအစားရဟတ်ယာဉ်နောက်ထပ် ၂စီးကို ဒီဇင်ဘာ (၁၇)ညသန်ကျော်မှ ကားများဖြင့် ခိုးယူးသယ်ဆောင်လာသည်ကို‌တွေ့ရသည်။”လို့ ရေးသားထားပါတယ်။ ဒီပို့စ်ကို အောက်ပါလင့်ခ်မှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။ ဒီပို့စ်ကိုပဲ ဒီနေရာ၊ ဒီနေရာနဲ့ ဒီနေရာတွေမှာ ပြန်လည်မျှဝေနေတာတွေ့ရပါတယ်။ မူရင်းလင့်ခ် – […]

Continue Reading

Fact Check: NLDက တပ်မတော်ကို ICJမှာ တိုင်ကြားထားပြီး UNတပ်တွေနဲ့ တပ်မတော်ကို တိုက်ဖို့လုပ်နေတယ်ဆိုတဲ့ သတင်းအမှား

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLDပါတီက ပြည်တွင်းရေးပြဿနာတွေကို ကမ္ဘာကသိအောင် လုပ်ဆောင်ကာ တပ်မတော်ကို အပြည်ပြည်ဆိုင်ရာတရားရုံးကို တိုင်တန်းထားပြီး ကုလသမဂ္ဂတပ်တွေနဲ့ တပ်မတော်ကိုတိုက်ဖို့ စီစဉ်နေတယ်ဆိုတဲ့အချက်အပါဝင် အချက်အလက်မခိုင်မာတဲ့အချက်အမြောက်အများကို အခြေပြုပြီး တပ်မတော်ထေက်ခံသူအချင်ချင်းကြား လှုံဆော်ဟန်နဲ့ရေးသားထားတဲ့ပို့စ်တစ်ခုဟာ လူမှုကွန်ယက် အသုံးပြုသူတွေကြား ပျံ့နှံ့လျက်ရှိတာတွေ့ရပါတယ်။ ဒီပို့စ်မှာ “မိုက်ရိုင်းလိုက်တဲ့ NLD”လို့ ခေါင်းစဉ်တပ်ထားပြီး “ခုပဲ သိရလို့ သိသိခြင်း မျှဝေလိုက်ရပါသည်။ ဒါ့ကြောင့် အချိန်ဆွဲနေမှန်း ခုမှသိတော့တယ် …၁။ မဲလိမ်လည်မှု မပေါ်ပေါက်ရအောင် လူသုံးယောက်ကို အစဖျောက်ထား လိုက်တယ် -၂။ နိုင်ငံတော်ပိုင်ငွေကြေး ဘီလျံရာကျော်ကို အလွဲသုံးစားလုပ်ထားတာ မပေါ်ပေါက်အောင် ကိုဗစ်နဲ့ ဖုံးကွယ်နေတယ် -၃။ နိုင်ငံတော်အာဏာကို အတင်းအဓမ္မရယူရန် နည်းမျိုးစုံဖြင့် ကြိုးစားနေတယ် ၄။ ပြည်တွင်းရေးပြသနာကို ကမ္ဘာသိအောင်ချပြပြီး သူ့ကိုမြန်မာ့တပ်မတော်က နည်းမျိုးစုံဖြင့် တိုက်ခိုက်နေတယ်လို့ အပြည်ပြည်ဆိုင်ရာ တရားရုံးသို့ […]

Continue Reading

Fact Check: တပ်မတော်ရဲ့စစ်လက်နက်ဝယ်ယူတဲ့ဘတ်ဂျက်ကို စစ်ဆေးခွင်ရှိရင် UECက မဲစာရွက်စာတမ်းတွေပြမယ်ဆိုတဲ့ သတင်းအမှား

တပ်မတော်ရဲ့ စစ်လက်နက်ဝယ်ယူတဲ့ ဘတ်ဂျက်ငွေစာရင်းကို စစ်ဆေးခွင့်ရမယ်ဆိုရင် ရွေးကောက်ပွဲနဲ့ သက်ဆိုင်တဲ့ စာရွက်စာတမ်းတွေကိုချပြမယ်ဆိုပြီး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် UEC ဥက္ကဌဦးလှသိန်းက ပြောတဲ့ပုံစံမျိုးရေးသားထားတဲ့ပို့စ်ကို ဖေ့စ်ဘွတ်ခ်လူမှုကွန်ယက်အသုံးပြုသူတွေကြား မျှဝေနေတာတွေ့ရပါတယ်။ ဒီလိုရေးသားမျှဝေနေကြတဲ့ပို့စ်မှာ “ကဲမှတ်ကရော UEC က စစ်လက်နက်ဝယ်ယူထားတဲ့ ဘတ်ဂျက်ငွေစာရင်းကို စစ်ဆေးခွင့်ရရင် ရွေးကောက်ပွဲစာရွက်စာတန်းများကို ချပြပါမယ်တဲ့ဗျာ ကဲရှင်းရော့ Crd #”လို့ရေးသားပြီး UEC ဥက္ကဌဦးလှသိန်းပုံနဲ့ ရေးသားမျှဝေနေကြတာပါ။အောက်ပါလင့်ခ်မှာ ဝင်လေ့လာနိုင်ပါတယ်။ ဒီပို့စ်ကို ဒီနေရာ ဒီနေရာနဲ့ ဒီနေရာတွေမှာ ပြန်လည်မျှဝေနေတာတွေ့ရပါတယ်။ မူရင်းလင်ခ့် – Fb link  |  Archive link အချက်အလက်စိစစ်ချက် တပ်မတော်ရဲ့ စစ်လက်နက်ဝယ်ယူတဲ့ ဘတ်ဂျက်ငွေစာရင်းကို စစ်ဆေးခွင့်ရမယ်ဆိုရင် ရွေးကောက်ပွဲနဲ့ သက်ဆိုင်တဲ့ စာရွက်စာတမ်းတွေကိုချမယ်ဆိုပြီး ဒီလိုမျိုးရေးသားမျှဝေနေတာနဲ့ပတ်သက်ပြီး ဒါဟာသတင်းအမှား ဖြစ်ကြောင်းကို UECက ဒီဇင်ဘာ ၁၁ရက်နေ့က UECရဲ့ ဖေ့စ်ဘွတ်ခ်စာမျက်နှာမှာထုတ်ပြန်ကြေငြာထားတာ တွေ့ရပါတယ်။အောက်ပါလင့်ခ်မှာ […]

Continue Reading

Fact Check: နိုင်ငံတော်အတိုင်ပင်ခံက တပ်မတော်ခေါင်းဆောင်တွေကို ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး တွေ့ခွင့်တောင်းတယ်ဆိုတဲ့ သတင်းအမှား

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်အောင်ဆန်းစုကြည်က တပ်မတော်ခေါင်းဆောင်တွေကို အပူတပြင်းတွေ့ခွင့် တောင်းဆိုတယ်၊ ဒီလိုတောင်းဆိုတဲ့အပေါ်မှာ တပ်မတော်ဘက်က အတွေ့မခံဘူးဆိုတဲ့သတင်းကို ဖေ့စ်ဘွတ်ခ် လူမှုကွန်ယက်ပေါ်မှာရေးသားမျှဝေနေတာတွေ့ရပါတယ်။ ဒီပို့စ်မှာ “နိုင်ငံတော်အတိုင်ပင်ခံက အဘကို အပူတပြင်းတွေ့ခွင့် တောင်းဆို၊ စစ်တရားရုံးဖွဲ့စည်းပြီးကြောင်း သတင်းက ဥပဒေမဲ့ အစိုးရနဲ့ UECအတွက် ပြေးလမ်းမရှိပါ”နဲ့ “အတိုင်ပင်ခံက အဘဆီအခစားဝင်ချင်သတဲ့ အဘနာယက အတွေ့မခံ…အဘချုပ်ကတော့ အဖြေမပေးဟုသိရ”လို့ရေးသားထားတဲ့ screenshotရိုက်ထားတဲ့ ပုံတွေကို ပြန်လည်ပို့စ်နေတာတွေ့ရပါတယ်။အောက်ပါလင့်ခ်မှာဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။ မူရင်းလင်ခ့် – Fb link  |  Archive link အချက်အလက်စိစစ်ချက် ဒီလိုပို့စ်နဲ့ပတ်သက်ပြီး အစိုးရအဖွဲ့နဲ့နီးစပ်တဲ့ NLDပါတီရဲ့ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်တစ်ဦးဖြစ်သူ ဒေါက်တာမျိညွန့်ကို Fact Cfescendo Myanmarက ဆက်သွယ်မေးမြန်းရာမှာတော့ “ဒါက အုပ်ချုပ်ရေးပိုင်းက ကိစ္စပေါ့နော်၊ ဒါပေမဲ့ ကျွန်တော်ကြားသလောက်ကတော့ အစိုးရမှာ ဒီလိုမျိုးရုတ်တရတ်တွေ့ရလောက်တဲ့ အရေးကြီးကိစ္စမရှိဘူး၊ ရွေးကောက်ပွဲနဲ့ဆိုင်တာဆို ပိုပြီးမဖြစ်နိုင်ပါဘူး၊ ရုပ်တိမရှိတဲ့ အခြေအမြစ်မရှိတဲ့ သတင်းပါ၊ […]

Continue Reading

Fact Check: UECက NLDအတွက် မဲ ၃သန်းကျော်ခိုးကြောင်း Defend Europeအဖွဲ့က ထုတ်ပြန်တယ်ဆိုတဲ့ သတင်းအမှား

Defend Europeအဖွဲ့က NLDပါတီရဲ့ လုပ်ရပ်တွေကို သံသယရှိတာကြောင့် မဲစားရင်းတွေကို လေ့လာရာ ၂၀၂၀ရွေးကောက်ပွဲမှာ အမှန်တကယ်မဲပေးခွင့်ရှိသူမှာ (၃၅.၉၄)သန်းကျော်သာရှိပြီး ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် UECက ထုတ်ပြန်တဲ့ မဲပေးခွင့်ရှိသူ ၃၈သန်းကျော်ရှိတယ်ဆိုတာက UECက NLDအတွက် မဲ ၃သန်းကျော်လောက် ခိုးပေးခဲ့ကြောင်းကို RFM (Radio Free Myanmar)ကို အတည်ပြုခဲ့တယ်ဆိုတဲ့ ပို့စ်ကို ဖေ့စ်ဘွတ်ခ်လူမှုကွန်ယက်ပေါ်မှာ ပြန်လည်ကူးယူတာတွေ ပြန်လည်မျှဝေနေတာတွေ ပြုလုပ်နေကြတာကို တွေ့ရပါတယ်။ အဲ့ဒီ့ပို့စ်မှာ “မဲများပက်ပက်စက်စက်ခိုးခဲ့သည့် NLD”လို့ အညွှန်းတပ်ထားပြီး အောက်မှာတော့ “ RFM : Maryland, 4 – 12 – 2020၊၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် တရားဝင်မဲပေးပိုင်ခွင့်ရှိသူသည် ပြည်နယ်နှင့် တိုင်းဒေသကြီး အသီးသီးအတွက် မဲပေးပိုင်ခွင့်ရှိသူ(၃၅.၉၄) သန်းကျော်သာရှိသော်လည်း ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က […]

Continue Reading

Fact Check: NLDပါတီက အစိုးရအဖွဲ့အသစ်ကို တံခါးပိတ်ဖွဲ့စည်းလိုက်တယ်ဆိုတဲ့ သတင်းအမှား

အမျိုးသားဒ္မိုကရေးစီအဖွဲ့ချုပ် NLDပါတီအနေနဲ့ နိုဝင်ဘာ ၈ရက်ရွေးကောက်ပွဲမှာ အနိုင်ရရှိခဲ့တယ်ဆိုပေမဲ့ မဲမသမာမှုတွေရှိတယ်ဆိုတဲ့ စွပ်စွဲချက်တွေ အငြင်းပွားတာတွေ မပြီးပျက်သေးချိန်မှာ NLDပါတီက တံခါးပိတ်(လျိ့ဝှက်)ဖွဲ့စည်းလိုက်တယ်ဆိုတဲ့ ရေးသားချက်မှုတွေကို ဖေ့စ်ဘွတ်ခ်လူမှုကွန်ယက်ပေါ်မှာ မျှဝေနေတာတွေ့ရပါတယ်။ ဒီပို့စ်မှာ “မဲကိစ္စနဲ့ ဒီလောက်ရှုတ်ထွေးနေချိန်မှာ အစိုးရအဖွဲ့ကို တံခါးပိတ်ဖွဲ့စည်းလိုက်တဲ့ nld ပါတီရဲ့ ခြေလှမ်း – ဒါဟာ နိုင်ငံရေးပါတီတွေကို စိန်ခေါ်လိုက်တဲ့ အနေထားတစ်ခုလား ၊ UEC ကို ပြန်ကယ်ဖို့လား ၊ ဒါမှမဟုတ် ဘယ်သူ့ကိုမှ ဂရုမစိုက်ဘူးဆိုတဲ့ သဘောဆောင်​လိုက်​တာလား – ?စိန်ခေါ်မှု တစ်ခုလို့မြင်ရမယ်ဆိုရင်တော့… မြန်မာပြည်ကြီးကျန်းမာပါစေလို့ ဆုတောင်းပါတယ် -“လို့ “သူရိယ”ဆိုတဲ့ ဖေ့စ်ဘွတ်ခ်သုံးစွဲသူတစ်ဦးက ဒီဇင်ဘာ ၆ ရက်နေ့က စတင်ရေးသားခဲ့တာတွေ့ရပြီး ဒီပို့စ်ကို တစ်ရက်အတွင်းမှာပဲ ဖေ့စ်ဘွတ်ခ်သုံးစွဲသူပေါင်း ခုနစ်ရာ့ ခုနစ်ဆယ်ကျော်က ပြန်လည်မျှဝေခဲ့တာတွေ့ရပါတယ်။ အောက်ပါလင့်ခ်မှာ […]

Continue Reading

Fact Check: မဲစိစစ်တာနဲ့ပတ်သက်ပြီး တပ်မတော်ကို ဒေါ်အောင်ဆန်းစုကြည်က တောင်းပန်တယ်ဆိုတဲ့ သတင်းအမှား

မဲလိမ်တာတွေရှိတာကြောင့် တပ်မတော်အနေနဲ့ ခွင့်လွှတ်ပေးဖို့ တပ်မတော်မဲစိစစ်ရေးကော်မရှင်ကို ဒေါ်အောင်ဆန်းစုကြည်ကတောင်းပန်းလိုက်ပြီး တပ်မတော်ဘက်ကလည်း ဥပဒေဘောင်အတွင်းကပဲ စကားပြောမယ်လို့ တုန့်ပြန်လိုက်တယ်ဆိုတဲ့ ပို့စ်ကို ဖေ့စ်ဘွတ်ခ်လူမှုကွန်ယက်ပေါ်မှာ ရေးသားမျှဝေနေတာ တွေ့ရပါတယ်။ “မေမေနိုင်ပြီလို့ အောင်ပွဲခံနေတဲ့ ဆရာများ သို့”လို့ ခေါင်းစဉ်တပ်ထားပြီး “ဒီနေ့ ဘာတွေထူးသွားလဲဆိုတာ- လူငယ်တွေရဲ့ ပါတီအပေါ် စေတနာနဲ့ မှားခဲ့တဲ့မဲ လိမ်လည်မှုတွေရှိခဲ့ပါတယ် ဒါကို တပ်မတော်အနေနဲ့ ခွင့်လွှတ်ပေးပါရန် တပ်မတော် မဲစီစစ်ရေးကော်မရှင်အား တောင်းဆိုလာတဲ့ နိုင်ငံတော်အတိုင်ပင်ခံရဲ့ တောင်းပန်စကား -တပ်မတော်ကလဲ လုပ်စရာရှိတာကို ဥပဒေဘောင်အတွင်းကပဲ စကားပြောပါ့မယ်လို့ တုန့်ပြန်ပြောဆိုလိုက်တဲ့ မဲစီစစ်ရေးကော်မရှင်ရဲ့ တိကျတဲ့စကား -မဲရုံစောင့် ဆရာမတွေကို စစ်ဆေးရေးလုပ်ငန်းများ စတင်ဆောင်ရွက်ရာမှာ မဲစာရွက်အတုတွေကို ပြည်သူကိုပေးပြီး အစစ်တွေကို သူတို့ကိုယ်တိုင် nld ကိုမဲပေးခဲ့ကြောင်း ၊ ပြည်သူတွေရဲ့ မဲပုံးကို အလုံးလိုက်ချိန်းပြီး ကော်မရှင်ရုံးသို့ […]

Continue Reading

Fact Check: ကြံ့ခိုင်ရေးပါတီက UECကို ရဲအရေးပိုင်တဲ့အမှုနဲ့ တရားစွဲတယ်ဆိုတဲ့ သတင်းအမှား

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကို ရဲအရေးပိုင်တဲ့ ပုဒ်မ ၁၁၀၊ ၇၅၀နဲ့ နိုဝင်ဘာ ၂၈ရက်နေ့က တရားစွဲလိုက်ပြီဖြစ်ကြောင်း ဖေ့စ်ဘွတ်ခ်လူမှုကွန်ယက်ပေါ်မှာ ရေးသားမျှဝေနေကြတာတွေ့ရပါတယ်။ ဒီပို့စ်မှာ “UECကို ရဲအရေးပိုင် 110 .750 ပုဒ်မနဲ့ 28.11.2020 ရက်နေ့မှာ စတင်တရားစွဲလိုက်ပါပြီ”လို့ ရေးသားထားတဲ့စာကို screen shootရိုက်ထားတဲ့ ဓါတ်ပုံနဲ့အတူ “ထူးခြားသတင်းဆိုရင်တော့ ဒီသတင်းတစ်ပုဒ်ကတော့ ခိုင်မာပါတယ်ခင်ဗျာ”လို့ရေးသားကာ ပို့စ်တင်ကြတာကိုတွေ့ရပါတယ်။ အောက်ပါလင်ခ့်မှာ ကြည့်ရှု့နိုင်ပါတယ်။ မူရင်းလင်ခ့် – Fb link  |  Archive link အချက်အလက်စိစစ်ချက် ဒီလိုရေးသားနေတဲ့ပို့စ်နဲ့ပတ်သက်တဲ့ အရေးသားမျိုးကို ပြည်တွင်းမီဒီတွေမှာဖော်ပြတာမတွေ့ရသလို ကြံ့ခိုင်ရေးပါတီရဲ့ လူမှုကွန်ယက်မှာလည်း ဒီလိုတရားစွဲလိုက်ကြောင်းကြေငြာထားတာမတွေ့ရပါဘူး။ နိုင်ဝင်ဘာလ ၂၆ရက်နေ့က ပြုလုပ်ခဲ့တဲ့ ပြည်ခိုင်ဖြိုးပါတီသတင်းစာရှင်းလင်းပွဲမှာလည်း UECကို တရားစွဲမယ်ဆိုတာပြောဆိုခဲ့တာမရှိကြောင်း တွေ့ရပါတယ်။ကြံ့ခိုင်ရေးပါတီရဲ့ သတင်းစာရှင်းလင်းပွဲကို ဒီနေရာမှာ ဝင်ရောက်လေ့လာနိုင်ပါတယ်။ […]

Continue Reading

Fact Check: အဂတိတိုက်ဖျက်ရေးကော်မရှင်ဥက္ကဌနှုတ်ထွက်တာဟာ အဂတိမှုနဲ့ငြိစွန်တဲ့ အစိုးရအဖွဲ့နဲ့နီးစပ်သူတွေကို အရေးယူလို့မရတာကြောင့်ဆိုတဲ့ သတင်းအမှား

လက်ရှိအစိုးရရဲ့ညွှန်ကြားချက်တွေ့ကြောင့် အဂတိမှုနဲ့ငြိစွန်းတဲ့ အစိုးရအဖွဲ့ဝင်ဝန်ကြီးတွေ အစိုးရနဲ့နီးစပ်သူတွေ၊ တိုင်းနဲ့ပြည်နယ်ဝန်ကြီးချုပ်တွေကို အရေးယူလို့မရတာကြောင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ဥက္ကဌ ဦးအောင်ကြည်ဟာ ဥက္ကဌရာထူးက နှုတ်ထွက်သွားတာလို့ ဖေ့စ်ဘွတ်ခ်လူမှုကွန်ယက်ပေါ်မှာ ရေးသားမျှဝေနေတာတွေ့ရပါတယ်။ ဒီလိုရေးသားနေတဲ့ပို့စ်တွေမှာ “အစိုးရအဖွဲ့ဝင်ဝန်ကြီးအချို့နဲ့ တိုင်းဝန်ကြီးချုပ်တွေ အဂတိလိုက်စားမှုနှင့် ညှိစွန်းခဲ့သော်လည်း ညွန်ကြားချက်တွေကြောင့်အရေးယူ၍မရခဲ့ကြောင်း ဥက္ကဋ္ဌဟောင်းပြောခဲ့”လို့ ခေါင်းစဉ်တပ်ထားပြီး “ယခုအစိုးရသစ်၂၀၁၅ /၂၀၂၀ ကာလအကြားမှာ ပြည်ထောင်စုအဆင့်ဝန်ကြီးအချို့ အပါအဝင် တိုင်း၊ နှင့်ပြည်နယ်ဝန်ကြီးချုပ်တွေအပါ ဝန်ကြီးတွေ လွတ်တော်ကိုယ်စားလှယ်တွေ အပါအဝင် အစိုးရသစ်နဲ့ဆက်နွယ်သူအချို့ အဂတိလိုက်စားခဲ့ကြောင်းစစ်ဆေးတွေ့ရှိခဲ့သော်လည်း အထက်က ညွန်ကြားမှုတွေကြောင့် အရေးမယူခဲ့ရတာတွေရှိခဲ့တယ်လို့နုတ်ထွက်သွားခဲ့သည့် အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်ဥက္ကဋ္ဌ ဦးအောင်ကြည်က ပြောကြားခဲ့ကြောင်းသိရသည်။…..”လို့စသဖြင့်ရေးသားထားတာ တွေ့ရပါတယ်။ Min Min Tunဆို့ ဖေ့စ်ဘွတ်ခ်ပေ့ချ်ကနေ ဒီပို့စ်ကို စတင်ရေးနေတာတွေ့ရပြီး အောက်ပါလင်ခ်မှာ ဝင်ရောက်လေ့လာနိုင်ပါတယ်။ မူရင်းလင်ခ့် – Fb link  |  Archive link […]

Continue Reading

Fact Check: DKBAတပ်ဖွဲ့ဝင်တွေက NLD ပါတီကို ထောက်ခံတယ်ဆိုတဲ့ ဓာတ်ပုံအမှား

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLDပါတီကို ကရင်လက်နက်ကိုင်အဖွဲ့တစ်ခုဖြစ်တဲ့ ဒီမိုကရေစီအကျိုးပြု ကရင်အမျိုးသားတပ်မတော် DKBAတပ်ဖွဲ့ဝင်တွေက ထောက်ခံကြောင်းပြသတယ်ဆိုတဲ့ ပို့စ်တစ်ခုက ဖေ့စ်ဘွတ်ခ် လူမှုကွန်ယက်မှာပျံ့နှံ့နေတာတွေ့ရပါတယ်။ ဒီပို့စ်မှာ “ပြည်သူ့စစ်သားက သူပုန်ဖြစ် သူပုန်က ပြည်သူ့စစ်သားဖြစ်မတတ္နိူင္ဘူး…..ရင္ထဲက ခ်စ္တာကို NLD ကို အားပေးထောက်ခံကြောင်း DKBA ဒီမိုကရေစီ အကျိုးပြု့ ကရင်တပ်မတော် စစ်သည်တော်များ ဖော်ပြသ….. Crd”(မူရင်းအရေးသားတိုင်း)လို့ ရေးသားထားတာတွေ့ရပါတယ်။ အောက်ပါလင့်ခ်မှာ ဝင်ရောက်လေ့လာနိုင် ပါတယ်။ ဒီနေရာ ဒီနေရာနဲ့ ဒီနေရာတွေမှာ ပြန်လည်မျှဝေနေတာတွေ့ပါတယ်။ မူရင်းလင့်ခ် –  FB Link |  Archive Link အချက်အလက်စိစစ်ချက် ဒီပို့စ်မှာအသုံးပြုထားတဲ့ပုံကို သေချာဂရုတစိုက်ကြည့်မယ်ဆိုရင် ပုံထဲကစစ်သားတွေရဲ့ ယူနီဖောင်းတတ်စုံက DKBAတပ်ဖွဲဝင်တွေရဲ့ ယူနီဖောင်းချင်းမတူတာကို သတိပြုမှာဖြစ်ပြီး ဒီပုံကလည်း Photoshopနည်းပညာနဲ့ ပြုပြင်ထားတာကို သိပြုမိမှာပါ။ ဒီပုံကို Googleမှာ ပုံရှာနည်းနဲ့ ရှာကြည့်မယ်ဆိုရင် Zhejiang […]

Continue Reading