Fact Check: မင်္ဂလာဒုံလေဆိပ် ရှော့တိုက်ဒုံးနဲ့တိုက်ခိုက်ခံရမှု သတင်းဟောင်းကို လက်ရှိအဖြစ်အပျက်သဖွယ်မျှဝေ
မင်္ဂလာဒုံလေဆိပ် ရှော့တိုက်ဒုံးနဲ့တိုက်ခိုက်ခံရမှုဆိုပြီး ဗွီဒီယိုတွေ ယူကျူ့မှာ ပျံ့နှံ့မှုအားကောင်းနေတာ တွေ့ရပါတယ်။ လတ်တလော အဖြစ်အပျက်မဟုတ်ဘဲ သတင်းတု ဖြန့်ချိနေခြင်းဖြစ်တာတွေ့ရပါတယ်။ အောက်ပါ စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကို ပျံ့နှံ့မှုအားကောင်းနေတဲ့ ယူကျူ့ဗွီဒီယိုတခုက ရယူထားခြင်းဖြစ်တယ်။ အလားတူတဲ့ ရေးသားမျှဝေမှုကို ဒီနေရာမှာလည်း တွေ့ရပါတယ်။ “မင်္ဂလာဒုံလေဆိပ် အမှောင်ကျပြီ မင်္ဂလာဒုံလေဆိပ် ၁၀၇မမနဲ့ တိုက်ခိုက်ခံရပြီး စစ်ခွေး အသေအပျောက်များနေ၊ လေဆိပ်ကို အမှောင်ချထား” Original link | Archive link အချက်အလက်စိစစ်ချက် ဗွီဒီယိုဖြန့်ဝေထားတဲ့ “Khit Tht Thadin”အမည်နဲ့ ယူကျူ့ချန်နယ်ကို လေ့လာကြည့်မယ်ဆိုရင် သတင်းမီဒီယာ တချို့က ဖော်ပြချက် သတင်းတွေကို သတင်းခေါင်းစဉ်တုတပ်ကာ ဖြန့်ချိလေ့ရှိပါတယ်။ အခုလည်း အမှန်တကယ်မှာ ၂၀၁၃ ခုနှစ်က သတင်းဟောင်းကို လက်ရှိအဖြစ်အပျက်သဖွယ်မျှဝေထားသလို ချဲ့ကား ရေးသားထားခြင်းဖြစ်တာလည်းတွေ့ရတယ်။ […]
Continue Reading
