Fact Check: လူငယ်ဗေဒင်ဆရာ လင်းညို့တာရာအဖမ်းခံရဆိုတဲ့ သတင်းမှား
လူငယ်ဗေဒင်ဆရာ လင်းညို့တာရာ ဒုတိယအကြိမ် အဖမ်းခံရတယ်ဆိုတဲ့ ပို့စ်တစ်ခု ဖေ့စ်ဘွတ် အသုံးပြု သူတွေ အကြား ပျံ့နှံ့မှု အားကောင်းလျှက်ရှိတာဟာ သတင်းမှားတခုသာဖြစ်ပြီး စစ်ကောင်စီဘက်က မှားယွင်းဝါဒဖြန့် နေခြင်းသာဖြစ်တယ်လို့ ဗေဒင်ဆရာ လင်းညို့တာရာက အတည်ပြုထားပါတယ်။ စစ်ကောင်စီထိန်းချုပ်ထားတဲ့ သတင်းစာတွေကို ကိုးကားပြီး ဗေဒင်ဆရာ လင်းညို့တာရာ ဒုတိယအကြိမ်အဖမ်းခံရကြောင်း သတင်းမီဒီယာအချို့က ဖော်ပြပါတယ်။စစ်ခေါင်းဆောင်ကို ကြိမ်စာတိုက် အစီအမံတွေလုပ်တယ်ဆိုပြီး အာဏာသိမ်းအပြီးရက်ပိုင်းအတွင်းမှာပဲ တောင်ဥက္ကလာပ၊ ၇ ရပ်ကွက်မှာနေတဲ့ လူငယ်ဗေဒင်ဆရာ လင်းညို့တာရာကို စစ်တပ်ဖမ်းဆီးပြီး ထောင် ၂ နှစ်ချခဲ့ပါတယ်။ သူဟာ မကြာသေးခင်ကမှ ပြန်လွတ်လာတာပါ။ အောက်ပါစာသားတွေကတော့ ဖေ့စ်ဘွတ်မှာ ဖြန့်ဝေထားတဲ့ ပို့စ်ပါစာသားကောက်နုတ်ချက်ဖြစ်ပါတယ်။ “လင်းညို့တာရာကို ထပ်မံဖမ်းဆီးသွားပြီ” တူညီတဲ့ရေးသားမျှဝေမှုကို ဒီနေရာနဲ့ ဒီနေရာမှာလည်း ရေးသားထားပါတယ်။ မူရင်းလင်ခ့် – Fb link […]
Continue Reading