Fact Check: လွှတ်တော် စတင်တဲ့နေ့မှာပဲ အကျဉ်းသား သောင်းချီ လွတ်ငြိမ်း စစ်ကောင်စီ ကြေညာတဲ့ သတင်းတု

လွှတ်တော် စတင်တဲ့နေ့မှာပဲ အကျဉ်းသား သောင်းချီတဲ့ လွတ်ငြိမ်းချမ်းသာခွင့်ကို စစ်ကောင်စီ ကြေညာ လိုက်တယ်ဆိုပြီး ဗွီဒီယိုကို ယူကျူ့ချန်နယ်တခုက ဖြန့်ဝေထား ပျံ့နှံ့မှုအားကောင်းနေတယ်။ သတင်းတု ဖြန့်ချိ နေခြင်း ဖြစ်တယ်။ ပျံ့နှံ့မှုအားကောင်းနေတဲ့ ဗွီဒီယိုပို့စ်တခုက ရယူထားတဲ့ စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကို အောက်မှာကြည့်ပါ။  “ပထမဆုံး လွှတ်တော် စတင်တဲ့နေ့ လူပေါင်း သောင်းချီ တဲ့ လွတ်ငြိမ်းကြေညာ စစ်ကောင်စီက လွှတ်တော် စတင်တဲ့နေ့မှာ အများအပြား လွတ်နေ သမ္မတကြီး ဦးဝင့်မြင့်နဲ့ အတိုင်ပင်ခံ သီးသန့်သတင်း ထွက်ပေါ်” Original link | Archive link အချက်အလက်စိစစ်ချက် စစ်တပ်‌ကျောထောက်နောက်ခံပေးထားတဲ့ မတ် ၁၆ ရက်က စတင်ကျင်းပခဲ့တဲ့ လွှတ်တော်မှာ ဒီလို အကျဉ်းသား လွတ်ငြိမ်းချမ်းသာခွင့်ကို ကြေညာ […]

Continue Reading

Fact Check: ဒေါ်အောင်ဆန်းစုကြည်လွှတ်တော်မှာ စကားပြောတဲ့ သတင်းတု 

ဒေါ်‌အောင်ဆန်းစုကြည် လွှတ်တော်ထဲမှာ မိန့်ခွန်းပြောခဲ့တယ်ဆိုတဲ့ ဗွီဒီယိုတခုကို “The Daily Lens”အမည်နဲ့ ယူကျူ့ချန်နယ်က ဖြန့်ဝေထားရာမှာ ပျံ့နှံ့မှုအားကောင်းနေတာတွေ့ရတယ်။ သတင်းတု ဖြစ်တာတွေ့ရတယ်။ ပျံ့နှံ့မှုအားကောင်းနေတဲ့ ပို့စ်က ရယူထားတဲ့ စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကို အောက်မှာကြည့်ပါ။  “ဒေါ်စု မိန့်ခွန်းပြောပြီ မြန်မာပြည်သူ မှန်သမျှ ချက်ချင်း နားထောင်ပေးပါ ဒေါ်အောင်ဆန်းစုကြည် ကို လွှတ်တော်မှာ ချပြပြီ” Original link | Archive link အချက်အလက်စိစစ်ချက် “The Daily Lens”ယူကျူ့ချန်နယ်ဟာ သတင်းမီဒီယာတချို့မှာဖော်ပြခဲ့တဲ့အကြောင်းအရာတွေကိုလိုအပ်သလို တည်းဖြတ်ပြောဆိုတာ၊ လုပ်ကြံပြောဆိုတာနဲ့ သတင်းခေါင်းစဉ်တုတပ် ဗွီဒီယိုတွေ ဖြန့်ချိတာတွေ ပြုလုပ်ပါတယ်။ ဒီချန်နယ်နဲ့ ပတ်သက်ပြီး အချက်အလက် စိစစ်ချက်ထားတာတွေကို ဒီလင့်ခ်မှာ ကြည့်ပါ။ အခုလည်း ဗွီဒီယိုအစ ရုပ်ကတ်နဲ့ စာသား‌ဖော်ပြချက်မှာ ဒေါ်အောင်ဆန်းစုကြည် […]

Continue Reading

Fact Check: NUG ကို တရားဝင်အစိုးရအဖြစ် ထိုင်းလွှတ်တော်အတည်ပြုဆိုတဲ့ သတင်းတု

NUG ကို တရားဝင်အစိုးရအဖြစ် ထိုင်းလွှတ်တော်အတည်ပြုလိုက်တယ်လို့ ဆိုထားတဲ့ ဗွီဒီယိုတခု ယူကျူ့မှာ ဖြန့်ဝေထားရာ ပျံ့နှံ့မှုအားကောင်း လျှက်ရှိပါတယ်။ နားလည်မှုလွဲစေနိုင်တဲ့ သတင်းတုဖြန့်ချိနေခြင်းဖြစ်တယ်။ အောက်ပါစာသားနဲ့ စခရင်ရှော့ကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ယူကျူ့ဗွီဒီယိုတခုက ရယူထားခြင်းဖြစ်တယ်။ မတ် ၈ ရက်မှာ စတင်ဖြန့်ဝေထားတဲ့ ဒီဗွီဒီယိုဟာ လက်ရှိအချိန်အထိ ကြည့်ရှု့မှုပေါင်း ၁ ဒဿမ ၄ သိန်းကျော်ရရှိ ထားတယ်။ “ထိုင်ပါလီမန် ကြေညာချက်ထုတ်ပြန်ပြီ NUG ကိုတရားဝင်အသိမှတ်ပြုဖို့ ထိုင်းပါလီမန်အတည်ပြု” မူရင်းလင်ခ့် – Youtube link | Archive link အချက်အလက်စိစစ်ချက် “Mandalay Khit Thit”အမည်နဲ့ ယူကျူ့ချန်နယ်ဟာ လူမှုကွန်ယက်အသုံးပြုသူတွေရေးသားခဲ့တဲ့ အကြောင်းအ ရာတွေနဲ့ သတင်းမီဒီယာတွေမှာဖော်ပြခဲ့တဲ့ အကြောင်းအရာတွေကို ခေါင်းစဉ်တု သို့မဟုတ် နားလည်မှုလွဲစေ နိုင်တဲ့ […]

Continue Reading

Fact Check: လွှတ်တော်ကိုယ်စားလှယ်တွေကို အပြင်မထွက်ဖို့ စစ်တပ်က အမိန့်ပေးတယ်ဆိုတာမဟုတ်ပါ

လွှတ်တော်ကိုယ်စားလှယ်တွေကို စစ်တပ်က ၃ ရက် အပြင်မထွက်ဖို့ အမိန့်ပေးတယ်ဆိုပြီး လူမှုကွန်ယက်မှာ ပျံ့နှံ့လျက်ရှိတာတွေ့ပါတယ်။ သို့သော်လည်း ဒီသတင်းဟာ သတင်းမှားတစ်ခုသာဖြစ်ပါတယ်။ လူမှုကွန်ယက်အသုံးပြုသူတွေ နားလည်မှုလွဲစေနိုင်တဲ့ ပို့စ်ကို အောက်ပါအတိုင်းတွေ့ ရပါတယ်။ တူညီစွာမျှဝေ ထားတာကို ဒီနေရာနဲ့ ဒီနေရာတွေမှာလည်း တွေ့ရပါတယ်။ မူရင်းလင်ခ့် – Fb link  |  Archive link အချက်အလက်စိစစ်ချက် အခုလိုပျံ့နှံ့လျက်ရှိတဲ့ ပို့စ်တွေနဲ့ ပတ်သက်ပြီး နေပြည်တော်မှာ လွှတ်တော်တက်ဖို့ ရောက်ရှိနေတဲ့ မင်္ဂလာ တောင်ညွှန့်လွှတ်တော်ကိုယ်စားလှယ် ဒေါ်ဖြူဖြူသင်းကို Fact Crescendo Myanmar က ဆက်သွယ် အတည်ပြုရာမှာ  သတင်းမမှန်ကြောင်းအတည်ပြုပါတယ်။ သူ့အနေနဲ့ Quarantine ဝင်နေတာ သာဖြစ်ပြီး တပ်က ညွှန်ကြားတယ်ဆိုတာမဟုတ်ကြောင်းပြောပါတယ်။ လွှတ်တော်ကိုယ်စားလှယ်တွေအနေနဲ့ ရောက်ကတည်းက အပြင်မထွက်ဖို့ ပါတီဘက်က […]

Continue Reading

Fact Check: အစိုးရမဖွဲ့ဖို့ လွှတ်တော်မခေါ်ဖို့ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံးအမိန့်ပေးတယ်လို့ သတင်းတုသတင်းမှားဖြန့်

အစိုးရမဖွဲ့ဖို့၊လွှတ်တော်မခေါ်ဖို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)က အမိန့်ထုတ်တယ်ဆိုပြီး လူမှုကွန်ယက်အသုံးပြုသူ ထောင်ဂဏန်းက ပြန်လည်မျှဝေထားတွေ့ရပါတယ်။ ပျံ့နှံ့လျက်ရှိတဲ့ပို့စ်တွေမှာ “တပ်မတော်မှ နောက်ဆုံးအကြိမ် သတိပေးမိန့်ထုတ်ပြန်ခြင်း”လို့ ခေါင်းစဉ်တပ် ရေးသားထားပြီး ကာကွယ်ရေးဦးစီးချူပ်ရုံး (ကြည်း)က အမိန့်အမှတ် ၅/၂၀၂၁ နဲ့ စာထုတ်လိုက်ပြီး အစိုးရဖွဲ့ ခွင့်မပြုကြောင်းနဲ့ လွှတ်တော်ခေါ်တာခွင့်မပြုကြောင်းရေးသားထားပါတယ်။  ဒီလိုရေးသားမျှဝေနေတာဟာ အတုဖြစ်ကြောင်းနဲ့ တပ်မတော်အနေနဲ့ ထုတ်ပြန်ထားခြင်းမရှိကြောင်း တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ဉက္ကဌ ဗိုလ်ချုပ်ဇော်မင်းထွန်းက အတည်ပြုထားတာတွေ့ရပါတယ်။  လူမှုကွန်ယက်အသုံးပြုသူတွေကို နားလည်မှုလွဲမှာစေနိုင်တဲ့ အရေးအသားနဲ့ ပို့စ်ကို အောက်ပါအတိုင်းတွေ့ ရပါတယ်။ “တပ်မတော်မှ နောက်ဆုံးအကြိမ် သတိပေးမိန့်ထုတ်ပြန်ခြင်း ———————————————————— ၁၅ . ၁ . ၂၀၂၁  ကာကွယ်ရေးဦးစီချုပ်ရုံး (ကြည်း) 10 း 00 AM  အကြောင်းအရာ ။      ။ ၂၀၂၀ […]

Continue Reading

Fact Check: လွှတ်တော်ကိုယ်စားလှယ်တွေ လွှတ်တော်မတက်ရင် ထောင်ကျနိုင်လား- မဟုတ်ပါ

တတိယအကြိမ်လွှတ်တော်ကို ဖေဖော်ဝါရီ ၁ ရက်မှာ စတင်ကျင်းပဖို့အတွက် ကိုယ်စားလှယ်တွေကို  နှိုးဆော် ခေါ်ယူနေချိန် ဖြစ်ပါတယ်။ ဒီလိုအခြေအနေမှာ လွှတ်တော်ကိုယ်စားလှယ်တွေ လွှတ်တော်မတက်ရင် ထောင်ကျ နိုင်တယ်လို့ ရေးသားပြီး လူမှုကွန်ယက်မှာ မျှဝေနေတာ တွေ့ ရပါတယ်။ လွှတ်တော်နာယက က လွှတ်တော်ခေါ်ချိန်မှာ လွှတ်တော်ကိုယ်စားလှယ်တွေဟာ လွှတ်တော်လာမတက်ရင် ထောင်ကျခံရမယ်လို့ရေးသားမျှဝေနေတာဖြစ်ပါတယ်။ နိုဝင်ဘာ ၈ ရက်ကမှာ ကျင်းပပြီးစီးခဲ့တဲ့ ရွေးကောက်ပွဲမှာ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်(NLD) ပါတီက အစိုးရဖွဲ့နိုင်တဲ့အရေ အတွက်ထက် ကျော်လွန်ပြီး အနိုင်ရထားပြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုရေးပါတီ(USDP) က ၃၃ နေရာသာအရွေး ချယ်ခံထားရပါတယ်။ သို့သော်လည်း လွှတ်တော်မတက်တဲ့အတွက် လွှတ်တော်ကိုယ်စားလှယ်တစ်ယောက်အနေနဲ့ ထောင်ဒဏ်ချ မှတ်နိုင်တယ်ဆိုတဲ့ ပြဌာန်းချက်မျိုး Fact Crescendo Myanmar အနေနဲ့ မတွေ့ရပါဘူး။ လူမှုကွန်ယက်အသုံးပြုသူများကို နားလည်မှုလွဲစေနိုင်တဲ့ […]

Continue Reading

Fact Check: ရွေးကောက်ပွဲနိုင်ခဲ့တဲ့ ကိုယ်စားလှယ် ၂၀၀ ဝန်းကျင် NLD ပါတီက နှုတ်ထွက်မယ်လို့ သတင်းမှားဖြန့်

NLD ပါတီကနေ ဝင်ရောက်ယှဉ်ပြိုင်အနိုင်ရခဲ့တဲ့ လွှတ်တော် ကိုယ်စားလှယ် ၂၀၀ ဝန်းကျင်ဟာ ပါတီကနေ နှုတ်ထွက်တော့မှာဖြစ်တဲ့အတွက် လာမည့်ကာလတွေမှာ NLD အနေနဲ့ အစိုးရဖွဲ့နိုင်ဖို့ မဖြစ်နိုင်တော့ဘူးလို့ ပြောဆိုထုတ်လွှင့်ချက်တွေပါတဲ့ ဗွီဒီယိုတစ်ခုကို ဖေ့စ်ဘွတ်အသုံးပြုသူ ထောင်ဂဏန်းက မျှဝေထားပါတယ်။ ပျံ့နှံ့လျက်ရှိတဲ့ ဒီ live ဗွီဒီယိုမှာ ဒီဇင်ဘာ၃၁ ရက်ညမှာ အစိုးရသက်တမ်းကုန်မှာလို့ ပြောထားသလို ဒီဇင်ဘာ ၃၁ ည ၁၂ နာရီကျော်တာနဲ့ တပ်မတော်က တာဝန်လွဲယူမယ်လို့လည်းပြောကြားထားပါတယ်။ အနိုင်ရတဲ့ NLD ပါတီအနေနဲ့လည်း အမတ် ၂၀၀ ဝန်းကျင်ကလည်း ပါတီကနေ နှုတ်ထွက်မှာဖြစ်တဲ့ အတွက် အစိုးရဖွဲ့နိုင်မှာ မဟုတ်ဘူးလို့ အဓိကအားဖြင့် ပြောဆိုမျှနေထားတာလည်း တွေ့ရပါတယ်။  လူမှုကွန်ယက်အသုံးပြုသူများကို နားလည်မှုလွဲစေနိုင်တဲ့ ပြောဆိုချက်နဲ့ အရေးအသားတွေပါဝင်တဲ့ ပို့စ်ကို အောက်ပါအတိုင်းတွေ့ရပါတယ်။ ဒီဇင်ဘာ […]

Continue Reading

Fact Check: ဇန်နဝါရီ ၁ ရက်မှာ လက်ရှိအစိုးရသက်တမ်းကုန်ပြီး ကာ/ချုပ်က ၂ လအုပ်ချုပ်မယ်လို့ သတင်းမှားဖြန့်

လာမည့် နှစ်ပတ်အတွင်း အစိုးရသက်တမ်းကုန်မည်ဖြစ်ပြီး ကာကွယ်ရေးဦးစီးချုပ်က ၂ လာတာအုပ်ချုပ်မယ်လို့ ရေးသားမျှဝေထားတဲ့ ပို့စ်တစ်ခုကို လူမှုကွန်ယက်အသုံးပြုသူ ရာဂဏန်းက ပြန်လည်မျှဝေထားတာတွေ့ ရပါတယ်။ လက်ရှိအစိုးရသက်တမ်းဟာ ၂၀၂၁ ခုနှစ် ဇန်နဝါရီ ၁ ရက်မှာ သက်တမ်းကုန်မည်ဖြစ်ပြီး အစိုးရသစ်ဖွဲ့ဖို့အတွက် လွှတ်တော်ကို မတ် ၁ ရက်မှာခေါ်မည်ဖြစ်ကာ ကာကွယ်ရေးဦးစီးချုပ်က မတ် ၁ ရက်နေ့အထိ ၂ လတာအုပ်ချုပ် မယ်လို့ ပျံ့နှံ့ခဲ့တဲ့ ပို့စ်တွေမှာရေးသားထားပါတယ်။ လူမှုကွန်ယက်အသုံးပြုသူတွေအကြား ပျံ့နှံ့မှုအားကောင်းခဲ့တဲ့ ပို့စ်ကို အောက်ပါအတိုင်းတွေ့ရပါတယ်။ တူညီစွာရေးသား မျှဝေထားတဲ့ ပို့စ်တွေကို ဒီနေရာ၊ ဒီနေရာနဲ့ ဒီနေရာတွေမှာ တွေ့ရပါတယ်။  “ကာ လုံ ခေါ်လိုက် ပြီတဲ့ မျိုးချစ်တို့ရေ….. ပြင်ထားပေတော့ !!! UEC..ရေ ၁-၁-၂၀၂၁- အစိုးရသက်တမ်းကုန် ပြီ […]

Continue Reading

Fact Check: ရွေးကောက်ပွဲပြန်လုပ်မပေးရင် ပြည်ခိုင်ဖြိးကိုယ်စားလှယ်များ လွှတ်တော်မတက်တော့လို့ သတင်းမှားဖြန့်

ရွေးကောက်ပွဲပြန်လုပ်မပေးရင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီက အနိုင်ရ ကိုယ်စားလှယ်များ လွှတ်တော်မတက်တော့ဘူးလို့ရေးသားမျှဝေလျက်ရှိရာမှာ လူမှုကွန်ယက် အသုံးပြုသူ ရာဂဏန်းဝန်းကျင်က ပြန်လည်မျှဝေထားပါတယ်။  လူမှုကွန်ယက်အသုံးပြုသူတွေကို နားလည်မှုလွဲမှားစေနိုင်တဲ့အရေးအသားနဲ့ ပို့စ်ကိုအောက်ပါအတိုင်းတွေ့ ရ ပါတယ်။ “ရွေးကောက်ပွဲ ပြန်မလုပ်ပေးရင် ပြည်ခိုင်ဖြိုး အနိုင်ရ လွှတ်တော်ကိုယ်စားလှယ်များ တတိယအကြိမ်မြောက် ပြည်ထောင်စုလွှတ်တော်၊ တိုင်းဒေသကြီးလွှတ်တော်၊ ပြည်နယ်လွှတ်တော်တွေက နုတ်ထွက်ပါတော့မယ်။” လို့ရေးသားပြီး “Union Politics” အမည်နဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ နိုဝင်ဘာ ၃၀ ရက်က မျှဝေထားရာမှာ ဒီပို့စ်ကို ပြန်လည်မျှဝေမှု ၃၀၀ ကျော်ရှိခဲ့ပါတယ်။ ဒီပို့စ်ကို screenshot ရိုက်ပြီး ပြန်လည်မျှဝေထားတာကို ဒီနေရာ၊ဒီနေရာ၊ဒီနေရာနဲ့ ဒီနေရာမှာလည်း တွေ့ရပါတယ်။ မူရင်းလင်ခ့် – Fb link  |  Archive link အချက်အလက်စိစစ်ချက် အခုလို ရွေးကောက်ပွဲပြန်လည်ကျင်းပခြင်းမပြုရင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီအနိုင်ရ […]

Continue Reading