Fact Check: သမ္မတဘိုင်ဒန်ကို ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က အာဏာလွှဲပေးမယ်လို့ တောင်းပန်တဲ့သတင်းတု
အမေရိကန်သမ္မတဘိုင်ဒန်ကို ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က အာဏာလွှဲပေးမယ်လို့ တောင်းပန်စာပို့ တယ်ဆိုတဲ့ ဗွီဒီယိုပို့စ်တစ်ခုဖေ့စ်ဘွတ်အသုံးပြုသူတွေအကြားပျံ့နှံ့လျက်ရှိပါတယ်။ သတင်းတုဖြစ်ပါတယ်။ “ဘိုင်ဒန်ကိုမအလတောင်းပန်စာပို့။အာဏာလွှဲဖို့၁၀၀%သေချာသွားပြီ”လို့ ရေးသားပြီး ဖေ့စ်ဘွတ်စာမျက်နှာတစ်ခု က ဗွီဒီယိုတစ်ခုကို အောက်ပါအတိုင်းမျှဝေထားရာမှာ ဒီဗွီဒီယိုပို့စ်ကို ပြန်လည်မျှဝေမှုပေါင်း ၁၂၀၀ ကျော်ရှိပါ တယ်။ မူရင်းလင်ခ့် – FB link | Archive link တူညီတဲ့ရေးသားမျှဝေမှုတွေကို ဒီနေရာမှာ လည်းတွေ့ရပါတယ်။ အချက်အလက်စိစစ်ချက် ဗွီဒီယိုပါအကြောင်းအရာဟာ လူမှုကွန်ယက်မှာ ပျံ့နှံ့ခဲ့တဲ့ အတွေးအမြင်ပို့စ်တစ်ခုကို ပြန်လည်ဖတ်ကြား နေခြင်း ဖြစ်တယ်။ နိုင်ငံသားအကျဉ်းသားတွေလွှတ်ပေးဖို့အပါအဝင် မြန်မာအရေး လုံခြုံရေးကောင်စီ ဆုံးဖြတ် ချက်အပြီးမှာ သမ္မတ ဂျိုးဘိုင်ဒန်က မြန်မာတော်လှန်ရေးအဖွဲ့တွေကို ထောက်ပံ့ကူညီရေးပါဝင်တဲ့ ၂၀၂၃ ဘဏ္ဍာရေးနှစ်အတွက် အမျိုးသားကာကွယ်ရေး အက်ဥပဒေ(NDAA)ကို လက်မှတ်ထိုးလိုက်တဲ့အပေါ် တိုက်ဆိုင်မှုမဟုတ်ကြောင်း ဒီဆောင်းပါမှာ ရေးသားထားတာဖြစ်ပါတယ်။ ဖေ့စ်ဘွတ်အသုံးပြုသူတစ်ဦးရဲ့ […]
Continue Reading