Fact Check: ဒီဓာတ်ပုံတွေက စစ်အာဏာသိမ်းထောက်ခံပွဲက မဟုတ်ပါ

စစ်အာဏာသိမ်းမှုကို နိုင်ငံအနှံ့ ဆန့်ကျင် ဆန္ဒပြလျက်ရှိချိန်မှာ တပ်မတော်ထောက်ခံပွဲဆိုပြီးတော့လည်း တန်ပြန်ဆန္ဒထုတ်ဖော်ပွဲများပြုလုပ်ခဲ့ပါတယ်။ ဒီလိုအခြေအနေမှာ လှည်တန်းက တပ်မတော်ထောက်ခံပွဲလို့ ရေးသားမျှဝေထားတာတွေ့ရပါတယ်။  တကယ်တော့ ဒီဓာတ်ပုံတွေဟာ ဒီမိုကရေစီအရေးနဲ့ စစ်အာဏာသိမ်းရှုတ်ချမှု ဆန္ဒပြ ပုံတွေဖြစ်ပါတယ်။ “ယနေ့…  လှည်းတန်း…  တပ်မတော်ထောက်ခံပွဲ… 🇲🇲(အောင်ပွဲရ တပ်မတော်ကြီးအား         ထောက်ခံပါ၏)🇲🇲 အဲ့ဒေါဏီ”လို့ ရေးသားပြီး “Daw EiEi Mon” အမည်နဲ့ဖေ့စ်ဘွတ်အသုံးပြုသူက ဖေဖော်ဝါရီ ၁၃ ရက်မှာ မျှဝေထားပါတယ်။ မူရင်းလင်ခ့် – Fb link  |  Archive link  အချက်အလက်စိစစ်ချက် ဓာတ်ပုံကို Google မှာ မှာပုံရှာနည်းအသုံးပြုပြီးရှာဖွေရာမှာ ဓာတ်ပုံတွေဟာ  ဖေဖော်ဝါရီ ၁၁ ရက်ကတည်းက အင်တာနက်မှာ ပျံ့နှံ့ခဲ့ပြီးဖြစ်တဲ့ ဓာတ်ပုံဖြစ်ပါတယ်။  ဒီဓာတ်ပုံ ပျံ့နှံ့ခဲ့ပုံကို လေ့လာကြည့်ရာမှာ ပျံ့နှံ့ခဲ့တဲ့ […]

Continue Reading

Fact Check: ဒီဓာတ်ပုံတွေက စစ်အာဏာသိမ်းဆန္ဒပြနဲ့ သက်ဆိုင်ခြင်းမရှိပါ

ယခုရက်ပိုင်းအတွင်းမှာ စစ်အာဏာသိမ်းမှုကို ရန်ကုန်အပါအဝင် မြို့အများအပြားမှာဆန့်ကျင် ဆန္ဒပြလျက်ရှိ တာတွေ့ရပါတယ်။ ဒီလိုအခြေအနေမှာ နိုင်ငံတဝှမ်းက ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံမှုအဖြစ် ဓာတ်ပုံတွေကို လူမှုကွန်ယက်မှာမျှဝေလတာတွေ့ရပြီး နားလည်မှုလွဲစေနိုင်တာတွေ့ရပါတယ်။ တကယ်တော့ ဒီဓာတ်ပုံဟာ ၂၀၁၉ ခုနှစ် ဒီဇင်ဘာလအတွင်းမှာ ကျင်းပခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည် အပြည်ပြည်ဆိုင်ရာတရားရုံးသို့ မသွားခင် ထောက်ခံပွဲတုန်းကပုံတွေဖြစ်သလို မန္တလေးက သံဃာအပါး ၃၀၀၀၀ ဆွမ်းဆန်စိမ်းလောင်းလှူပွဲက ပုံတွေလည်းပါဝင်ပါတယ်။ “အပြည်ပြည်ဆိုင်ရာ တရားရုံးကလူကြီးမင်းများ သိပါစေ နိုင်ငံတကား လူအများသိပါစေ  #WeStandWithDawAungSanSuuKyi #Myanmar  #photocrd #crd”လို့ ရေးသားပြီး “Daw EiEi Mon” အမည်နဲ့ဖေ့စ်ဘွတ်အသုံးပြုသူ မျှဝေထားရာမှာ ပြန်လည်မျှဝေသူ ၂ သောင်းဝန်းရှိပါတယ်။ မူရင်းလင်ခ့် – Fb link  |  Archive link  အချက်အလက်စိစစ်ချက် ဓာတ်ပုံကို […]

Continue Reading

Fact Check: ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က လူထုကို တောင်းပန်တယ်ဆိုတာ မဟုတ်ပါ

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြည်သူတွေကို တောင်းပန်တယ်ဆိုပြီးတော့ ၄◌င်းရဲ့ ဓာတ်ပုံနဲ့ တကွ လူမှုကွန်ယက်မှာမျှဝေနေတာ တွေ့ရပါတယ်။ ဖေဖော်ဝါရီ ၂ ရက် ညနေ ၃ နာရီက ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြည်သူတွေကို စစ်အစိုးရကို ထောက်ခံတဲ့မဲတွေကို NLD က ခိုးယူသွားခဲ့တာကြောင့် ပြည်သူတွေ စိတ်သောကရောက်နေရတာနဲ့ အခုလိုတောင်းပန်ခဲ့တာဆိုပြီးတော့ ဓာတ်ပုံနှင့်တကွ ရေးသားထားတာတွေ့ရပါတယ်။ တကယ်တော့ ဒီဓာတ်ပုံဟာ အင်တာနက်မှာ ပျံ့နှံ့ခဲ့ပြီး ပုံကို ပြန်လည်ယူသုံးထားတာဖြစ်ပြီး အခုလို တောင်းပန်တယ် ဆိုတာဟာလည်း သတင်းတုဖြန့်ချိနေခြင်းဖြစ် တာတွေ့ရပါတယ်။  “ပြည်သူတွေ ထောင့်ခံတဲ့ စစ်အစိုးရ မဲတွေကို NLD အစိုးရအဖွဲ့မှ မဲခိုးမှုကြောင့်ဟု ထင်ပါတယ် ​ပြည်သူတွေ စိတ်သောက ရောက်ကြရတာနဲ့ပတ်သက်ပြီး ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်က တောင်းပန်စကားဆိုပါတယ် ထို့နောက် ပြည်သူဆန္ဒအရ အာဏာသိမ်းလိုက်ရတာဟာလဲ […]

Continue Reading