Fact Check: R2P အရ မြန်မာနိုင်ငံကို UN တပ်တွေစေလွှတ်ပြီဆိုတဲ့ သတင်းမှား

မြန်မာနိုင်ငံကို အကာအကွယ်ပေးရေးအစီအစဉ်(R2P)အရ ကုလသမဂ္ဂ(UN)က တပ်တွေစေလွှတ်လိုက်ပြီး သမ္မတဦးဝင်းမြင့်နဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွှတ်ဖို့နဲ့ စစ်ကောင်စီတပ်တွေ ရှေ့တန်းကနေ ပြန်ဆုတ်ဖို့ အမိန့်ထုတ်လိုက်ပြီ ဆိုတဲ့ ပို့စ်တစ်ခု ယူကျူ့ မှာဖြန့်ဝေထားတာ ပျံ့နှံ့မှုအားကောင်းလျှက်ရှိပါတယ်။ မီဒီယာအချို့မှာဖော်ပြခဲ့တဲ့ သတင်းတွေကို သတင်း ခေါင်းစဉ်တုတပ်ထားခြင်းဖြစ်တယ်။ အောက်ပါစရင်ရှော့ကတော့ D-Day Media အမည်နဲ့ ယူကျူ့ချန်နယ်က ဖြန့်ဝေထားတဲ့ ဗွီဒီယိုက ရယူ ထားခြင်းဖြစ်တယ်။  “၂၂ ရက် R2P စေလွှတ်ပြီ အမေစုနဲ့ သမ္မတကြီးကိုချက်ချင်းလွှတ်ပေးပြီး ရှေ့တန်းတပ်တွေ တပ်ပြန်ဆုတ်ဖို့ကုလအမိန့်ထုတ်ပြီ” စသည့်ဖြင့် ဗွီဒီယိုထဲမှာရေးသားထားပါတယ်။ မူရင်းလင်ခ့် – Youtube link | Archive link အချက်အလက်စိစစ်ချက် တကယ်တော့ ဒီလိုဖြန့်ဝေထားတဲ့ ယူကျူ့ဗွီဒီယိုထဲမှာပါတဲ့ သတင်းဟာ အမျိုးသားညီညွှတ်ရေးအစိုးရ(NUG)ရဲ့ သတင်းဌာနတစ်ခုဖြစ်တဲ့ “People’s Spring” […]

Continue Reading

Fact Check: သံအမတ်ကြီး ဦးကျော်မိုးထွန်း ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်း ကိုယ်စားလှယ် ရာထူးမှ ဖယ်ရှားခံရ သတင်းမှား

တရုတ်နဲ့ ရုရှားရဲ့ ဖိအားပေးမှုကြောင့် သံအမတ်ကြီး ဦးကျော်မိုးထွန်းကို ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်း ကိုယ်စားလှယ် ရာထူးကနေ ဖယ်ရှားခံရတယ်လို့ဆိုပြီး  ဗွီဒီယိုတစ်ခု ဖေ့စ်ဘွတ်အသုံးပြုသူတွေ အကြားဖြန့် ဝေနေတာ သတင်းအမှားဖြစ်ပါတယ်။  ဗွီဒီယိုဖိုင်အစမှာ “သံအမတ်ကြီး ဦးကျော်မိုးထွန်း ကုလသမဂ္ဂရာထူးကနေ ဖယ်ရှားခံရလို့”လို့ရေးသားပြီး  Youtube မှာ အောက်ပါအတိုင်းမျှဝေထားတာတွေ့ရပါတယ်။                                    မူရင်းလင်ခ့် – Youtube link |  Archive link   တူညီတဲ့ရေးသားမျှဝေမှုတွေကို ဒီနေရာ နဲ့ ဒီနေရာမှာ လည်းတွေ့ရပါတယ်။  အချက်အလက်စိစစ်ချက် ၉ မိနစ်ကျော်ရှိတဲ့ ဒီဗွီဒီယိုဖိုင်မှာ တရုတ်နဲ့ရုရှားက သံအမတ်ကြီး ဦးကျော်မိုးထွန်းကို ကုလမှာ မြန်မာ ကိုယ်စားပြုခွင့်ရတာ မမြင်တွေ့လို” ဆိုတဲ့ သတင်း၊ ပုဏ္ဏားကျွန်းကားလမ်း ပေါ်က AAစစ်ဆေးရေးဂိတ် ၃ ခုကို ပြန်လည် […]

Continue Reading

Fact Check: NUG, PDF တွေကို ကုလ လူ့အခွင့်အရေးမဟာမင်းကြီး ရှုတ်ချဆိုတဲ့ သတင်းမှား

NUG နဲ့ PDF တွေရဲ့အကြမ်းဖက်မှုတွေ အမြန်ဆုံး အဆုံးသတ်ဖို့လိုနေတယ် ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ ယာယီမဟာမင်းကြီး နာဒါ အယ်လ် နာရှစ်က ပြစ်တင်ပြောဆိုလိုက်တယ်ဆိုတဲ့ ပို့စ်တစ်ခုဖေ့စ်ဘွတ်အသုံးပြု သူတွေ အကြားပျံ့နှံ့လျက်ရှိပါတယ်။ သတင်းမှားတစ်ခုဖြစ်ပါတယ်။ အာဏာသိမ်းအပြီး စစ်တပ်ရဲ့ လူ့အခွင့် အရေးချိုးဖောက်မှုတွေကို လူ့အခွင့်အရေး ယာယီမဟာမင်းကြီး နာဒါ အယ်လ်နာရှစ်က တင်ပြသွား တာဖြစ်ပါတယ်။ အောက်ပါစာသားတွေကတော့ ပျံ့နှံ့ခဲ့တဲ့ဖေ့စ်ဘွတ်ပို့စ်ပါ စာသားတွေပဲဖြစ်ပါတယ်။ “ဆိုးဝါးတဲ့NUG,PDFအကြမ်းဖက်မှုတွေကြုံနေတဲ့ မြန်မာနိုင်ငံအခြေအနေ အဆုံးသတ်ဖို့ လိုနေပြီလို့ ကုလမဟာမင်းကြီးပြော ~~~ (ဝါရှင်တန်ဒီစီ) ■  မြန်မာနိုင်ငံမှာ ဆက်လက်ဖြစ်ပွားနေတဲ့ NUG,PDF တွေရဲ့အကြမ်းဖက်တိုက်ခိုက်မှုတွေနဲ့ ကမ္ဘာပျက်သလို ဆိုးရွားတဲ့ အခြေအနေတွေကို ရပ်တန့်ပြီး ငြိမ်းချမ်းရေး၊ ဒီမိုကရေစီနဲ့ ရေရှည်ဖြစ်ထွန်းတဲ့ တိုးတက်မှု အခြေအနေ တွေဆီကို ပြန်ရောက်အောင်လုပ်ဖို့ အရေးတကြီးလိုအပ်နေပါတယ်လို့ ကုလသမဂ္ဂ […]

Continue Reading

Fact Check: မြန်မာစစ်တပ်ကိုယ်စားလှယ်ကို ကုလသမဂ္ဂကခွင့်ပြုဆိုတဲ့သတင်းတု သတင်းမှား

မြန်မာစစ်တပ်က ကိုယ်စားလှယ်အဖြစ်စေလွှတ်ခဲ့တဲ့ ဦးမင်းသိန်းကို ကုလသမဂ္ဂက တရား၀င် အသိမှတ်ပြု လိုက်ပြီဆိုတဲ့ပို့စ်တစ်ခု စက်တင်ဘာ ၁၇ ရက်ကဖေ့စ်ဘွတ်အသုံးပြုသူတွေအကြားပျံ့နှံ့ခဲ့ပါတယ်။ သတင်းမှား ဖြစ်ပါတယ်။ လက်ရှိကျင်းပနေတဲ့ ၇၇ ကြိမ်မြောက်ကုလသမဂ္ဂအထွေထွေညီလာခံမှာ အမျိုးသားညီညွှတ်ရေး အစိုးရ(NUG)ကို ကိုယ်စားပြုတဲ့ ဦးကျော်မိုးထွန်းတက်ရောက်နေတာတွေ့ရပါတယ်။ “ကုလသမဂ္ဂက မြန်မာသံအမတ်ကြီး ဦးမင်းသိန်းကိုတရား၀င်အသိမှတ်ပြုလိုက်ပြီ”လို့ ရေးသားပြီး “သတင်းတမန် သတင်းတမန်” အမည်နဲ့ ဖေ့စ်ဘွတ်အသုံးပြုသူက အောက်ပါအတိုင်းမျှဝေထားတာတွေ့ရပါတယ်။  မူရင်းလင်ခ့် – FB link |  Archive link   တူညီတဲ့ရေးသားမျှဝေမှုတွေကို ဒီနေရာ၊ဒီနေရာ၊ဒီနေရာ၊ ဒီနေရာနဲ့ ဒီနေရာမှာ လည်းတွေ့ရပါတယ်။  အချက်အလက်စိစစ်ချက် ၇၇ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံကို ၂၀၂၂ ခုနှစ် စက်တင်ဘာ ၁၄ ရက်(နယူးယောက်စံတော်ချိန် စက်တင်ဘာ ၁၃ ရက် ညနေ ၃ […]

Continue Reading

Fact Check: မင်္ဂလာဒုံလေဆိပ်မှာဆင်းသက်ခဲ့တဲ့ UN တံဆိပ်ပါလေယာဉ်လား- မဟုတ်ပါ

မင်္ဂလာဒုံလေဆိပ်မှာဆင်းသက်ခဲ့တဲ့ UNအလံပါလေယာဉ်တစ်စီးအဖြစ် ဓာတ်ပုံပို့စ်ကို လူမှုကွန်ယက် အသုံးပြုသူ ရာဂဏန်းက ပြန်လည်မျှဝေလျက်ရှိပါတယ်။  သို့သော်လည်း ဒီဓာတ်ပုံဟာ တောင်ဆူဒန်နိုင်ငံက ဂျူဘာ(Juba)လေဆိပ်မှာရိုက်ကူးထားတဲ့ဓာတ်ပုံဖြစ်ပါတယ်။ “TMHlaing” အမည်နဲ့ဖေ့စ်ဘွတ်စာမျက်နှာက အောက်ပါအတိုင်းမျှဝေထားရာမှာ ဒီပို့စ်ကို ပြန်လည်မျှဝေမှု ၃၅၇ ကြိမ်ရှိပါတယ်။တူညီတဲ့ ရေးသားမျှဝေမှုကို ဒီနေရာနဲ့ ဒီနေရာမှာလည်း တွေ့ရပါတယ်။ မူရင်းလင်ခ့် – Fb link |  Archive link အချက်အလက်စိစစ်ချက် Tineye မှာ ပုံရှာနည်းအသုံးပြုပြီး ဓာတ်ပုံပျံ့နှံ့ခဲ့ပုံကို ပြန်လည်ရှာဖွေကြည့်ရာမှာ ဇူလိုင် ၂၁ ရက်မနက်ပိုင်းက ရန်ကုန် မင်္ဂလာဒုံလေဆိပ်ကို ဆင်းသက်လာတဲ့ UN လေယာဉ်အဖြစ်ဖော်ပြနေတဲ့ ပုံဟာ ၂၀၁၂ ခုနှစ်ကတည်းက အင်တာနက်မှာ ပျံ့နှံ့လျက်ရှိတာတွေ့ရပါတယ်။  ဒီဓာတ်ပုံတွေကို တောင်ဆူဒန်နိုင်ငံ ဂျူဘာမြို့အကြောင်းရေးသားထားတဲ့ဝီကီပီဒီယားက ဆောင်းပါးက ဆောင်းပါးတစ်ပုဒ်မှာ  အစောတွေ့ရှိရပြီး ဂျူဘာမြို့နဲ့အခြားသော […]

Continue Reading

Fact Check: ၂၀၁၁ ခုနှစ်က ကိုဆိုဗိုမှာ တွေ့ရတဲ့ UN အမှတ်တံဆိပ်ကားကို ရန်ကုန်မှာ ဆန္ဒပြသတင်းရယူနေတဲ့ကားအဖြစ်ဖော်ပြနေ

UN အဖွဲ့က မြေပြင်သတင်းယူနေတဲ့ဆိုပြီး ကားပုံ ဓာတ်ပုံ ၃ ပုံနဲ့အတူ မျှဝေထားရာမှာ ဖေ့စ်ဘွတ်အသုံးပြုသူ ထောင်ပေါင်းများစွာက ပြန်လည်မျှဝေထားပါတယ်။  သို့သော်လည်း အင်တာနက်မှာ ပျံ့နှံ့ပြီးဖြစ်တဲ့ ဓာတ်ပုံကို ပြုပြင်ဖန်တီးမျှဝေနေတာဖြစ်ပါတယ်။  လူမှုကွန်ယက် အသုံးပြုသူတွေကို နားလည်မှုလွဲစေနိုင်ပြီး  ပျံ့နှံ့မှုအားကောင်းခဲ့တဲ့ပို့စ်ကို အောက်ပါအတိုင်း တွေ့ရပါတယ်။ “UN အဖွဲ စမ်းချောင်းရောက်နေပါတယ် ပိုပြီးအင်အားပြကြပါ Crd Mg Mg Tin Nyunt ထူးထူးခြားခြား UN ရုံးကားများ  တမြို့လုံးပတ်ပြီး မှတ်တမ်း ယူနေပါပြီ  ဆက်တိုက်ဗျိူ့  အရေးတော်ပုံ  အောင်မြင်ရန်  လက်တကမ်း အလို  Fighting ဘရန်ဆိုင်း Thetdwe Aung  TZO ”လို့ ရေးသားထားတဲ့ပို့စ်ကို “Thi Ri”အမည်နဲ့ ဖေ့စ်ဘွတ်အသုံးပြုသူက မေ ၃ ရက်က […]

Continue Reading