Fact Check: သံအမတ်ကြီး ဦးကျော်မိုးထွန်း ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်း ကိုယ်စားလှယ် ရာထူးမှ ဖယ်ရှားခံရ သတင်းမှား

False နိုင်ငံရေး | Politics

တရုတ်နဲ့ ရုရှားရဲ့ ဖိအားပေးမှုကြောင့် သံအမတ်ကြီး ဦးကျော်မိုးထွန်းကို ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်း ကိုယ်စားလှယ် ရာထူးကနေ ဖယ်ရှားခံရတယ်လို့ဆိုပြီး  ဗွီဒီယိုတစ်ခု ဖေ့စ်ဘွတ်အသုံးပြုသူတွေ အကြားဖြန့် ဝေနေတာ သတင်းအမှားဖြစ်ပါတယ်။ 

ဗွီဒီယိုဖိုင်အစမှာ “သံအမတ်ကြီး ဦးကျော်မိုးထွန်း ကုလသမဂ္ဂရာထူးကနေ ဖယ်ရှားခံရလို့”လို့ရေးသားပြီး  Youtube မှာ အောက်ပါအတိုင်းမျှဝေထားတာတွေ့ရပါတယ်။                                   

မူရင်းလင်ခ့် – Youtube linkArchive link  

တူညီတဲ့ရေးသားမျှဝေမှုတွေကို ဒီနေရာ နဲ့ ဒီနေရာမှာ လည်းတွေ့ရပါတယ်။ 

အချက်အလက်စိစစ်ချက်

၉ မိနစ်ကျော်ရှိတဲ့ ဒီဗွီဒီယိုဖိုင်မှာ တရုတ်နဲ့ရုရှားက သံအမတ်ကြီး ဦးကျော်မိုးထွန်းကို ကုလမှာ မြန်မာ ကိုယ်စားပြုခွင့်ရတာ မမြင်တွေ့လို” ဆိုတဲ့ သတင်း၊ ပုဏ္ဏားကျွန်းကားလမ်း ပေါ်က AAစစ်ဆေးရေးဂိတ် ၃ ခုကို ပြန်လည် ရုပ်သိမ်းတယ်ဆိုတဲ့ သတင်း၊ ဒီပဲယင်းနဲ့ ရေဦးမြို့နယ်က ကျေးရွာ တွေဆက်တိုက်မီးရှို့ခံနေရ တယ်ဆိုတဲ့သတင်း စတဲ့ မီဒီယာတွေက ဖော်ပြပါရှိပြီးသား သတင်းများကို ပြန်လည် ဖတ်ကြားနေတာ ဖြစ်ပါတယ်။  ဦးကျော်မိုးထွန်းအကြောင်းဟာ အယ်ဂျားဇီးယားသတင်းဌာနက ဒီဇင်ဘာက ၅ ရက်မှာ မြန်မာကိုယ်စားလှယ်အရေးနဲ့ပတ်သက်ပြီး တရုတ်နဲ့ ရုရှားတို့ရဲ့ စိုးရိမ်မှုကြောင့် ဆုံးဖြတ်ချက် ကြန့်ကြာနေရတဲ့သတင်းကို ပြန်လည် ဖော်ပြနေခြင်းပဲ ဖြစ်ပါတယ်။ 

သို့သော်လည်း ဒီဇင်ဘာလ(၁၂) ရက်နေ့က ကျင်းပခဲ့တဲ့ ကုလသမဂ္ဂအစည်းအဝေးမှာ နိုင်ငံကိုယ်စားပြုမှု သတ်မှတ် Credential ကော်မတီအစည်းအဝေးကနေ သံအမတ်ကြီး ဦးကျော်မိုးထွန်းကို မြန်မာအမြဲတမ်း ကိုယ်စားလှယ်အဖြစ် တစ်နှစ် ဆက်လက် ထားရှိဖို့ ကုလသမဂ္ဂအရည်အချင်းစစ်ကော်မတီ(Credentials Committee) ဆုံးဖြတ်ခဲ့တယ်လို့ မီဒီယာတွေက ဖော်ပြခဲ့ပါတယ်။ 

ဗွီအိုအေ မြန်မာပိုင်း သတင်းဌာနက ရေးသားဖော်ပြခဲ့တဲ့ သံအမတ်ကြီး ဦးကျော်မိုးထွန်းနဲ့ ပတ်သက်တဲ့ သတင်းကို အောက်ပါလင့်ခ်မှာကြည့်ပါ။

မူရင်းလင်ခ့် –Burmese voa newsArchive link  

သုံးသပ်ချက်

အထက်ပါအချက်အလက်တွေအရ သံအမတ်ကြီး ဦးကျော်မိုးထွန်းကို ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်း ကိုယ်စားလှယ် ရာထူးက ဖယ်ရှားခံရတယ်ဆိုတာ မဟုတ်ပါဘူး။ သတင်းခေါင်းစဥ်တု ပြုလုပ်ပြီး လူအများစိတ်ဝင်စားမှုရရှိအောင် ‌တင်ပြထားတဲ့ ဗွီဒီယိုတစ်ခုသာဖြစ်ပါတယ်။

Avatar

Title:Fact Check: သံအမတ်ကြီး ဦးကျော်မိုးထွန်း ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်း ကိုယ်စားလှယ် ရာထူးမှ ဖယ်ရှားခံရ သတင်းမှား

Fact Check By: Zun Zee 

Result: False


Leave a Reply

Your email address will not be published. Required fields are marked *