Fact Check: မော်လ်တာက မီးရှူးမီးပန်းစက်ရုံပေါက်ကွဲမှုကို ကောင်းတပ်ရွာပေါက်ကွဲမှု အဖြစ် မျှဝေနေတဲ့ ဗွီဒီယိုသတင်းမှား
TNLA ထိန်းချုပ်ထားတဲ့ တရုတ်-မြန်မာနယ်စပ်မြို့ နမ့်ခမ်းမြို့နယ် ကောင်းတပ်ရွာမှာ ပြင်းထန်တဲ့ ပေါက်ကွဲမှုကြီးအတွင်း လူပေါင်းများစွာ သေဆုံးခဲ့ရမှုသတင်းဟာ လူမှုကွန်ရက်အသုံးပြုသူတွေအကြား ပြောဆိုမျှဝေမှုများပြားခဲ့ပြီး ဒီအထဲမှာ ပေါက်ကွဲမှုတခုကို မှတ်တမ်းတင်ထားတဲ့ ဗွီဒီယိုတခုလည်းပါဝင်တယ်။ ဒါပေမဲ့ အဲ့ဒီဗွီဒီယိုဟာ မော်လ်တာ(Malta)နိုင်ငံမှာ မီးရှူးမီးပန်းစက်ရုံပေါက်ကွဲမှုဖြစ်စဉ်က ဖြစ်တာတွေ့ရတယ်။ ဖေ့စ်ဘွတ်မှာ ပျံ့နှံ့ခဲ့တဲ့ ကောင်းတပ်ရွာ ပေါက်ကွဲမှုဆိုတဲ့ ဗွီဒီယိုစခရင်ရှော့နဲ့ စာသားကောက်နုတ်ချက်ကို အောက်မှာကြည့်ပါ။ မူလမျှဝေမှုကို ဒီနေရာမှာတွေ့ရတယ်။ “”31/5/2026. နမ့်ခမ်း ကောင်းတပ်ရွာ ပေါက်ကွဲမှု” နမ်းခမ်းTNLA.လက်ပစ်ဗုံးထုတ်လုပ်ရာဝါရာရှော့ဖြစ်ပီးပေါက်ကွဲ.တရုတ်ပညာရှင်(25)ဦးနဲ့(170)ဦးသေဆုံး” Original link | Archive link အချက်အလက်စိစစ်ချက် အဲဒီပိုစ့်မှာ ၇ စက္ကန့်ကြာတဲ့ အကြီးစားပေါက်ကွဲမှု ဗွီဒီယိုတစ်ခုပါဝင်ပြီး ပြင်းထန်တဲ့ ပေါက်ကွဲမှုတွေ အကြိမ်ကြိမ် ဖြစ်ပေါ်ခဲ့တာတွေ့ရတယ်။ ဒီဗွီဒီယိုပါ မြင်ကွင်းတွေကို ပုံရှာနည်းအသုံးပြုရှာဖွေကြည့်ရာမှာ ၂၀၂၆ ခုနှစ် ဇွန် […]
Continue Reading
