Fact Check: ကြွက်နားရွက်မှို၊ တရုတ်ဇီးဖြူသီး၊ ဂျင်း က နှလုံးသွေးကြောကျဉ်းရောဂါ ပျောက်ကင်းစေသလား- အထောက်အထားမရှိပါ
ကြွက်နားရွက်မှို၊ တရုတ်ဇီးဖြူသီး၊ ဂျင်း ကို ကျိုချက်သောက်ခြင်းဖြင့် နှလုံးသွေးကြောကျဉ်းရောဂါကို ၇ ရက် အတွင်းပျောက်ကင်းစေတယ်လို့ ဆိုထားတဲ့ ပို့စ်တခု ဖေ့စ်ဘွတ်မှာ ပျံ့နှံ့မှု ပြန်လည် အားကောင်းနေတယ်။ နားလည်မှုလွဲစေနိုင်တဲ့ သတင်းမှား တခုဖြစ်တယ်။ ပျံ့နှံ့မှုအားကောင်းနေတဲ့ ဖေ့စ်ဘွတ်ပို့စ်တခုက ရယူထားတဲ့ စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကို အောက်မှာကြည့်ပါ။ နှလုံးသွေးကြောကျဉ်းရောဂါနဲ့ ခွဲစိပ်ခါနီး လူနာဟာ ကြွက်နားရွက်မှို၊ တရုတ်ဇီးဖြူသီး၊ ဂျင်း ကို ဆားအနည်းငယ်ရောပြီး ရေ ၆ ခွက်ထည့် ၂ ခွက်ကျန်အောင် ကျိုချက်သောက်လိုက်ရုံဖြင့် ရောဂါ အရှင်းပျောက်ကင်းသွားတယ်လို့ ဆိုပြီး ဒီဆေးနည်းကို မူလမျှဝေသူ ဒါမှမဟုတ် လက်တွေ့ ပျောက်ကင်းသွား သူဟာ “Ko Sai”လို့လည်း ဆိုထားပါတယ် ။ တူညီတဲ့ ရေးသားမျှဝေမှုတွေကို ဒီနေရာမှာလည်း တွေ့ရတယ်။ […]
Continue Reading
