Fact Check: ဒေါ်အောင်ဆန်းစုကြည်သေဆုံးကြောင်း စစ်တပ်ထုတ်ပြန်ဆိုတဲ့ သတင်းတုသတင်းမှား
ဒေါ်အောင်ဆန်းစုကြည်သေဆုံးကြောင်း စစ်တပ်ထုတ်ပြန်ဆိုတဲ့ သတင်းမှား ပို့စ်တစ်ခုဖေ့စ်ဘွတ် အသုံးပြုသူတွေ အကြားပျံ့နှံ့မှုအားကောင်းခဲ့ပါတယ်။ မိုးကောင်းမှာ ဗိုလ်ကြီးတစ်ယောက် PDF ရဲ့ ပစ်ခတ်ခံရပြီး သေဆုံးမှုသတင်း ကို လုပ်ကြံရေးသားထားတဲ့ သတင်းခေါင်းစဉ်နဲ့ ဖြန့်ချိနေခြင်းဖြစ်ပါတယ်။ “အမေစုနာရေးသတင်းစစ်တပ်ထုတ်ပြန်။သေချာလားစုံစမ်းနေဆဲပါ”လို့ ရေးသားပြီး “Was was” အမည်နဲ့ ဖေ့စ်ဘွတ်စာမျက်နှာကအောက်ပါအတိုင်းမျှဝေခဲ့တာတွေ့ရပါတယ်။ ဗွီဒီယိုအစမှာပြသတဲ့ ရုပ်ကတ်မှာလည်း “ဒေါ်စုသေပြီဟု စစ်တပ်ဘက်ကထုတ်ပြန် တကယ်လားစုံစမ်းနေဆဲပါ”လို့ ရေးသားထားပါတယ်။ ဒီပို့စ်ကို ပြန်လည်မျှဝေမှုပေါင်း ၁၈၀ ဝန်းကျင်ရှိပါတယ်။ မူရင်းလင်ခ့် – FB link | Archive link တူညီတဲ့ရေးသားမျှဝေမှုတွေကို ဒီနေရာမှာ လည်းတွေ့ရပါတယ်။ အချက်အလက်စိစစ်ချက် ဗွီဒီယိုကိုဖြန့်ချိရာမှာ ဒေါ်အောင်ဆန်းစုကြည်သေဆုံးကြောင်း စစ်တပ်ထုတ်ပြန်လို့ ရေးသားထားပေမဲ့ ဒီလိုမျိုးသတင်းကို ယုံကြည်ရလောက်တဲ့ သတင်းအရင်းအမြစ်တွေက ဖော်ပြချက်မတွေ့ရသလို စစ်တပ်ထိန်းချူပ်ထားတဲ့ မီဒီယာတွေမှာလည်းဖော်ပြချက်မတွေ့ရပါဘူး။ ထို့အပြင် ဗွီဒီယိုကိုလေ့လာရာမှာ […]
Continue Reading