Fact Check: စစ်တပ်ခန့်သမ္မတဦးမြင့်ဆွေ ရာထူးမှနုတ်ထွက်ဆိုတဲ့သတင်းခေါင်းစဉ်တု

စစ်တပ်ခန့် သမ္မတ ဦးမြင့်ဆွေ ရာထူးကနုတ်ထွက်သွားတယ်ဆိုတဲ့ ပို့စ်တစ်ခု ဖေ့စ်ဘွတ်အသုံးပြုသူတွေ အကြား ပျံ့နှံ့လျှက်ရှိရာ နားလည်မှုလွဲစေနိုင်တဲ့ သတင်းမှားတစ်ခုဖြစ်တာတွေ့ရပါတယ်။ “၁ရက်နေ့ထခုန်လို့ရပြီ။ စကစသမ္မတမြင့်ဆွေနှုတ်ထွက်။၂၈နာရီအတွင်းအားလုံးပြောင်းလဲတော့မယ်”လို့ ရေးသားပြီး “Jolene Mcdonald” အမည်နဲ့ ဖေ့စ်ဘွတ်စာမျက်နှာက ဗွီဒီယိုတစ်ခုကို အောက်ပါအတိုင်းမျှ ဝေထားရာမှာ ဒီပို့စ်ကို မျှဝေမှုပေါင်း ၁၁၀၀ ကျော်၊ ကြည့်ရှု့မှုပေါင်း ၅ သိန်း ၇ သောင်းကျော်ရှိပါတယ်။ မူရင်းလင်ခ့် – FB link |  Archive link   တူညီတဲ့ရေးသားမျှဝေမှုတွေကို ဒီနေရာနဲ့ ဒီနေရာမှာ လည်းတွေ့ရပါတယ်။  အချက်အလက်စိစစ်ချက် လူမှုကွန်ယက်အသုံးပြုသူတွေရဲ့ စိတ်ဝင်စားမှုရအောင် လှည့်စားထားတဲ့ သတင်းခေါင်းစဉ်အတုနဲ့ ဗွီဒီယို သာဖြစ်ပါတယ်။ ၁၂ မိနစ်ဝန်းကျင်ရှည်လျားတဲ့ ဒီဗွီဒီယိုပါအကြောင်းအရာဟာ တကယ်တော့ ဧရာဝတီသတင်းဌာနက ၂၀၂၂ ခုနှစ် ဒီဇင်ဘာ […]

Continue Reading

Fact Check: NUG နဲ့ စကစ အာဏာလွှဲပြောင်းသဘောတူစာချုပ်လက်မှတ်ထိုးတဲ့ သတင်းမှား

NUG နဲ့ စကစ အာဏာလွှဲစာချုပ်လက်မှတ်ထိုးလိုက်ပြီလို့ MRTVကနေကြေညာတယ်ဆိုတဲ့ ပို့စ်တစ်ခု ဖေ့စ်ဘွတ်အသုံးပြုသူတွေအကြားပျံ့နှံ့လျက်ရှိပါတယ်။ သတင်းတုဖြစ်ပါတယ်။ အောက်ပါ ဖေ့စ်ဘွတ်စာမျက်နှာတစ်ခုက ဒီလိုဖြန့်ဝေထားတဲ့ ဗွီဒီယိုပုံစံပို့စ်ရဲ မြင်ကွင်း screenshot ဖြစ်ပါတယ်။ “အာဏာလွှဲစာချုပ်MRTVကနေကြေငြာပြီ။အချိန်၃မိနစ်ပေးနားထောင်ကြည့်”လို့ရေးထားသားပြီး ဗွီဒီယိုထဲမှာလည်း “NUG နဲ့ နစက သဘောတူလက်မှတ်ထိုးပြီ ၂၅ ရက် MRTV သတင်းမှာကြေငြာပြီ အာဏာလွှဲစာချုပ် ဝမ်းသာလိုက်တာ”စသည်ဖြင့်ရေးသားရာ ဒီဗွီဒီယိုပို့စ်ကို ဖေ့စ်ဘွတ်အသုံးပြုသူတွေ ရာဂဏန်းကမျှဝေခဲ့ကြပြီး ကြည့်ရှူ့မှုပေါင်း ၅၀၀၀၀ ကျော်ရှိပါတယ်။ ဒီပို့စ်ဟာဖေ့စ်ဘွတ်အသုံးပြုသူတွေအကြာ ထင်ယောင်ထင်မှားဖြစ်စေတာတွေ့ရပါတယ်။ မူရင်းလင်ခ့် – FB link |  Archive link   တူညီတဲ့ရေးသားမျှဝေမှုတွေကို ဒီနေရာမှာ လည်းတွေ့ရပါတယ်။  အချက်အလက်စိစစ်ချက် စစ်တပ်က အာဏာပြန်လွှဲပြီ၊ စစ်တပ်နဲ့ NUG သဘောတူညီမှုရပြီ စတဲ့အကြောင်းအရာတွေဟာ မကြာခဏ ဖြန့်ဝေနေတဲ့ သတင်းမှားတစ်ခုဖြစ်ပါတယ်။ […]

Continue Reading

Fact Check: စစ်တပ်ခန့် လူကယ်/ပြန်ဝန်ကြီးဌာနက Gluco Pro ကိုထောက်ခံချက် ပေးထားတယ်ဆိုတဲ့ သတင်းတုသတင်းမှား

ဆီးချိုရောဂါကို ကုသနိုင်တယ်လို့ကြော်ငြာရောင်းချနေတဲ့ Gluco Pro ဆိုတဲ့ အမှတ်တံဆိပ်ထုတ်ကုန်ဟာ အတုအယောင်ပြောဆိုဖန်တီးချက်တွေနဲ့ မြန်မာဘာသာအသုံးပြုသူတွေအကြားကြော်ငြာရောင်းချနေတာ Fact Crescendo Myanmar အနေနဲ့ သတိပြုမိပါတယ်။ မကြာခဏ အတုအယောင်ရေးဖြန့်မှုတွေနဲ့ကြော်ငြာလေ့ရှိတဲ့ Gluco Pro ဟာ အခုတစ်ခေါက်မှာတော့ စစ်တပ်ခန့် လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ဓာတ်ပုံတစ်ပုံနှင့်အတူဖေ့စ်ဘွတ်အသုံးပြုသူတွေအကြားဖြန့်ဝေခဲ့တာတွေ့ရပါတယ်။ “13.12.2022 နိုဝင်ဘာ ၂၃၊ ၂၀၂၂ တွင် ဆီးချိုရောဂါကာကွယ်ရန်အတွက် သတ်မှတ်ထားသောခွဲတမ်းကို အတည်ပြုရန် ဆုံးဖြတ်ချက်ချခဲ့သည်။”လို့ ရေးသားပြီး “ဤဆုံးဖြတ်ချက်ကို စတင်ခဲ့သူမှာ endocrine ဂလင်းများနှင့် ဟော်မုန်းများ ချို့ယွင်းချက်များကို ရောဂါရှာဖွေ ကုသရန် အရည်အချင်းပြည့်မီသော ဆေးပညာရှင် အကြီးအကဲ Aisha Umarov ဖြစ်သည်။”လို့လည်းရေးသားထားပါတယ်။  ဆေးပညာရှင်ရဲ့ ဓာတ်ပုံနဲ့အတူ သူ့မအမြင်အရတော့ အာဏာပိုင်တွေက ကျွန်မတို့နိုင်ငံရဲ့ လူဦးရေအများစု အတွက် ထိရောက်တဲ့ဆေးဝါးတွေ […]

Continue Reading

Fact Check: ရေစကြိုနဲ့မြိုင်အစပ် စိုင်သေနဲ့ သံပြာချောင်းရွာအား စစ်တပ်ကမီးရှို့မှုကို PDF ကမီးရှို့မှုအဖြစ်ဖြန့်ဝေ

အောက်တိုဘာ ၂၉ ရက်က PDF တွေက ရေစကြိုမြို့နယ်၊ စိုင်သေရွာနဲ့သံပြာချောင်းရွာတို့အား ဝင်ရောက် ဖျက်ဆီး မီရှို့နေပြီး စိုင်သေကျေးရွာမှာ အိမ်ခြေသုံးပုံနှစ်ပုံခန့်မီးလောင်ကျွမ်းခံထားရတာ နစကအထက် လူကြီးများ သိစေရန်ဆိုတဲ့ပို့စ်တစ်ခု ဖေ့စ်ဘွတ်အသုံးပြုသူတွေအကြားဖြန့်ဝေလျက်ရှိပါတယ်။ နားလည်မှု လွဲစေနိုင်တဲ့ သတင်းမှားတစ်ခု ဖြစ်ပါတယ်။ စစ်တပ်က စစ်ကြောင်းထိုးပြီး မီးရှို့မှုအဖြစ် လွတ်လပ်တဲ့ မီဒီယာအများအပြားကဖော်ပြပါတယ်။ အောက်ပါပို့စ်ကတော့ ဒီလိုဖော်ပြပါရှိတဲ့ ပို့စ်တစ်ခုက စာသားတွေပဲ။ “နစက အထက်လူကြီးမင်းများသိစေရန် =============================== မကွေးတိုင်း၊ ရေစကြိုနယ်နှင့် မြိုင်နယ်အစပ်ရှိ  စိုင်သေရွာနှင့် သံပြာချောင်းကျေးရွာများအား  pdf များမှ ဝင်ရောက်ဖျက်ဆီးမီးရှို့နေ၍  ပြည်သူအများအပြား ထွက်ပြေးတိမ်းရှောင်နေရကြောင်း  ဒေသခံများမှ ​ သတင်းပေးပို့လာပါတယ် ယနေ့  (အောက်တိုဘာ ၂၉ ရက်) နံနက် ၄ နာရီခန့်က စတင်ကာ pdf များသည် […]

Continue Reading

Fact Check: ကျောင်းသူ မငြိမ်းငြိမ်းစံ စစ်ကောင်စီလက်နက်ကြီးထိမှန် သေဆုံးမှုကို AA မှ ပစ်ခတ်မှုအဖြစ်သတင်းမှားဖြန့် 

ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ်၊ ပိန်းတောကျေးရွာအတွင်း ရက္ခိုင့်တပ်တော်(AA)က လက်နက်ကြီးတွေနဲ့ အကြောင်းမဲ့ ရမ်းသမ်းပစ်ခတ်မှုကြောင့် ၁၄ နှစ်အရွယ် ကျောင်းသူ မငြိမ်းငြိမ်းစံ ပွဲချင်းပြီးသေဆုံးဆိုပြီး ပို့စ်တစ်ခု ဖေ့စ်ဘွတ် အသုံးပြုသူတွေအကြား ပျံ့နှံ့ခဲ့ပါတယ်။ အောက်တိုဘာ ၁၉ ရက်နေ့က ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ်ကို  လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခံရပြီး ၁၄ နှစ်အရွယ် ကျောင်းသူ မငြိမ်းငြိမ်းစံ စစ်တပ်ဘက်က လက်နက်ကြီးတွေနဲ့ ရမ်းသမ်းပစ်ခတ်တာကြောင့် ပွဲချင်းပြီးသေဆုံးဆိုတဲ့ သတင်းမီဒီယာဖော်ပြချက်တွေ့ရပေမဲ့  ရက္ခိုင့်တပ်တော် AA ကရမ်းသမ်း ပစ်ခတ်မှုကြောင့်လို့ ‌ရေးသားထားတဲ့ သတင်းကိုတော့ မတွေ့ရှိပါဘူး။  “ယနေ့နေ့လည် ၁၁ နာရီခန့်တွင် ရသေ့တောင်မြို့နယ် ပြိန်းတောကျေးရွာကို AA အကြမ်းဖက်အဖွဲ့မှ လက်နက်ကြီးများဖြင့် အကြောင်းမဲ့ရမ်းသမ်းပစ်ခတ်ခဲ့မှုကြောင့် ကျေးရွာအတွင်းမှနေထိုင်သည့်  ၁၄ နှစ်အရွယ် ကျောင်းသူ မငြိမ်းငြိမ်းစံ ပွဲချင်းပြီးသေဆုံးသွားခဲ့ကြောင်းဒေသခံများထံမှ သိရသည်။”လို့ […]

Continue Reading

Fact Check: စစ်ကောင်စီတိုက်လေယာဉ် NUG ပစ်ချဆိုတဲ့သတင်းမှား

NUG ကလေယာဉ်ပစ်လို့ရတဲ့ လက်နက်အချို့ပိုင်ဆိုင်နေပြီလို့ကြေညာခဲ့ပြီးနောက်မှာ စစ်ကောင်စီရဲ့ တိုက်လေယာဉ်တွေ ပစ်ချခံရတယ်ဆိုတဲ့ သတင်းတုသတင်းမှားပို့စ်တွေ ဖေ့စ်ဘွတ်အသုံးပြုသူတွေ အကြားပျံ့နှံ့ခဲ့ပါတယ်။ “မအလစောက်ကြွေးတောထူပြီ ရွာသားတွေကိုအားရလိုက်တာဗျ ၊စျေးအကြီးဆုံးအသန်မာဆုံးတိုက်လေယာဥ်တဲ့ဟေ့”လို့ ရေးသားပြီး “HT News” အမည်နဲ့ ဖေ့စ်ဘွတ် စာမျက်နှာကဗွီဒီယိုတစ်ခုကိုအောက်ပါအတိုင်းမျှဝေထားတာတွေ့ရပါတယ်။  မူရင်းလင်ခ့် – FB link |  Archive link   ထို့အပြင် “၈စီးပစ်ချလိုက်ပြီ။NUGကြေငြာတာ၂ရက်မပြည့်သေး။ရေစကြိုမြို့အပိုင်သိမ်း။လေယဥ်၈စီးပလုံ ရုပ်/သံ”စသည်ဖြင့်ရေးသားပြီး ဗွီဒီယိုတစ်ခုကို ဖေ့စ်ဘွတ်စာမျက်နှာတစ်ခုကအောက်ပါအတိုင်းဖြန့်ဝေထားပါ တယ်။ ဒီနေရာမှာကြည့်ပါ။ အချက်အလက်စိစစ်ချက် အဓိကကျတဲ့စကားလုံးအချို့အသုံးပြုရှာဖွေရာမှာ သတင်းလုပ်ငန်းအဓိကလုပ်ကိုင်နေတဲ့ သတင်းဌာနတွေမှာ ဒီလိုမျိုး NUG လက်အောက်ခံ PDF တပ်တွေက ရဟတ် သို့မဟုတ် လေယာဉ်ကို ပစ်ချလိုက်တယ်ဆိုတဲ့ အထောက်အထားမျိုးမတွေ့ရပါဘူး။  ဗွီဒီယိုပါအကြောင်းအရာဟာလည်း လေယာဉ် သို့မဟုတ် ရဟတ်ယာဉ်ပစ်ချမှုနဲ့သက်ဆိုင်တဲ့အကြောင်း အရာမဟုတ်ပါဘူး။   ပထမဗွီဒီယို ဖေ့စ်ဘွတ်မှာ ဖြန့်ဝေခဲ့တဲ့ အတွေးအမြင်live […]

Continue Reading